နှစ်ချို့ ကော်ဖီရဲ့ ကောက်ကြောင်း
အတိက်အရိပ်တွေ ဆွေးရိဟောင်းနွမ်းသွားတယ်
မလိုအပ်သော နှစ်ကာလတွေ ကြာညောင်းခဲ့တယ်
ခေတ်ကြီးကို အမှီလိုက်ရင်း ချစ်သူကြိုက် စကားလုံးတွေလည်း ပျင်းရိ
ငြိုးစိတ် မုန်းမာန် ဒေါသ မတရားတာတွေလည်း စိတ်မဆိုးတော့
လစ်ဟင်းနေတဲ့ ဘဝချစ်ခြင်းမေတ္တာက အတိုင်းတာမဲ့ ကြာလွန်းတယ်...။
ဒါနဲ့ စိတ်ညစ်ညစ် ထွေရာလေးပါးကို
စဉ်းစားရင်း တရာထိုင်ဖို့ လုပ်ငန်းစဉ်ကို လေ့လာမိတော့
အသားတခြား အသွေးတခြား ဘုရားစဉ်ရှေ့
တင်ပလ္လင်ခွေထိုင်တော့ တရားထိုင်ခြင်းက
ကိုယ်ပိုင်စိတ်ဓာတ်ထဲ ဥာဏ်စဉ်ကမမှီခဲ့တာ... အခုထိပေါ့..။
တံတိုင်းခတ်ထားတဲ့ အရပ်လေးမျက်နှာ
သံသရာ နာရီလက်တံကြားမှာ
လည်ပတ်ရင်း အော်မြည်းသံက ကျယ်လွန်းလို့..
ငယ်ငယ်က ကျောင်းဆင်းသလို မဟုတ်တော့
နာရီလက်တံ စက်သံကြားတာ ကြာမြင့်လာတိုင်း
အိုဟောင်းနွမ်းသော ဇရာမှတ်တိုင်ကို ဆိုက်ရောက်လို့
ပျော်ရွှင်မှုတွေ တဖြေးဖြေးဝေးခဲ့တယ်.....။
နေ့စဉ် တာဝန်တွေနဲ့ အလုပ် လုပ်လိုက်
ထမင်းစားလိုက် အိပ်တန်းဝင်လိုက်
မလှတဲ့အလှကို အရောင်းကုန်တင်ရင်း
မှတ်တမ်းတင်နေ့ရက်တွေ ပါတီတခုအတွင်း
နာရီလက်တံ စက်သံတွေက ရွေ့လျားလို့
ဘဝစက္ကန့်တွေ ကုန်ဆုံး ကြာညောင်းခဲ့တယ် အခုထိပေါ့...။
မနေ့က ဖုန်တက်နေတဲ့ စာအုပ်စဉ်ကို ကြည့်မိခိုက်
အတွေးတစိတ်နဲ့ ခံတွင်းအချဉ်ဖောက်လို့
ကော်ဖီခွက်ကို လက်ကိုက်ရင်း မော့သောက်လိုက်မိတဲ့
အရသာဟာ နာရီလက်တံကြား စက်သံများနဲ့
တုန်လှုပ်ခြောက်ခြားခဲ့...... အဲဒီနေ့က
အိုမင်ရင်းရော်နေတဲ့ ခန္ဓာအိမ်ကို ငေးကြည့်ခဲ့တာ
ဘဝရဲ့စက္ကန့်မခြား ပြောင်းလဲမှုတွေနဲ့
အဆုံးအစမရှိတဲ့ ရည်မှန်းချက်တွေကြောင့်လေ...။
ဒါပေမဲ့.....
အရင်တုန်းကလည်းဘဝက လွတ်လပ်မှုတွေ မရှိခဲ့
တွေးကြည့်ပြန်တော့ ကြာညောင်းခဲ့တဲ့ စက္ကန့်တွေကို
ကမ္ဘာ့သမိုင်းပေါ် အမည်မဲ့ သရုပ်ဖော် ရေးဆွဲရင်း
ဂရင်းနှစ် စံချိန်တင် မှတ်တမ်းတစ်ခုအနေနဲ့
မှတ်ကြောက်တင်ခဲ့တာ သံသရာတခွင်
စိတ်ရိုင်းဝင်လို့ ဘဝတခု ကြာလွန်းခဲ့ပြီ...။
အမှောင်နဲ့ အလင်း မနက်နဲ့ ည နှစ်ခုကြားမှာ
မမှိတ်မိသေးတဲ့ မျက်လုံးအစုံဟာ
မျက်ရည်စက်တွေနဲ့ အိပ်မက်တွေ မက်ကြရင်း
နှစ်ချို့သွားတဲ့ ကော်ဖီတစ်ခွက်ကို
မော့သောက်လိုက်တာ ဘဝတစ်ခုရဲ့
နိယာမအသစ်တခုကို လက်ခံအသုံးချ
နယူတန်တောင် လက်မှိုင်ကျ အရှုံးပေးလို့
ဘဝတစ်ခု အချိန်ဖြုန်း ကုန်ဆုံးမှုတွေ သိခဲ့တယ်... အခုညပေါ့...။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment