Tuesday, August 28, 2012

သုတေသနလွင်ပြင် ဘဝရင်ခွင်



သုတေသနလွင်ပြင် ဘဝရင်ခွင်


ခေါင်းထဲမှာ မိုက်ခနဲ ဖြစ်သွားတယ်...
ရင်ထဲမှာ စူးနစ်သွားတယ်..
အရိုန်ကောင်းလွန်းတဲ့ ဘဝရထားကြီး
ခုတ်မောင်းနေပါလျက်..
လောကဓံ ရိုက်ခတ်လို့
အံချော်သွားတဲ့ ဗိသုက အိမ်မှာ
ကျားကန်တဲ့ ဒေါင့်ဆိုတာ မရှိခဲ့ရင်...
လေထုတွေရဲ့ အောက်မှာ
ယိုင်လဲ ပျက်စီး ပြိုလဲသွားမယ်လေ...။

ပျက်အစဉ် ပြင်ခဏဆိုပေမဲ့
ဘဝဆိုတဲ့ နေအ်မ်ထဲ
ကိုယ်တိုင် သိထားတဲ့ အလွှာတွေကို
ကံ ဥာဏ် ဝီရိယတွေနဲ့ အသုံးချလို့
မိုက်နေတဲ့ အမှောင်ကို အလင်းပြဖို့ လိုမယ်လေ..။

အကောင်း အဆိုး လောကဓံတွင်း
ဘဝရထားကြီး ခုတ်မောင်းနေပါလျက်
ချွေးသိမ့်နေတဲ့ မနေ့က အတိတ်ရယ်..
ပစ္စုပ္ပန် စိုးရိမ်မှု သောကတွေရယ်...
အနာဂတ် မိုးစက်တွေရယ်...
လက်မတင် ကျနေတဲ့ နှင်းစက်တွေကို
အားဆေးတစ်ခွက်အနေနဲ့ နားလည်မှုပေးခဲ့သလဲ..။

လေထဲမှာ အိမ်ဆောက်တာတော့ မဟုတ်ဘူး..
လောကဓံ အရပ်ရှစ်မျက်နှာထဲ
ရှာဖွေမှု သုတေသနတွေနဲ့
နှစ်တွေ သက္ကရာဇ်တွေ နစ်မြှုပ်ရင်း
ကြိုးစားခဲ့တဲ့ ဘဝတကွေ့မှာ
အရင်းနှီးတွေ ပေးဆပ်လိုက်ရတယ်..
ပြန်ရလိုက်တဲ့ ရလာဒ်က...
နားလည်မှုရဲ့ အခြားမဲ့မှာပေါ့...။

နောင်ရိုးတိုက်ပွဲလို ဖောင်ဖျက် တိုက်ပွဲဝင်ရင်း..
ဘဝ ရေစီးကြမ်းတွေကို ဆန်တက်လို့...
လှိုင်းကြမ်းတွေကို ပစ်ခွင်း
မုန်တိုင်းတွေကို ကျော်ဖြတ်
လောကဓံ မာလိန်မှူးကို အငှားခေါ်ရင်း
မမောပန်းတဲ့ စိတ်ဓာတ်နဲ့ ခရီးဆက်လျက်ပေါ့....။

ကံဆိုတာ အလုပ်သမား
ဥာဏ်ဆိုတာ အသိတရား
ဝီရိယဆိုတာ ခွန်အား
စည်းလုံးခြင်းသည် အင်အား
လာပါ... မျိုးသစ်ဆက် သူငယ်ချင်းတို့
ဘဝ သုတေသနထဲ သွားကြစို့...။


ဘဝ သုတေသန...
ဘဝ သုတေသနဆိုတာ...
နှစ်တွေ ကြာမြင့်တဲ့ ခရီးရှည်တစ်ခု..
ရှုံးချင်လည်း ရှုံးလိမ့်မယ်...
နိုင်ချင်လည်း နိုင်လိမ့်မယ်..
မျိုးဆက်သစ် ညီနောင် သူငယ်ချင်းတို့
ညီညွတ်သော စိတ်ဓာတ်နဲ့ တူမကွာ လက်တွဲရင်း
အနိုင် အရှုံး မခွဲခြားသော အနာဂတ်ကို
ခရီးဆက်လို့ အောင်မြင်မှု ပန်းတိုင်ကို သွားကြစို့...။

တက္ကသိုလ်မြတ်မင်း

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...