Saturday, June 2, 2012

ပညာရဲရင့် ပွဲလယ်တင့် အပိုင်း (၁)


ပညာရဲရင့် ပွဲလယ်တင့် အပိုင်း (၁)

၀၂-၀၆-၂၀၁၂

ပညာရဲရင့် ပွဲလယ်တင့် ဆိုနိုင်သလို တဖက်ကလည်း သီတဂူ ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူသော သြဝါဒအဆုံးအမနဲ့ ပြည့်စုံလှပါ တယ်။ ဘာကြောင့်လည်းဆိုတော့ ဆရာတော်ကြီးက သြဝါဒအဆုံးအမတွေကို ကိုယ်တိုင်ကြားနာဖူးသလို အများကလည်း သိနေမည် ဖြစ်ပါတယ်။ အဲဒါက ဘာလည်းဆိုရင် "လူစွမ်းကောင်းတို့သည် အချိန်နဲ့ အလုပ်ကို သူတို့၏ အကောင်းဆုံး အခွင့်ရေးတစ်ခု အနေနဲ့ ရယူလိုက်သည်။ ထိုသူတို့၏ အလုပ်အကိုင် အခွင့်ထူးများသည် အခြေခံ ဥပမာ မြေကြီးမှစ၍ အမြင့်ဆုံး အောင်မြင်မှု သရဖူဆောင်းနိုင်သည့်အထိဖြစ်သည်" လို့ ဒီလို မိန့်ကြားတော်မူခဲ့ပါတယ်။ ဒီလို ဥပမာပေးလိုက်ခြင်းသည် မြန်မာပြည်ရှိတဲ့ လူစွမ်းကောင်း အားလုံးကို ဆိုလိုက်သလို ကမ္ဘာပေါ်မှာ ရှိကြတဲ့ လူစွမ်းကောင်းအားလုံးလည်း မိန့်ဆိုခဲ့ခြင်းဖြစ်သည်။ ယနေ့ မြန်မာပြည်မှာရှိကြတဲ့ လူစွမ်းကောင်းနဲ့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ လူစွမ်းကောင်းတွေ အားလုံးကို ဒီစာသားလေးနဲ့ ဂုဏ်ပြုချင်ပါတယ်။ ထို့အပြင် မြန်မာပြည်မှာ ပညာရှင်အားပေးသည့် ခေတ် သို့မဟုတ် ပညာရှင်ခေါင်းဆောင်တွေရှိတဲ့ခေတ် ရောက်ရှိ လာပြီလို့ ယူဆမိပါတယ်။


ဘာကြောင့်လည်းဆိုတော့ ယနေ့ ထိုင်းနိုင်ငံက တာဝန်ယူ ကျင်းပတဲ့ WEF (World Economic Forun 2012) conference မှာ ကြီးကျယ်ခန်းနားသော ကမ္ဘာ့ရဲ့ icon တစ်နည်းပြောရရင် World Icon of Myanmar's Eye of Daw Aung San Suu Kyi ( Eye of World Icon who is Daw Aung San Suu Kyi) တက်ရောက်ခဲ့လို့ပါ။ ထို့အပြင် အခုလို အစည်းဝေးမျိုးကို တက်ရောက်လာခဲ့သည် အမေစု အနေနဲ့လည်း မြန်မာပြည်သူ ပြည်သားတွေနဲ့ ထပ်တူ နှစ်သက်ဝမ်းမြောက်မိမှာ အမှန်ပင်ဖြစ်သည်။ ဒါပေမဲ့ သူမ ၂၄ နှစ်တာ ကာလအတွင်း ပထမဦး အကြိမ် ထိုင်းနိုင်ငံ လေဆိပ်ကို ရောက်ရှိတော့ အံသြသွားသလို ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်က မီးရောင်တွေက သူမကို ဖမ်းစားသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ သူမရဲ့ အမိမြေ မြန်မာပြည်ကို သူမကိုယ်တိုင် စိတ်မကောင်းစွာဖြင့် ပြန်လည် သတိရမိတယ်။ ဘာကြောင့်လည်း မကြာမှီက Candle Light Demonstration ပြုလုပ်ကြသည့် ပြည်သူတွေကို အလင်းရောင်ပေးချင်သည့် ဆန္ဒကြောင့် ဖြစ်သည်။ ထို့နောက် သူမ ဘန်ကောက်လေဆိပ်မှတဆင့် အစည်းဝေးပွဲတက်ရောက်သူတို့ စီစဉ်ပေးသော နေရာသို့ ရောက်ရှိခဲ့ပါတယ်။ အဲဒီကိုရောက်ရှိတော့ သူမ လုပ်ကိုင်စရာရှိတာ ဆက်လက်လုပ်ကိုင်ပြီ သူမ အနားယူလိုက်ပါတယ်။

နောက်တနေ့ သူမ မြန်မာပြည်သူ အလုပ်သမားတွေနဲ့ တွေ့ဆုံဖို့ရန် မဟာချိုင်မြို့သို့ ရောက်ခဲ့ပါတယ်။ အဲဒီကိုရောက်တော့ မြန်မာ အလုပ်သမားတွေကို အားပေးစကားပြောကြားခဲသလို မြန်မာပြည်သူ ပြည်သားတွေအတွက် အကောင်းဆုံးလက်ဆောင် စကားတွေ ပြောကြားခဲ့ပါတယ်။ ထို့အပြင် သူများနိုင်ငံနေရတဲ့အခိုက်အတန့် စည်းကမ်းရှိဖို့နှင့် နိုင်ငံခြားနေခြင်းအကြောင်းကို
လည်း အသေးစိတ်ပြောကြားခဲ့ပါတယ်။ တိုင်းပြည်နဲ့လူမျိုးကို ချစ်ကြတဲ့ မြန်မာပြည်သား အလုပ်သမားတွေကလည်း အမေစုရဲ့ အားပေးစကားကို ကြားရလို့ အလုပ်သမားအားလုံးတို့ နှလုံးသားထဲက "အမေဟာ ကျနော်တို့ အားလုံးအပေါ် ဘယ်လူမျိုး ဘယ်အသားရောင် မခွဲခြားပဲ တသားတည်း တိုင်းပြည်နဲ့ လူမျိုးကို တကယ်ချစ်တဲ့ သူပါလားလို့" ဖွင့်ဟ မပြောသော်ငြားလည်း သူတို့မျက်ဝန်းအိမ်တွေမှာ ဖော်ပြနေပါတယ်။  သူမ အမိမြေသူ အမိမြေသားတွေကို အားပေးစကားနဲ့ နှစ်သိမ့်စကား များစွာ ပြောကြားပြီနောက် သူမ နှုတ်ဆက်၍ ပြန်လည် ထွက်ခွာခဲ့ပါတယ်။ သို့သော် သူမ ပြည်သူတွေအတွက် ကားပေါ်မှာ တစ်လမ်းလုံး စဉ်းစားခဲ့ပါတယ်။မကြာမှီ သူမ လုပ်စရာတွေ လုပ်ကိုင်ပြီတော့ သူမ နေသည် အခန်းဆီသို့ ပြန်ရောက်လာခဲ့ပါတယ်။

နောက်တနေ့ WEF (World Economic Forun Press Conference) ကျင်းပသည့် အစည်းဝေးကို တက်ရောက်ခဲ့ပါတယ်။ ဒီလို တက်ရောက်ခဲ့တာသည်လည်း မြန်မာနိုင်ငံအတွက် တကယ့် အရေးပါ အရာရောက်သလို တချို့က မြန်မာနိုင်ငံလို့ ပြောလိုက်ရင် ဘယ်နားမှာလဲစသည် မေးကြတဲ့ မသိသေးတဲ့ သူတွေအတွက် မြန်မာ့ရဲ့ ကမ္ဘာ့ အိုင်ကွန်ဖြစ်တဲ့ အမေစုကပဲ သိအောင်လုပ်ခဲ့ပါပြီ။ ပြီးတော့ ဒီအစည်းဝေးမှာ ကမ္ဘာအရပ်ရပ် ပညာရေး၊ လူမှုရေးဆိုင်ရာ ပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေ၊ ဗဟိုရ် နိုင်ငံရေး ပညာရှင်တွေ၊ ဥပဒေပညာရှင်တွေ၊ လယ်ယာစိုက်ပျိုးရေး ပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ၊ ကမ္ဘာ့ အမျိုးသမီး ပညာရှင်တွေ၊ အုပ်ချုပ်ရေး ပညာရှင်တွေ၊ စီမံခန့်ခွဲရေး ပညာရှင်တွေ၊ စီးပွားစီမံ ပညာရှင်တွေ၊ ကမ္ဘာအရပ်ရပ်က တိုင်းပြည်ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးချုပ်ဟောင်း အာဖရိကနိုင်ငံသား ကိုဖီအာနန်ကိုယ်တိုင် တက်ရောက်ခဲ့သလို ကမ္ဘာ့ကုလသမဂ္ဂ လက်ရှိအတွင်းမှူးချုပ် ဘင်ကီမွန်း ကိုယ်တိုင်တက်ရောက်ခဲ့ကြပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက ဝန်ကြီးချုပ်တွေ၊ သမ္မတတွေ၊ ပညာရှင်တွေ၊ စီးပွားရေး ပညာရှင်တွေ၊ နိုင်ငံရေး ပညာရှင်တွေ၊ စိုက်ပျိုးရေး ပညာရှင်တွေ စသည့် ပညာရှင်တွေ တက်ခဲ့ကြတဲ့ WEF (World Economic Forun 2012 Press Conference) ကြီးမှာ မြန်မာပြည်မှ (World Icon or Eye of World Extraordinary person) ဖြစ်တဲ့ အမိမြေရဲ့ ခေါင်းဆောင်ဒေါ်စုလည်း တက်ရောက်လာခဲ့ပါတယ်။ ဒါတွေဟာ မြန်မာပြည်အတွက် မြန်မာ့ ဂုဏ်ဆောင် ဖြစ်သလို ပညာရဲရင့် ပွဲလယ်တင့်ဖြစ်တဲ့ သူရဲကောင်းဖြစ်လို့ပါပဲ။

တက္ကသိုလ်မြတ်မင်း

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...