Monday, June 18, 2012

ငြိမ်းချမ်းရေး မိခင် မွေးနေ့ရှင်



သမိုင်းကြောင်းပေါ်မှာ သူဟာ
ပေးဆပ်မှုတွေ သိပ်များလွန်းလို့
နာကြည်းမယ်ဆိုလည်း နာကြည်းသင့်ပါရဲ့
ဒါပေမဲ့... သူဟာ နာကြည်းမှုတွေကို
မေတ္တာနဲ့ လမ်းခင်း လျှောက်လှမ်းခဲ့တယ်...။

သူဟာ သူ့ ပြည်အတွက်
အရာအားလုံး စွန့်လွတ်ခဲ့တယ်..။

သူဟာ သူချစ်တဲ့ ပြည်သူတွေအတွက်
ဘဝတစ်ခုလုံး ပေးဆပ်ခဲ့တယ်...။

သူဟာ အများအတွက် ဦးစားပေးလို့
အမှောင်ကျနေတဲ့ ကမ္ဘာတစ်ခြမ်းကို
တခဏတာ မှေးစက်နေသော်လည်း
သူ့အသိ သူ့မျက်ဝန်းအိမ်မှာ
ကရုဏာ မေတ္တာတွေနဲ့
ငြိမ်းချမ်းရေး ဖော်ဆောင်နေသူပါ..။


သူဟာ သူ့အတ္တကို ပယ်ရှားလို့
သူ့ ပြည်သူတွေအတွက်
ငြိမ်းချမ်းရေးလမ်းစဉ်ကို
စတင်ရေးဆွဲခဲ့သူပါ...။

သူဟာ သူ့ ချစ်တဲ့ ပြည်သူတွေအတွက်ဆို
မိသားစု မာန်မာန အတ္တတွေ ခဝါချလို့
ငြိမ်းချမ်းရေးလမ်းစဉ်ပေါ်ကို ခေါ်ဆောင်ပေးတဲ့ သူပေါ့..။

သူဟာ သူ့ ပြည်သူတွေအတွက်
အနာဂတ်မျက်လုံး ပိုင်ရှင်ပေါ့..။

သူဟာ ပြည်သူအားလုံးတို့ရဲ့
တစ်ဦးတည်းသော မိခင်ပေါ့..။

သူ့အသက် ၆၇ နှစ်ရောက်ပြီ...
သူ့အတွက်... ပြည်သူ့မေတ္တာနဲ့
မွေးနေ့ဆုတောင်းလေးတွေ
ကိုယ်စီ ဆုတောင်းပေးလို့
တိုင်းပြည်ရဲ့ အနာဂတ်ငြိမ်းချမ်းရေးကို
အားလုံး တာဝန်သိစိတ်နဲ့ ဖော်ဆောင်ကြစို့...။

တက္ကသိုလ်မြတ်မင်း

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...