Saturday, June 30, 2012

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥရောပငါးနိုင်ငံခရီးမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လေဆိပ်အထွက်မှစ၍ ပြည်လမ်းတစ်လျောက် ပြည်သူများနှင့် ထောက်ခံသူများက NLD အလံများ ကိုင်ဆောင်ကြိုဆို


AddThis Social Bookmark Button
ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာသော ယာဉ်တန်းအား ကြိုဆိုထောက်ခံသူများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်
ဥရောပခရီးစဉ်အဖြစ် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ဇွန်လ ၁၃ ရက်နေ့မှ စတင်သွားရောက်ခဲ့သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ထိုင်းလေကြောင်းလိုင်း TG 303 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော လေယာဉ် TG 303  သည် နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မည် ဟု ကြေညာခဲ့သော်လည်း လေယာဉ် delay  အချိန်ရွှေ့ဆိုင်းလိုက်၍ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်၌သာ ဆိုက်ရောက်လာခဲ့သည်။ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နံနက် ၆ နာရီ အချိန်ဝန်းကျင်ကတည်းကပင် လေဆိပ်အတွင်း၊ အပြင်တွင် ကြိုဆိုရန် စောင့်ဆိုင်းသူများ ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စတင်တွေ့ရှိရချိန်မှစ၍ လာရောက်ကြိုဆိုသော ပြည်သူ များအပြင် လေဆိပ်အတွင်းရှိသူများပါ လက်ခုပ်တီး၍ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြ သည်ကို တွေ့ရသည်။

ထို့အပြင် လေဆိပ်အထွက်မှစ၍ ပြည်လမ်းတစ်လျှောက် ပြည်သူများနှင့် ထောက်ခံသူများက NLD အလံများ ကိုင်ဆောင်၍ ကြိုဆိုခဲ့ကြသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
''ကိုယ်ကျိုးအတွက် မဟုတ်ဘဲ နိုင်ငံအတွက် ဝေဖန်သံတွေ၊ ကန့်ကွက်သံတွေကြားက  ဥရောပခရီးကို သွားခဲ့တာလို့ ယုံကြည်မိပါတယ်။  အဲဒီနိုင်ငံတွေမှာလည်း သူ့အကျိုးစီးပွားအတွက် ဘာမှမလုပ်ခဲ့ဘူး။ ဈေးကွက်သဘောအရပြောရင် မြန်မာနိုင်ငံအတွက် သူ ပရိုမိုးရှင်းဆင်းတာပဲ။ သူ့ကြောင့် ကမ္ဘာမှာ မြန်မာဆိုတာ ၀င့်ကြွားနိုင်ခဲ့ရပါပြီ။ ဒါကြောင့် မနက် ၇ နာရီလောက်ကတည်းက လာစောင့်ကြိုဆိုတာပါ''ဟု မြောက်ဒဂုံမြို့နယ်မှ အသက် ၂၅ နှစ်အရွယ် ကိုကျော်ဝင်းက ပြောပါသည်။ ထို့အတူ အသက် ၁၆ နှစ်အရွယ် မဖြူသီက ''အခုလိုလာကြိုတဲ့ သူတွေအများကြီးတွေ့ရတာ ပျော်ပါတယ်။ သမီးတို့က အမေစုကိုချစ်လို့ လာကြိုတာပါ''ဟု ပြောပါသည်။

''အမေစုကို အရင်ကတည်းက တကယ်ကို သဘောကျခဲ့တာပါ။ စိတ်ရင်းစိတ်ထားက ပြည်သူလူထုအတွက် အရမ်းကို ကောင်းအောင် လုပ်ပေးလိုတဲ့စိတ် ရှိတယ်။ အခုလာ ကြိုတာ။ အမေတစ်ယောက်ကို လာကြိုရသလိုပဲ ခံစားရတယ်။ တကယ်ကို ၀မ်းသာနေပါတယ်''ဟု မင်္ဂလာဒုံ မြို့နယ်တွင်နေထိုင်သူ ချင်းတိုင်းရင်းသူ ဒေါ်လွန်းက ပြောပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင်လည်း စောင့်ဆိုင်းကြိုဆိုသူများနှင့် လေဆိပ်မှ လိုက်ပါလာသောသူများကို ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ဥရောပငါးနိုင်ငံ ခရီးစဉ်အတွင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)  ညီလာခံတွင် မိန့်ခွန်းပြောကြားခြင်း၊ နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ငြိမ်းချမ်းရေးနိုဗယ်လ်ဆု ရရှိခြင်းအတွက် နိုဗယ်လ်မိန့်ခွန်းပြောကြားခြင်း၊ အိုင်ယာလန်နိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) မှ ချီးမြှင့်သော Ambassador of Conscience ကို လက်ခံယူခြင်း၊ ဇွန်လ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဗြိတိန်တွင် နေထိုင်ခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ အိမ်ရှေ့မင်းသား ချားလ်တို့နှင့် သီးခြားစီတွေ့ဆုံခြင်း၊ နှစ်ပေါင်း ၃၀၀ ကျော် သက်တမ်းရှိ ဗြိတိသျှပါလီမန်မှ Westminster ခန်းမတွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ငါးဦးမြောက် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ် မိန့်ခွန်းပြောကြားခြင်း၊ တိဗက်ခေါင်းဆောင် ဒလိုင်းလားမားနှင့် လန်ဒန်မြို့တွင် တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့သည်။ 
ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာသော ယာဉ်တန်းအား ကြိုဆိုထောက်ခံသူများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အရှေ့ဘက်တွင် ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်
ထို့အတူ ဇွန်လ ၂၀ ရက်နေ့တွင် အောက်စဖိုဒ်တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့သည်။

ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပြင်သစ်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်ခဲ့ပြီး ပြင်သစ်နိုင်ငံ၌ ပြင်သစ် သမ္မတ ဖရန်ဆွာအော်လွန်ဒ်၊ နိုင်ငံခြားရေးဝန်ကြီး LaurentFabius၊ ပါရီမြို့တော်ဝန် Bertrand Delanoe၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပြင်သစ်နိုင်ငံမှ ဇွန်လ ၂၉ ရက်နေ့မှ ထွက်ခွာလာခဲ့ရာ ဇွန်လ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။

http://www.weeklyeleven.com/index.php?option=com_content&view=article&id=14331:---------nld--&catid=42:2009-11-10-07-36-59&Itemid=112

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...