Wednesday, November 2, 2011

ချစ်ခြင်းသံသာရသစ်ငုတ်တို(၈)



မနေ့က ငါကိုယ်တိုင်ဖတ်လိုက်ရတဲ့
သတင်းစာစောင် စာမျက်နှာပြင်မှာ
မျက်နှာပြောင်တိုက်တဲ့ စာတစ်ပုဒ်ဟာ
ဒီနေ့တော့ ကြီးကျယ်ခမ်းနားတဲ့ ဟိုတယ်ကြီးမှာ
အပေါင်းအသင်း ရံရွှေတော်တွေနဲ့ စုရုံးလို့
ရွှေတောင်ပေါက်လာတဲ့ သူ့မျက်နှာအသွင်က
ဂုဏ်ခြင်းထပ် အမြတ်အထင်နဲ့
မာနရှင် ယာယီချစ်သူဟာ မင်္ဂလာပွဲကျင်းပခဲ့တယ်..

အဲဒီနေ့က ငါကိုယ်တိုင်ဖိတ်စာကိုင်လို့
အရံသတိုးသားအဖြစ်နဲ့ ဓနရှင် မာနရှင်ရဲ့ မင်္ဂလာအခမ်းနားကို
တက်ရောက်ခဲ့တာ မေတ္တာတရားရဲ့ အတိမ်အနက်
သစ္စာတရားရဲ့ အမှန်တရားတွေနဲ့ ကရုဏာမြစ်ဖျားမှာ
ချစ်ခြင်းဟာ နှစ်ဦးသား သဘောထားအပြည့်နဲ့
နားလည်ခွင့်လွတ်ခြင်း လွတ်လပ်သောနယ်ပယ်ဆိုတာ
မာနရှင် ဂုဏ်ကြီးရှင် ချစ်သူ သိစေဖို့ပါ….

လမ်းခွဲခဲ့တဲ့ အဲဒီနေ့ည ငါ့ဝန်းကျင်မှာ
မူးယစ်ကမ္ဘာတုန်အောင် အော်ဟစ်သောက်စားရင်း
နှလုံးသားတေလေ တကောင်လို လေလွင့်ခဲ့သလို
ပေါက်ကွဲသံစဉ်တွေက စကြာဝဠာကိုရိုက်ခတ်လို့
စိတ်ပေါက်ရာကို ပြေးထွက် ခရီးတွေထွက်ခဲ့တဲ့
အရူးတယောက်ပမာ ဟားတိုက်ရယ်မောရင်း
လမ်းဆုံးသွားတဲ့ ချစ်သူရဲ့အိမ်ရှေ့မှာ
ငါ့ခရီးစိတ်ထွက်ပေါက်ကို ရပ်တန့် အသိဝင်လာခိုက်
နာရီလက်တန်က ငါ့လက်ပေါ်မှာတစ္ဆေခြောက်သလို
လှုပ်ရှားနေချိန် လေသာပြတင်းပေါက်က
မာနသခင် ဂုဏ်ကြီးရှင် ပျော်ပွဲတွေကို
ငါကိုယ်တိုင်မြင်ခဲ့ပေမဲ့ ငါ့ချစ်ခြင်းက အပြစ်ကင်းပါတယ်လေ..ဆက်ဖတ်ရန်

နောက်တနေ့ အနာဂါတ်ဟာ ငါအတွက်တော့
အထီးကျန်ပြယုဂ်တစ်ခုလို သရုပ်ဖော်ရင်း
ငါရှေ့မှောက်က မာနရှင်အရိပ်ကို
ငါကိုယ်တိုင် ရိပ်ကနဲ့မြင်မိလို့ လှည့်ကြည့်ခိုက်
နွမ်းလျာနေတဲ့ မာနရှင်မျက်နှာလေးကို တွေ့လိုက်မိတယ်
ဒါပေမဲ့…
 ငါ့ကိုယ်တိုင် ငါ့သိက္ခာတွေ စောင့်စည်းရင်း အဖြေရှာခတ်တဲ့
မေးခွန်းပုစ္ဆာတစ်ခု ငါကိုယ်တိုင် သူ့ကိုမေးမိခဲ့တယ်
ငါ့မေးခွန်းတွေ အိုဟောင်းနွမ်းတဲ့ ခေတ်အိုကို
ရောင်ပြန်ဟက်လို့ ချစ်သက်ချွေအတိက်တစ်ခုကို
သတိပေးအမိန့်ဖြစ်ခဲ့တော့ နောင်တတွေနဲ့
ရင်ဖိတုန်ခါ ငိုရှိုက်ရင်း တောင်းပန်ဖူးခဲ့တယ်လေ..။

မင်းတောင်းပန်းလို့ ငါကိုယ်တိုင် ငါမာနကို ခဝါချ
ပယ်မရတဲ့ ငါချစ်ခြင်းမေတ္တာကို သံသာရသစ်ငုတ်တိုပမာ
စကားတင် ဆန်းအလင်္ကာတွေ ပတ်ပျိုးသီကုံးရင်း
အတွေးရိပ်က အိမ်အပြန်လမ်းခရီးလို
ကြမ်းတမ်း ခက်ထန် ဆူးခရောင်းတွေနဲ့
ကာရံထားလည်း ချစ်ခြင်းဟာ သံသာရသစ်ငုတ်တိုလို
ရှင်သန်ရာ ဘဝတဖန်ပြောင်းလွဲခြင်းပေါ့….။


တက္ကသိုလ်မြတ်မင်း

1 comment:

  1. နှလုံးသားတေလေ တဲ့ ။
    အဟိ...
    တကယ်ကောင်းတဲ့စာသားလေးပဲ ။
    ပတ်ဝန်းကျင်ကောင်းဖော်ကျူး
    ကြည်နူးမှုစိမ့်ထွက်
    ရင်ဘက်ပက်လက်ဝါကျတွေလားမသိဘူး။
    ကြိုက်တယ်..။

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...