Friday, November 25, 2011

အတ္တမဲ့ ကွက်လပ်ဖြည့် (၄၅)


တစ်ပါးသူကို အထင်ကြီး စိတ်ကြီးဝင်
မာနတွေ ရင်မှာခိုအောင်းလို့
အထင်သေးခံလိုက်ရတဲ့ ဝန်ဆောင်မှုတစ်ခု
တန်ဘိုးအားဖြင့် တိုင်းတာကြည့်ခြင်းက
အရာရောက်လာမည် မဟုတ်သလို
ပျက်စီးသွားခြင်းလည်းမဟုတ်ကြ......
သူ့တန်ဘိုးတွေ အထင်သေးခြင်းမှ တစ်ဆင့်
အရောင်တက်လို့ ဘဝအဆင့်မြင့်တဲ့
နေရာတစ်ခု ရောက်ခဲ့တာ
ကိုယ်တိုင် ကြိုးစားမှုရဲ့ ရလာဒ်တစ်ခုပါ...။

ကိုယ်ကပဲ ကောင်းတယ် သူက မကောင်းဘူးဆိုတဲ့
အမြင်တယ်လီစကုတ်ထဲ အဝန်းအားဖြင့်
သေးသိမ်လွန်းတော့ ကိုယ်အတ္တကို
ဘုရားထင် ဘဝင်တွင်လေဟက်
သေကျေပျက်စီးရတဲ့ ဝံပုလွေတစ်ကောင်ရဲ့
မိုက်ဇာတ်တွေကို သခင်ကိုယ်တော်မှိုင်း
ကိုယ်တိုင်ပြောခဲ့ဖူးတော့ နမူနာနည်းနာတွေယူ
တိုက်ခိုက်မူတွေ ရပ်ဆိုင်ပြီ
ရှေ့ဆက်ကြမဲ့ လမ်းကြောင်းတွေကို
အိုဝေအသံပေးလို့ ကကြိုးတွေနဲ့ အလှဆင်
အများတွေပင် ချစ်ကြည်ရေး အားထုတ်လို့ပေး...။

ငါအတ္တ သူ့အတ္တတွေ ဘေးဖယ်ချလို့
ဘဝင်တွင် လေမဟက်ခင်
ဒေါသ မာနကို ခဝါချ
ကိုယ့်ပြည် ကိုယ့်ဒေသ တိုးတက်ဖို့ အရေး
ကြံဆောင်ကာ နေရာပေးလို့
ကြိုးစားကြစို့....လက်တွဲမဖြုတ်နဲ့လေ...။



ဟန်မဆောင် သရုပ်တွေနဲ့
အလုပ်တွေကို မာန်ပါပါ လုပ်ကိုင်ရင်း
အတ္တဆန် ကိုယ့်အရေး ဘေးဖယ်လို့
သူတို့ အရေး ကြိုးစားကာ တိုးတက်ရေးကို
ဟန်ချက်ညီညီ ပေးဆောင်လို့
အောင်မြင်မှုဆီ လက်တွဲလျှောက်စို့လေ...။

 
တက္ကသိုလ်မြတ်မင်း

4 comments:

  1. ဟန်မဆောင် သရုပ်တွေနဲ့
    အလုပ်တွေကို မာန်ပါပါ လုပ်ကိုင်ရင်း
    အတ္တဆန် ကိုယ့်အရေး ဘေးဖယ်လို့
    သူတို့ အရေး ကြိုးစားကာ တိုးတက်ရေးကို
    ဟန်ချက်ညီညီ ပေးဆောင်လို့
    အောင်မြင်မှုဆီ လက်တွဲလျှောက်စို့လေ...။
    ကောင်းလိုက်တာ

    ReplyDelete
  2. လွင်ပြင်ရေ.... ကျွန်တော်လည်း ဆက်လက်ကြိုးစားနေဆဲပါ... အခုလို အားပေးသည့်အတွက်ကိုလည်း ကျွန်တော် အရမ်းကျေးဇူးတင်မိပါတယ်... ပြီးတော့ ကျွန်တော်တို့ သူငယ်ချင်း အထိမ်းမှတ်ပြုတယ်ဆိုရင် ကျေနပ်ဝမ်းသာ လျက်ပါ...ခင်ဗျား

    ReplyDelete
  3. ကဗျာတစ်ပုဒ်လုံး အရမ်းကောင်းတယ်အကိုမြတ်မင်းရေ
    ငါအတ္တ သူ့အတ္တတွေ ဘေးဖယ်ချလို့
    ဘဝင်တွင် လေမဟက်ခင်
    ဒေါသ မာနကို ခဝါချ
    ကိုယ့်ပြည် ကိုယ့်ဒေသ တိုးတက်ဖို့ အရေး
    ကြံဆောင်ကာ နေရာပေးလို့
    ကြိုးစားကြစို့....လက်တွဲမဖြုတ်နဲ့လေ-----တဲ့
    အဲဒီစကားလုံးတွေကိုလဲကြိုက်တယ်
    ခင်ခင်မင်မင် jasmine

    ReplyDelete
  4. မစပယ်ရေ.... ကျွန်တော်တို့ ခင်ခင်မင်မင် ပြောဆိုရတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်... ကျွန်တော်ကလည်း မစပယ်လောက်တော့ လက်စွမ်းမထက်သေးဘူးလေ... ဘယ်လိုဖြစ်ဖြစ် ကျွန်တော်ကို အားပေးသည့်အတွက် အထူးကျေးဇူးတင်ပါတယ်...ခင်မင်ခြင်းဖြင့် တက္ကသိုလ်မြတ်မင်း...

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...