ကျေးဇူးတရားတွေ စုံလုံးကန်းလို့
ငယ်အတိက် အရိပ်တွေကိုမေ့ပျောက်
နှစ်ဖြာမိဘကို ခြေစုံကန်ပြီး
ဖခင်ရဲ့ခြေဖဝါးတော်ကို အစိတ်စိတ်ခွဲခြမ်းလို့
ဆားခတ်ခဲ့တဲ့ အရူးတကောင်ရဲ့မိုက်ဇာတ်နဲ့
အဇာတသတ်ရဲ့ အာဏာရူးစိတ်တွေက
နှစ်ပေါင်းများစွာ တိုင်ပြည်ကိုအုပ်ချုပ်ခဲ့
မေတ္တာဆူးတွေ တန်ပြန်ရိုက်ခတ်တဲ့
ဖခင်ရဲ့နေရာသစ်ကို ရရှိပြီးမို့
မိခင်အိုကို ဖခင်အချစ်တွေမေးကြည်ပြန်တော့
အတိက်အိုက မင်းဖခင်ချစ်ပုံကို
အမေအို မျက်ရည်စို့လို့ အလေးနက်ပြောပြခဲ့တယ်
အကြောင်းရင်းမှန် သိခဲ့တဲ့ ဒီနေ့ရက်မှာတော့
အဖေအို နေညိုစောင်းသွားခဲ့ပြီး
မေတ္တာအရိပ်တွေလည်း အကိုင်းကျိုးခဲ့ပြီး
အဖေမီးအိမ်လေးလည်း ကွယ်ပျောက်ခဲ့ပြီး
အတိက်ရဲ့မိုက်ဇာတ်တွေလည်း ရာဇပလ္လင်မှာ
အနန္တရိယကံထိုက်လို့ ဖြေမပြေတမ်းတခြင်းတွေက
အမှားနောင်တ ကံမင်းတရားမြှောက်ပင့်ခဲ့တာ
စိတ္တဇတစ္ဆေခြောက်သလို အိပ်ယာပျောက်ခဲ့ပြီး..။
အခုတော့...
လောကဇာတ်ခုံပေါ်မှာ ဆရာတင်မှားလို့
ဒေဝဒတ်ကိုဆရာတင် ဖခင်ကိုပင် ထောင်သွင်း
လူသတ်ပြင်ထုတ် အမိုက်ဇာတ်ထုတ်ကောင်က
အာဏာရူးလို့ မိုက်ဇာတ်ခင်းခဲ့တဲ့
မင်းမိုက်ရဲ့ဇာတာချက်ကွက်က အခွင်းထူးလို့
ဒေဝဒတ်လက်အောက်မှာ လွတ်မြောက်ခဲ့တဲ့
အဇာတသတ်ရဲ့ အလင်းရောင်ပျောက်သော
စိတ္တဇနေ့အောက်မှာ ဇီဝကသမားတော်ရဲ့
အားပေးစကားတွေနဲ့ မြတ်ဘုရားကို
ဖူးမြော်ဖို့ရောက်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့်ည
အခါတော် မဟာသမယနေ့ရက်မှာ
ကြောက်စိတ်အဖြာဖြာနဲ့ ကိုယ်ရံတော်တပ်အဖြာဖြာ
ဝိုင်းဖွဲ့ကာရံရင်း အမြင်မှန်အသိစိတ်ဓာတ်တွေက
နောင်တမျက်ရည်ဝိုင်းလို့ တန်ဆောင်တိုင်နေ့ရက်ဖြစ်ခဲ့တယ်လေ..။
ငယ်အတိက် အရိပ်တွေကိုမေ့ပျောက်
နှစ်ဖြာမိဘကို ခြေစုံကန်ပြီး
ဖခင်ရဲ့ခြေဖဝါးတော်ကို အစိတ်စိတ်ခွဲခြမ်းလို့
ဆားခတ်ခဲ့တဲ့ အရူးတကောင်ရဲ့မိုက်ဇာတ်နဲ့
အဇာတသတ်ရဲ့ အာဏာရူးစိတ်တွေက
နှစ်ပေါင်းများစွာ တိုင်ပြည်ကိုအုပ်ချုပ်ခဲ့
မေတ္တာဆူးတွေ တန်ပြန်ရိုက်ခတ်တဲ့
ဖခင်ရဲ့နေရာသစ်ကို ရရှိပြီးမို့
မိခင်အိုကို ဖခင်အချစ်တွေမေးကြည်ပြန်တော့
အတိက်အိုက မင်းဖခင်ချစ်ပုံကို
အမေအို မျက်ရည်စို့လို့ အလေးနက်ပြောပြခဲ့တယ်
အကြောင်းရင်းမှန် သိခဲ့တဲ့ ဒီနေ့ရက်မှာတော့
အဖေအို နေညိုစောင်းသွားခဲ့ပြီး
မေတ္တာအရိပ်တွေလည်း အကိုင်းကျိုးခဲ့ပြီး
အဖေမီးအိမ်လေးလည်း ကွယ်ပျောက်ခဲ့ပြီး
အတိက်ရဲ့မိုက်ဇာတ်တွေလည်း ရာဇပလ္လင်မှာ
အနန္တရိယကံထိုက်လို့ ဖြေမပြေတမ်းတခြင်းတွေက
အမှားနောင်တ ကံမင်းတရားမြှောက်ပင့်ခဲ့တာ
စိတ္တဇတစ္ဆေခြောက်သလို အိပ်ယာပျောက်ခဲ့ပြီး..။
အခုတော့...
လောကဇာတ်ခုံပေါ်မှာ ဆရာတင်မှားလို့
ဒေဝဒတ်ကိုဆရာတင် ဖခင်ကိုပင် ထောင်သွင်း
လူသတ်ပြင်ထုတ် အမိုက်ဇာတ်ထုတ်ကောင်က
အာဏာရူးလို့ မိုက်ဇာတ်ခင်းခဲ့တဲ့
မင်းမိုက်ရဲ့ဇာတာချက်ကွက်က အခွင်းထူးလို့
ဒေဝဒတ်လက်အောက်မှာ လွတ်မြောက်ခဲ့တဲ့
အဇာတသတ်ရဲ့ အလင်းရောင်ပျောက်သော
စိတ္တဇနေ့အောက်မှာ ဇီဝကသမားတော်ရဲ့
အားပေးစကားတွေနဲ့ မြတ်ဘုရားကို
ဖူးမြော်ဖို့ရောက်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့်ည
အခါတော် မဟာသမယနေ့ရက်မှာ
ကြောက်စိတ်အဖြာဖြာနဲ့ ကိုယ်ရံတော်တပ်အဖြာဖြာ
ဝိုင်းဖွဲ့ကာရံရင်း အမြင်မှန်အသိစိတ်ဓာတ်တွေက
နောင်တမျက်ရည်ဝိုင်းလို့ တန်ဆောင်တိုင်နေ့ရက်ဖြစ်ခဲ့တယ်လေ..။
အနာဂါတ်နေ့သစ်မှာ ချို့ယွင်းချက်မရှိသော
အမှားသိခဲ့ခြင်း နောင်တလွင်ပြင်မှာ
အမှန်တရားတွေ လက်ကိုင်ပြုရင်း
တိုင်းပြည်နဲ့လူမျိုး တိုးတက်စေဖို့
အမှားကိုပြင်ဆင်ပြီး ကိုယ့်ထက်အောက်လူ
သက်ကြီးသူကို ချစ်မုန်းမကွဲ တသားတည်း
မြတ်နိုးချစ်ခင် ကြင်ချစ်ဝင်၍
တိုင်းပြည်လည်း တဖန်တိုးတက်
မျက်မှောက်သမိုင်းမှာလည်း ပထမသင်္ဂါယနာတင်ရန်
ထောက်ပံ့အကျိုးပြုလို့ မြတ်ဘုရားသာသနာတော်လည်း
တိုးတက်မြင့်မား ကျေးဇူးများသော
အလှူရှင်ဖြစ်ခဲ့တာ တန်ဆောင်တိုင်ညရဲ့
ဆီမီးတစ်ထောင် အလင်းဆောင်သော အသိတရားတွေကြောင့်ပေါ့....။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment