ရေလှိုင်းကြားက မုန်တိုင်းထန်သည်
မြစ်အိုနဲ့ တံငါအိုရယ်က
ပြည်ဘုန်းတက်စေဖို့ သူ့အသက်ပင်
ပေးဆပ်လို့ တာဝန်ထမ်းခဲ့သလေ..။
တစ်ခေတ်မှာ သစ်ဆန်းပါလို့
အိုတံငါ မြစ်ဧရာကြောမှာ
သီဆိုသံ ခေတ်ဗျောသံက
စည်းညီထွေလို့ သာယာလှလေ…။
မညီညာ ခရီးလမ်းမှာတော့
တံငါအို ရှာပုံတော်ဖွင့်ပါလို့
မြစ်ဧရာ မြစ်ဆုံကိုမှ
ရောက်ခဲ့မိတာ မှားပြီပေါ့လေ..။
တားမြစ်နယ် မြစ်ဧရာကိုမှ
မြစ်ဆုံသူ ကိုယ်လူချောရယ်
တံငါအလုပ် ဝရမ်းထုတ်လို့
တစ်ဝမ်းစာလောက် ချွေးထုတ်ခဲ့လေ…။
မှာချင်တယ် ရေငင်ပိုင်ဦးကြီးရယ်
တံငါအို ငါတို့တတွေမှာတော့
မြစ်ဧရာကို အဖော်ပြုလို့
ဘဝအတွက် အသက်ဆက်ရပေါ့လေ...။
အစဉ်အလာက ကြီးမြတ်လေတော့
သမိုင်းပင် မပျောက်စေချင်ဘူး
ဖြစ်နိုင်မယ်ရင် တားခွင့်ပြုပေါ့
ခွင့်တောင်းလွှာ အမှာပါးရရင်ဖြင့်
တံငါအိုနှင့် မြစ်မင်းဧရာ
တူနှစ်ဖြာ ပေါင်းသင်းရေတွက်
တားဆီးလို့ သနားလှည့်လေ..။
လူသားဖြစ်သမို့ အပြစ်မကင်းနိုင်ဘူး
တံငါအိုပင် ဖြစ်သော်လည်း
သက်မဲ့မည် မြစ်မင်းဧရာကိုတော့
ချစ်စိတ်တွင် သမိုင်းဝင်ခဲ့တယ်လေ..။
တက္ကသိုလ်မြတ်မင်း
ဖတ်ဖူးခဲ့တဲ့ ဧရာဝတီကဗျာတွေထဲမှာတော့
ReplyDeleteအကောင်းဆုံးလို့ထင်နေမိပါတယ်ရှင်။
ခွင့်တောင်းလွှာ အမှာပါးရရင်ဖြင့်
တံငါအိုနှင့် မြစ်မင်းဧရာ
တူနှစ်ဖြာ ပေါင်းသင်းရေတွက်
တားဆီးလို့ သနားလှည့်လေ.......တဲ့ - လှလိုက်တဲ့စာသားတွေ
အခုလို အားပေးသည့်အတွက် ကျွန်တော် ကျေးဇူးအထူးတင်မိပါတယ်။ နောက်လည်း ထပ်၍ ရေးနိုင်အောင် ကြိုးစားနေဆဲပါ...။
ReplyDelete