တပ်မက်မှု ရှတတ နေ့ရက်တွေ
ချိုမြိန်စွာနဲ့ ရှာဖွေနေဆဲ....
ပျောက်ကွယ်သွားတဲ့ ဒဏ်ရာတွေ
ချိုမြိန်မှုတွေနဲ့ လက်ခံနေလို့
မာယာကျော့ကွင်းထဲ ငါရောက်ရှိခဲ့ပေါ့...။
နွမ်းလျာနေတဲ့ နေ့ရက်တွေမှာ
တမ်းတခြင်းတွေ ခုံမင်တပ်မက်
ဝေးခဲ့တဲ့ အတိက်အချစ်ရိပ်တွေကို
မျှော်လင့်ရင်း ငါ့ကောင်းကင်ပျောက်ခဲ့ပေါ့...။
ခါးသက်လွန်းတဲ့ နေ့ရက်တွေ
ဆေးတစ်ခွက်လို ဖျော်သောက်ရင်း
မကြည်လင်တဲ့ စိတ်ဓာတ်တွေကို
အရည်ဖျော် ရွှင်ပျော်ပျော်
သေပွဲဝင်ရင်း မနက်က
သေလွန်သွားတဲ့ ချစ်သူတွေရဲ့အကြောင်း
စိတ်မကောင်းဖြစ်ခဲ့တယ် အခုထိပေါ့....။
ချိုမြိန်စွာနဲ့ ရှာဖွေနေဆဲ....
ပျောက်ကွယ်သွားတဲ့ ဒဏ်ရာတွေ
ချိုမြိန်မှုတွေနဲ့ လက်ခံနေလို့
မာယာကျော့ကွင်းထဲ ငါရောက်ရှိခဲ့ပေါ့...။
နွမ်းလျာနေတဲ့ နေ့ရက်တွေမှာ
တမ်းတခြင်းတွေ ခုံမင်တပ်မက်
ဝေးခဲ့တဲ့ အတိက်အချစ်ရိပ်တွေကို
မျှော်လင့်ရင်း ငါ့ကောင်းကင်ပျောက်ခဲ့ပေါ့...။
ခါးသက်လွန်းတဲ့ နေ့ရက်တွေ
ဆေးတစ်ခွက်လို ဖျော်သောက်ရင်း
မကြည်လင်တဲ့ စိတ်ဓာတ်တွေကို
အရည်ဖျော် ရွှင်ပျော်ပျော်
သေပွဲဝင်ရင်း မနက်က
သေလွန်သွားတဲ့ ချစ်သူတွေရဲ့အကြောင်း
စိတ်မကောင်းဖြစ်ခဲ့တယ် အခုထိပေါ့....။
မကြာမှီ...
ခရီးတစ်ခုသို့ ဆိုက်ရောက်ခဲ့တဲ့
အမုန်းမြို့တော်မှာ အဝေးရောက်ချစ်သူကို
မျှော်လင့်တမ်းတရင်း စိတ္တဇမျက်ရည်မိုးတွေ
နှလုံးသားစကြာဝဠာမှာ တုန်ဟီးလို့
အထီးကျန် ငိုညည်းခဲ့တယ် ဒီလိုည...။
တက္ကသိုလ်မြတ်မင်း
ခါးသက်လွန်းတဲ့ နေ့ရက်တွေ
ReplyDeleteဆေးတစ်ခွက်လို ဖျော်သောက်ရင်း
မကြည်လင်တဲ့ စိတ်ဓာတ်တွေကို
အရည်ဖျော် ရွှင်ပျော်ပျော်
သေပွဲဝင်ရင်း မနက်က
သေလွန်သွားတဲ့ ချစ်သူတွေရဲ့အကြောင်း
စိတ်မကောင်းဖြစ်ခဲ့တယ် အခုထိပေါ့....။
အရမ်းကောင်းတယ်ဗျာ
ကိုမြတ်မင်းရေ
ReplyDeleteအမုန်းမြို့တော်မှာ အဝေးရောက်ချစ်သူကို
မျှော်လင့်တမ်းတရင်း တွေလုပ်မနေနဲ့တော့
လူမသေမချင်းအချစ်လဲမသေပါဘူး
နောက်တစ်ယောက်သာ အချိန်ရှိတုန်းလေးမြန်မြန်ရှာထားလိုက်နော်
ခင်ခင်မင်မင် jasmine
မစပယ်ရေ...အားပေးမှုကို လက်ခံပါတယ်... ကျွန်တော် လူပျိုကြီးပဲ လုပ်တော့မယ်ဗျို့... မစပယ်လည်း အပျိုကြီးပဲ လုပ်လိုက်တော့လေ... ခင်ခင်မင်မင်ဖြင့် တက္ကသိုလ်မြတ်မင်း.....။
ReplyDeleteလွင်ပြင်လှိုင်းငယ်ရေ.. အားပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်.. နောက်လည်းအားပေးပါအုန်းနော်...။