အခုလို.. အချိန်ကုန်လာတဲ့ ငါ့အတိတ်တွေကို
ငါလေ.. ဒေါသထွက်နေခဲ့တယ် ချစ်သူလေး
မင်းက ဘယ်ဆီကိုရောက်ရှိသွားလဲ
ငါမသိခဲ့တော့ ငါ့ရင်ခွင်မှာ
လွမ်းဆွတ်ခြင်းဖြင့် အထီးကျန်နေရင်း
မင်းကတော့ ပျော်ရွှင်နေခဲ့တော့
ငါဟာ မင်းရဲ့တစ္ဆေတွေလို ခြောက်လန့်ခြင်းနဲ့
ငါ့ကို မင်းက ကြည့်တဲ့ အမုန်းမျက်လုံးတွေက
အတိတ်တွေကို မေ့ပျောက်ပြီး ငါ့ချစ်ခြင်းတွေကို
လက်ခံပေးပါကွယ် ချစ်သူလေး…
မနက်ဖြန် အနာဂါတ်အတွက် ငါလေ မင်းကို ချစ်ခွင့်တောင်းတာ
ငါ့အတွက် မှားယွင်းနေပြီးလား ချစ်သူလေး..
ခဏတော့ မှားပါစေ မင်းပျော်မယ်ဆိုရင်
ငါလေ မင်းကို ချစ်လျက် စွန့်လွတ်ရဲတယ် ချစ်သူလေး..
အတိတ်ဆိုတာ မင်းအတွက်တော့ ခဏတာ အိပ်မက်လေးပေါ့..
ခဏတော့ သိမှာပါ မင်းအတွက်တော့ ငါဟာ အရူးတယောက်လိုပါ
ချစ်သူလေး… မင်းသိစေချင်တာ..။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment