တို့များအတိက် အရိပ်တွေဟာ
တက္ကသိုလ်မှာ ပုံရိပ်တွေဖြစ်ခဲ့ပေမဲ့
တစ်နှစ်ကုန်လို့ ဌာနေကိုပြန်ကြရင်
ကျောင်းတော်ကြီးက တို့လိုပဲ မင်းကိုလွမ်းကြမှာပါ..။
နွေဥသြတွေလည်း တီတီတာတာ
တေးသွားသီဆိုလို့ ကန့်ကော်မြေနဲ့
အင်းလျားကန်သာ ခြောက်သွေ့စွာ
အထီးကျန်ရင်း ငါ..မင်းကို စောင့်မျှော်မိတယ်..။
နွေညရဲ့ သန်းခေါင်ယံမှာ
တေးသွားသံစဉ်များ ညည်းတွားရင်း
ကန်တော်မြေနီလမ်းပေါ် ငါတယောက်တည်း
မနေ့က တို့လျှောက်လှမ်းခဲ့တဲ့
ကျောင်းတော်သာ အင်းလျားမြေ
အဓိပတိလမ်းမှာ ဒီနေ့တော့
အလွမ်းတွေ ဖြစ်ခဲ့ပေါ့..။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment