ဒီလိုနေ့တစ်နေ့ကို ကျော်ဖြတ်ရင်းနဲ့
မှောင်ရီဝေသော ညမဟူရာကို
ခရီးဆက်ခဲ့တယ် ထိုညမှာ
ကောင်းကင်ပေါ်က ကြယ်တွေဒဏ်ရာတွေနဲ့
မျက်စပစ်နေကြသလို လမင်းကြီးလည်း
ငိုနေခဲ့တယ် ငါ့နှလုံးသားကလည်း
အချစ်မဲ့သော စစ်လွင်ပြင်မှာအထီးကျန်ရင်းနဲ့
လွမ်းနာကျလို့ ငိုနေခဲ့တာကို
ချစ်သူညီမ သိနိုင်မည်မဟုတ်ပါ..။
ဒီလိုနေ့သစ်လေးကို ကျော်ဖြတ်ဖို့အတွက်
ငါ..ခရီးဆက်ရင်းနဲ့ မဟူရာအမှောင်တိုက်က
ငါ့ ကမ္ဘာကို ကြီးစိုးတိုက်ခိုက်လို့
သန်းခေါင်ယံ ညနက်တွင်းမှာ
ငါ..ခရီးတစ်ထောင့် ရပ်နားဖို့ရန်
စဉ်းစားနေခိုက် ငါ့အတွေးကမ္ဘာထဲ
မျှော်လင့်ခြင်းလမင်းလေးက ငါ့..စိတ်ကူးထဲကို
ငိုပြနေလို့ ငါ့..ခရီးတွေ တွေးဝေမိန်းမောရင်း
မျှော်လင့်ခြင်းမနက်ဖြန်သည် ငါ့အတွက်တော့
ပန်းပျိုးသော ဥယျာဉ်မှူးတစ်ယောက်လိုပေါ့
ငါ မသိသော ပန်းကလေးတစ်ပွင့်ကို
မျှော်လင့်ခြင်းများစွာနဲ့ စိုက်ပျိုးမိခဲ့တာ
ငါ့ အနာဂါတ်တွေတောင် ကူးပြောင်းလို့
အသစ်ဆန်းတွေဖြစ်ခဲ့ မနက်ဖြန်ဆိုသောနေ့ရက်က
ငါ့ အိပ်ယာထက်မှာ ညည်းတွားရင်း
အလင်းရောင်အောက်က ကျေးငှက်တွေတောင်လန့်ဖြန့်လို့
မနက်ဖြန်ဆိုတာ ရှိလာမှာကို ကြောက်နေကြတာ
ချစ်သူညီမ သိနိုင်မည်မဟုတ်ပါ..။
တက္ကသိုလ်မြတ်မင်း
အချစ်မဲ့တဲ့ နှလုံးသားစစ်လွင်ပြင်တဲ့လားရှင်
ReplyDeleteကိုမြတ်မင်းက ဆရာလားဟင် c-box မှာ ရေးထားတာတွေ့လို့ပါရှင်
ခင်ခင်မင်မင် jasmine
ကျွန်တော် ဆရာတယောက်မဟုတ်ပါဘူးနော် မစပယ်... အခုမှ ကြိုးစားနေဆဲပါ..ကျေးဇူးတင်ပါတယ် မစပယ်...
ReplyDelete