ငါ့အတိက်တွေ ငိုညည်းနေခိုက်
တိမ်ညိုတိမ်စိုင်တွေက မိုးသားမည်းညိုတွေကြား
ပြေးသွားလူးလားနေအလား ငါ့ရင်အစိုင်ကို
ထုချေလို့ မိုးရွာချသလိုဖြစ်ခဲ့ရ
အတိတ်မနက်ဖြန်မှာတော့ ချစ်သူညီမလေးကို
သတိရစိတ်ကူးယဉ်ရင်း မျက်ရည်မိုးသားများ
အာကာပြင်ထက် ပါးပြင်ထက်မှာ
ရေလျှံမြစ်လို ဖြစ်နေပြီးပေါ့..
ငါမသိလိုက်သော ငါ့ချစ်သူရဲ့
မနက်ဖြန်ကို တွေးကြည့်မိရင်း
အတိမ်အနက် တိုင်တာစရာမရှိသော
ငါ့မေတ္တာတွေက ချစ်သူပုံရိပ်ပေါ်တွင်
လွှမ်းမိုးလို့ ငါ့မင်းကို ပို၍ ပို၍ ချစ်မိခဲ့တာ..
ဒဏ်ရာတွေနဲ့ ကျန်ထားခဲ့သည့်အထိပေါ့..။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment