မူလအိမ်တည်ဆောက်ပုံ
Showing posts with label မူလစာမျက်နှာ. Show all posts
Showing posts with label မူလစာမျက်နှာ. Show all posts
Wednesday, June 24, 2015
Thursday, May 15, 2014
Friday, March 14, 2014
အာစရိယမှ အာစရိယပူဇာ

အာစရိယမှ အာစရိယပူဇာ
ဤကဲ့သို့ ဂါရဝပြုပြီးသည့်နောက် လွန်ခဲ့သော နှစ်များက the voice of Samgha မဂ္ဂဇင်းမှာ
ရေးသားခဲ့ဖူးသော "အာစရိယမှ အာစရိယပူဇာသို့" ဆိုသည့် ဆောင်းပါးလေးဖြင့် ဆရာတော်ကြီးအား ထပ်မံ ပူဇော်လိုက်ပါတယ်။
Labels:
ဘာသာရေး,
မူလစာမျက်နှာ,
ဆောင်းပါး
Thursday, March 13, 2014
A Long The Cycle of Samsara

A Long The Cycle of Samsara
At the beginning life is started a Journey,
Searching for something,
We cannot definitely know what is it,
Just found out that,
In a day, we've had something,
But we've never satisfy,
Going through just another way,
Getting again something,
If possibly satisfied,
Never ever satisfied oneself,
we discover again just about now,
But come to old age,
the result out of solution,
Try to still happen one after another,
Finally we've to go around the cycle of rebirth again.
တက္ကသိုလ်မြတ်မင်း
Labels:
ကဗျာ,
ဘာသာရေး,
မူလစာမျက်နှာ,
အဆိုအမိန့်
မှ တခြားမရှိ

မှ တခြားမရှိ
ပုံရိပ်ချယ်တဲ့ ကောင်းကင်မှာ...
အတောင်ပံခတ်လို့ ပျံသန်းနေရင်း...
ဘဝအပေါ် ပျော်ရွှင်နေတဲ့...
၁၀၉ ၁၁၀ လေဟာနယ်...
သဘာဝ အပေါ်ယံမှာ..
ပညတ်တွေ သက်ရောက်မှုတွေနဲ့...
အကောင်း အဆိုးတွေ ဝေဖန်သုံးသပ်ရင်း...
ပြိုကျလာတဲ့ ညနေ ဆည်းဆာမှာ...
တသသ ဖြာကျလာတဲ့ အတွေးပုံရိပ်တွေဟာ...
ပတ်ဝန်းကျင်ကို ရိုက်ခတ်...
အတောင်ပံခတ်လို့ ပျံသန်းနေရင်း...
ဘဝအပေါ် ပျော်ရွှင်နေတဲ့...
၁၀၉ ၁၁၀ လေဟာနယ်...
သဘာဝ အပေါ်ယံမှာ..
ပညတ်တွေ သက်ရောက်မှုတွေနဲ့...
အကောင်း အဆိုးတွေ ဝေဖန်သုံးသပ်ရင်း...
ပြိုကျလာတဲ့ ညနေ ဆည်းဆာမှာ...
တသသ ဖြာကျလာတဲ့ အတွေးပုံရိပ်တွေဟာ...
ပတ်ဝန်းကျင်ကို ရိုက်ခတ်...
Labels:
ကဗျာ,
မူလစာမျက်နှာ
အမှောင်ခွင်းသော ညရဲ့ လမင်း

အမှောင်ခွင်းသော ညရဲ့ လမင်း
ဝေဒနာ ကကြိုးဆင်းနေတဲ့ ညနေခင်းမှာ...
ဘဝငှက်တွေ အိပ်တန်းပျံနေပါရဲ့...
တစ်ကိုယ်လုံး ချွေးစက်တွေနဲ့...
ကမ်းမမြင် လမ်းမမြင်တဲ့ မုန်တိုင်းတွေထဲ...
ဆာလောင်မှု လှိုင်းခတ်သံတွေ တဝုန်းဝုန်း ရုန်းထွက်...
ဒီ အတတ် အကျ မငြိမ်တဲ့ လောကအလယ်မှာ...
ပွင့်လာတဲ့ ပန်းတိုင်းကို နမ်းရှိုက်..
ဝေးလွန်းတဲ့ ခရီးကို သွားခဲ့ပြီး...
Labels:
ကဗျာ,
မူလစာမျက်နှာ
Change from love to lovingkindness

Love can suffer as a wind,
We cannot see the air pollution of love.
We can feel at all.
But we cannot pass any attachment of love.
We ignore our destination.
Though we loss happy and healthy.
finally we have to suffer love sick.
Labels:
ကဗျာ,
မူလစာမျက်နှာ,
အဆိုအမိန့်
Saturday, March 8, 2014
မုန်းမာန် ကင်းဝေး မေတ္တာရေး

မုန်းမာန် ကင်းဝေး မေတ္တာရေး
နေညိုညို ညနေချမ်းမှာ လျှောက်နေကြ ဂျလပစ္စလမ်းနှင့် မရဒါနလမ်းပေါ်မှာ လမ်းလျှောက်
ရင်း အတွေးတစ်ခု ဝင်လာပါတယ်။ လူတွေ ပြောနေကြတဲ့ " မေတ္တာဆိုတာ ဘာလဲ " ဆိုတာ
တစ်လမ်းလုံး စဉ်းစားပြီး ကျောင်းသို့ ပြန်ရောက်လာပါတယ်။ ကျောင်းရောက်တော့ မေတ္တာ
အကြောင်း ရေးသားရန် ဟန်ပြင်လိုက်ပါတယ်။ ဒါနဲ့ ထိုင်နေကြ အခန်းထောင့်နားက ကွန်ပြူ
တာရှေ့ကို ဝင်ထိုင်လိုက်ပါတယ်။ ပြီးတော့ မေတ္တာနှင့် ပတ်သက်သည့် အချို့ အကြောင်းအရာ
လေးများကို ကျောင်းတိုက်ထဲက စာကြည့်တိုက်ထဲမှ စာအုပ်များ ပြန်လည်ကြည့်ပြီး အချက်
အလက်များကို ယူဆောင်လာခဲ့ပါတယ်။ အရင်က မှတ်သားဖူးသည့် မှတ်ချက်များနှင့် လက်ရှိ
စုဆောင်းထားသော အချက်အလက်ကို ယူ၍ ဤဆောင်းပါးလေးကို စတင် ရေးသားလိုက်
ပါတယ်။
လောကကြီးမှာ ကွဲပြားမှုတွေ များစွာရှိနေကြပါတယ်။ တချို့က မေတ္တာနှင့် တဏှာ မကွဲပြားနိုင်
အောင် ဖြစ်နေတာတွေ ရှိနေကြသဖြင့် မေတ္တာအကြောင်း သိဖို့ရန် လိုအပ်လာပါတယ်။
ဘာကြောင့်လည်းဆိုတော့ တဏှာဆိုတာ မေတ္တာ အယောင်ဆောင်ပြီး အလည်လာတဲ့ ဧည့်
သည်ပါ။ တဏှာအကြောင်း ကောင်းကောင်း မသိကြသဖြင့် မေတ္တာဆိုတာ မသိကြတာလည်း များစွာရှိပါတယ်။
ပါဠိတော်မှာ တဏှာနှင့် မေတ္တာကို သဏ္ဍာန်ပြယုဂ် ထုတ်ပြထားပါတယ်။ အဲဒါက ဘာလဲဆိုရင်
မေတ္တာယနာ မုခေန ရာဂေါ ဝဉ္စေတိ တဲ့ တဏှာရာဂသည် မေတ္တာအသွင်ဆောင်ပြီး ဖျား
ယောင်တတ်၏ ဟု ဖော်ပြထားတာ နေတ္တိပကာရဏာဋ္ဌကထာမှာ တွေ့ရှိရပါတယ်။ ဒါကြောင့် မေတ္တာစစ် မေတ္တာမှန်ဆိုတာ အဖြေရှာဖို့ အမှန်တကယ် လိုအပ်လာသလို မေတ္တာ
ဆိုတာကို ဘာကြောင့် ခေါ်တာလဲဆိုတာ အဖြေမှန် သိဖို့ မရှိမဖြစ် လိုအပ်လာပါတယ်။ တချို့က တစ်ထောင့်ငါးရာ တဏှာနှင့် ရင်းနှီးထားတဲ့ ကိလေသာတွေကို မေတ္တာအဖြစ်
ပုံမှားရိုက်ပြီး မေတ္တာလို့ တင်စားကာ ခေါ်ဆိုကြတာလည်း ရှိကြပါတယ်။ ဒါဟာ မှားယွင်းမှု တစ်ခုသာ ဖြစ်တယ်။
ပြီးတော့ တစ်ထောင့်ငါးရာ ကိလေသာတွေနှင့် ရောနှောလျက် တစ်ဦးနှင့် တစ်ဦး သဘောတူ နားလည်မှု ယူပြီး သံယောဇဉ်တွေ ဖြစ်လာကြတဲ့ အရာဟာ မေတ္တာ မဟုတ်တဲ့ အချစ်သာ
ဖြစ်ပါတယ်။
မေတ္တာဆိုတာ ဘာလဲ?
မေတ္တာဆိုတာသည် ဗြဟ္မဝိဟာရတရား လေးပါးထဲက တစ်ပါး ပါဝင်ပါတယ်။ ထိုမေတ္တာသည် တစ်ဦးနှင့် တစ်ဦး တစ်ယောက်နှင့် တစ်ယောက် ကိုယ်ကျန်းမာမှု၊ စိတ်ချမ်းသာမှုကို အလေ့
ထားပြီး အထူးဂရုစိုက်တာ မေတ္တာပင်ဖြစ်ပါတယ်။
Labels:
ဘာသာရေး,
မူလစာမျက်နှာ,
ဆောင်းပါး
Thursday, February 27, 2014
ဘာလဲ လောကဓံ

ဘာလဲ လောကဓံ
ဒီနေ့ရဲ့ နေဝန်းကြီးဟာ ကွယ်သွားပြန်ပြီ ညရဲ့ အမှောင်အောက်မှာ အလင်းရောင်
ဖန်ချောင်းလေးကို ထွန်းညှိပြီး အနီးနားရှိတဲ့ မှတ်စု စာအုပ်ကို လှမ်းယူကာ နေ့လည်က
စဉ်းစားမိတဲ့ အကြောင်းအရာလေး တစ်ခုကို စတင် ရေးဖို့ ဟန်ပြင်လိုက်ပါတယ်။ အဲဒီ
အကြောင်းကတော့ တခြား မဟုတ်ပါဘူး။ ဘာလဲ လောကဓံ ဆိုတဲ့ အကြောင်း
ကို ရေးသားလိုခြင်း ဖြစ်ပါတယ်.....။
လောကကြီးမှာ နေထိုင်ရသည့်အခါ ပတ်ဝန်းကျင်နှင့် နေထိုင်ကြသလို အသိုင်း
အဝိုင်းနှင့် နေထိုင်ကြသည်မှာ လောကဓမ္မတာပင် ဖြစ်ပါတယ်။ အချို့က ကိုယ်
ကျင်လည်သည့် အလုပ်အကိုင်နှင့် အသိုင်းအဝိုင်းမှာပင် မဖြစ်မနေ တွေ့ကြုံရမည့်
လက်တွေ့ကျတာနှင့် လက်တွေ့မကျ တဆင့် ကြား၍ သိရသော အကြောင်းအရာ
များလည်း ရှိကြမည်မှာ တကယ်ပင် ဖြစ်ပါတယ်။ အချို့က ကြိုးစား ရုန်းကန်နေမှု၊ အလုပ်ကို
အားစိုက်နေခိုက် အလုပ်နှင့် မတန်အောင် ဖိအားတွေနှင့် လှုပ်ရှား ရုန်းကန်နေရတာလည်း
ရှိပြန်တယ်။
Labels:
မူလစာမျက်နှာ,
အင်္ဂလိပ်ဆောင်းပါး,
အဆိုအမိန့်,
ဆောင်းပါး
Sunday, January 19, 2014
လူတိုင်းရင်မှာ မင်္ဂလာ

လူတိုင်းရင်မှာ မင်္ဂလာ
နံနက်ခင်း အာရုဏ်ဦး အလင်းတတ်လာတဲ့ ရောင်နီဦး အညွန့်လေးကို ငေးကြည့်ရင်း တေးငှက်လေးများ တွန်းကျူးသံကို သာသာယာယာ ကြားရသဖြင့် လွန်စွာ ဝမ်းမြောက်ကောင်းလှပါတယ်။ နံနက်ခင်း၏ အလှတန်ဆာဟာလည်း အင်မတန် ကြည်နူးစရာကောင်းသလို ကျန်းမာခြင်းသည် လာဒ်တစ်ပါးဆိုသည့်အတိုင်း နံနက်စောစော ကျန်းမာရေး လေ့ကျင့်ခန်းနှင့် ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းများကို လူငယ် လူကြီး မရွေး ပတ်ဝန်းကျင် လမ်းမထက်မှ ပြုလုပ်နေကြတာကို တွေ့ရှိရတာဟာလည်း နံနက်ခင်းရဲ့ မင်္ဂလာရှိသော အလှတရား တခုပင် ဖြစ်ပါတယ်။
မင်္ဂလာနှင့် ပတ်သက်ပြီးတော့ လူသားတိုင်း သိကြပါလိမ့်မည်။ သို့သော် မင်္ဂလာဆိုသည့် အကြောင်းလေးကို တနည်းအားဖြင့် တတ်နိုင်သမျှ အောက်ပါအတိုင်း တင်ပြချင်ပါတယ်။
မင်္ဂလာဆိုတာ ဘာလဲ?
မင်္ဂလာဆိုတာသည် မင်္ဂံပါပံ လုနာတိ ဆိန္ဒတီတိ မင်္ဂလံ လို့ ပါဠိတော်မှာ ဆိုထားပါတယ်။
မင်္ဂံပါပံ၊ မကောင်းမှု အကုသိုလ် ဒုစရိုက်တရားတွေကို၊ လုနာတိ ဆိန္ဒတီတိ၊ မလာမကပ်အောင် တားဆီးပိတ်ပင်တတ် တားမြစ် ဖြတ်တောက်တတ်၏၊ ဣတိ တသ္မာ၊ ထို့ကြောင့်၊ မင်္ဂလံ၊ မင်္ဂလာမည်ပါပေ၏။
Labels:
ကဗျာ,
ဗီဒီယိုကားများ,
ဘာသာရေး,
မူလစာမျက်နှာ,
ဆောင်းပါး
Saturday, December 7, 2013
Nelson Mandela said that struggle is my life

Struggle is my life
၁၉၁၈ ခုနှစ်မှာ သူ မွေးဖွားလာခဲ့တယ်...
သူဟာ တောသားလေး တယောက်ပေါ့...
သူဟာ တောသားလေး တယောက်ပေါ့...
Labels:
ကဗျာ,
မူလစာမျက်နှာ,
အဆိုအမိန့်
Wednesday, November 20, 2013
အမြင်သန်မှာ အယူမှန်မှာ

အမြင်သန်မှာ အယူမှန်မှာ
မသိတဲ့ အတိတ်တွေမှာ..
အဝိဇ္ဇာတွေက ချိတ်ပိတ်...
သင်္ခါရ နယ်ပယ်မှာ ကျင်လည်ရင်း...
ဝဋ်သုံးပါးရဲ့ အောက်မှာ တဖန် မွေးဖွား...
မသိမှုတွေ ပျော်မွေ့နေတဲ့ ဘဝနဲ့...
ရှင်သန်ဖို့ ကြိုးစားခဲ့သမျှ...
အစိုးမရတဲ့ မျဉ်းပြိုင်ပေါ်မှာ လဲကျ...
ပြန်ထဖို့ ရုန်းကန်ရင်း...
ဘဝဆည်းဆာ ငေးကြည့်...
အပ္ပမာဒတွေ မေ့ပျောက်နေတဲ့ အမှောင်...
ဘယ်သူမှ အလင်းပေးမှာ မဟုတ်ဘူး...။
အဝိဇ္ဇာတွေက ချိတ်ပိတ်...
သင်္ခါရ နယ်ပယ်မှာ ကျင်လည်ရင်း...
ဝဋ်သုံးပါးရဲ့ အောက်မှာ တဖန် မွေးဖွား...
မသိမှုတွေ ပျော်မွေ့နေတဲ့ ဘဝနဲ့...
ရှင်သန်ဖို့ ကြိုးစားခဲ့သမျှ...
အစိုးမရတဲ့ မျဉ်းပြိုင်ပေါ်မှာ လဲကျ...
ပြန်ထဖို့ ရုန်းကန်ရင်း...
ဘဝဆည်းဆာ ငေးကြည့်...
အပ္ပမာဒတွေ မေ့ပျောက်နေတဲ့ အမှောင်...
ဘယ်သူမှ အလင်းပေးမှာ မဟုတ်ဘူး...။
Labels:
ကဗျာ,
ဘာသာရေး,
မူလစာမျက်နှာ
Saturday, November 16, 2013
သာမညဖလ အခါတော်နေ့ရဲ့ ဆေးပေါင်းခတဲ့ ည တန်ဆောင်တိုင်

သာမညဖလ အခါတော်နေ့ရဲ့ ဆေးပေါင်းခတဲ့ ည တန်ဆောင်တိုင်
မနေ့က ညနေစောင်း ဆည်းဆာက သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ဝန်းကျင်ကို အလှဆောင် နေပါတယ်။ ဒီနေ့တော့ သီရိလင်္ကာရဲ့ နံနက်ခင်း နေရောင်ခြည်က တောက်ပလျက်ရှိနေပါတယ်။ စာရေးသူ၏ ကလောင်သွားများကလည်း လှုပ်ရှားအသက်ဝင်လျက် တန်ဆောင်းမုန်း လပြည့်နေ့ အကြောင်းလေးတွေကို ရေးသားနေခြင်း ဖြစ်ပါတယ်..။
အဘယ်ကြောင့်လည်းဆိုတော့ မြတ်ဗုဒ္ဓ ဟောကြားတော်မူသော တရားတော်ကြောင့် အယူမှားမှုမှ အယူမှန်လာသော အဇာတသတ်မင်းကြီး အကြောင်းကို ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ နှစ်တွေ လတွေ ဘယ်လိုပင် ပြောင်းလွဲလာပေမဲ့ ဗုဒ္ဓဘာသာ၏ အထိမ်းမှတ် နေ့ထူးတွေကိုတော့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ သတိပြုမိမည်မှာ မလွဲပါ။
ယခုအခါ သာသနာနှစ် ၂၅၅၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ ခရစ်နှစ် ၂၀၁၃ ခုနှစ်၏ တန်ဆောင်မုန်းလပြည့်နေ့သည် သာမညဖလ အခါတော်နေ့ ဖြစ်ပါတယ်။
Labels:
ဘာသာရေး,
မူလစာမျက်နှာ,
ဆောင်းပါး
Sunday, November 3, 2013
Friday, October 11, 2013
ကျေးဇူးဆပ်ကြ သီတင်းကျွတ်လ

ကျေးဇူးဆပ်ကြ သီတင်းကျွတ်လ
နေ့လည်ခင်း ကိုယ် လိုချင်တဲ့ စာတွေကို ရှာဖွေပြီး သိမ်းဆည်းလိုက်ပါတယ်။ ပြီးတော့ အမြဲတမ်း ထိုင်နေကြ မကုဋာရာမ ကျောင်းတိုက်ကြီးရဲ့ ထောင့်နားက ကော်ဖီဆိုင်လေးမှာ ညနေခင်းရဲ့ ဆည်းဆာအလှကို ကြည့်နေရင်း အတွေးတခု ရရှိလိုက်ပါတယ်။ ဒါနဲ့ သောက်လက်စ ကော်ဖီလေးကို ဆက်သောက်ပြီး ထိုင်ရာမှာ ပြန်ထလာပါတယ်။ စာရေးသူလည်း လမ်းတလျှောက် အတွေးထဲက အတိုင်း နှုတ်က ရွတ်ဆိုမိလိုက်ပါတယ်။
"သီတင်းကျွတ်လ မီးထွန်းပွဲ"
မှန်ပါတယ်။ မြန်မာပြည်တွင် ဆဲ့နှစ်လ ရာသီအကြောင်း ကလေးတိုင်း နှုတ်ဖျားပေါ်မှာ ရေပန်းစားသဖြင့် မမေ့နိုင်စရာ ကဗျာလေး တစ်ကြောင်းပင် ဖြစ်ပါတယ်။ ထို့အပြင် သီတင်းကျွတ် ပွဲတော်တွင် ဆီမီးများ၊ မီးရှုး မီးပန်းများ၊ မီးအမျိုးမျိုး ထူးထူး ခြားခြား လှလှပပ မွမ်းမံ ပြင်ဆင်ပြီး လပြည့်နေ့ အကြိုည၊ လပြည့်ညနှင့် လပြည့်ကျော် တစ်ရက်အထိ သုံးရက်ကြာ ပူဇော်ကြပါတယ်။
ဘာကြောင့် သီတင်းကျွတ် မီးထွန်းကြတာလဲ
အမှန်တကယ်တော့ သီတင်းကျွတ်လပြည့်နေ့မှာ ဆီမီးထွန်းခြင်းဟာ အလှအပအတွက် တန်ဆာဆင်ပြီး သက်သက် ထွန်းကြခြင်း မဟုတ်ပါ။ ဆီမီးထွန်းခြင်း၏ အဓိပ္ပာယ် နက်နက်ရှိုင်းရှိုင်း ပါဝင်ပါသည်။ အဘယ်ကြောင့်လည်းဆိုတာ မေးခွန်းဖြစ်လာပါတယ်။
မှန်ပါတယ်။ မြတ်ဗုဒ္ဓ ဘုရားရှင်သည် ခြောက်ဝါအလွန် ခုနှစ်ဝါမြောက်တွင် တာဝတိံသာ နတ်ပြည်မှာ ဝါတွင်း သုံးလတို့ ကာလပတ်လုံး အလွန် မွန်မြတ်သော အဘိဓမ္မာ တရားတော်တို့ကို ဟောကြားတော်မူခဲ့ပြီး မြတ်ဗုဒ္ဓ ဘုရားရှင်သည် နိမ္မိတ ရုပ်ပွားတော်ကို ထားတော်မူ၍ လူပြည်သို့ ကြွရောက်တော်မူသောအခါ ပညာအရာ ဧတဒဂ် ရရှိတော်မူသော အရှင်သာရိပုတ္တရာအား အကျဉ်း အဘိဓမ္မာ တရားတော်ကို ဟောဖော်ပြသတော်မူပြီး သီတင်းကျွတ်လပြည့်နေ့မှာ လူပြည်သို့ ပြန်လည် ကြွတော်မူသော အထိမ်းအမှတ် အနေဖြင့် အဘိဓမ္မာအခါတော်နေ့ ဖြစ်သလို ဆီမီး ပူဇော်ကြသဖြင့် သီတင်းကျွတ်လ မီးထွန်းပွဲလို့ ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။
ဤမျှသာ မကသေးပါ။ မြတ်စွာဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားကို ကျေးဇူးဆပ်သောအားဖြင့် အလွန် ထူးမြတ် ကောင်းမွန်သော အဘိဓမ္မာတရားတော်များကို ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။ မိခင် တယောက်ရဲ့ ဘဝထဲကို ပဋိသန္ဓေ ရရှိလာသည့်အချိန်ကစပြီး လူဖြစ်လာတဲ့အထိ လူတယောက် သူတယောက်ဖြစ်အောင် ကျွေးမွေးပြုစုတွေဟာ တုနှိုင်းမမီသော မေတ္တာတွေဖြင့် သားသ္မီးတွေအပေါ် ထားခဲ့ကြတာဖြစ်ပါတယ်။ထို မေတ္တာမျိုးဟာလည်း အပရိမာဏ မေတ္တာ ခေါ်ဆိုနိုင်သလို အနန္တကျေးဇူးများသော မေတ္တာတွေသာ ဖြစ်ပါတယ်။
ဤကဲ့သို့သော ကျေးဇူးတွေကို သားသ္မီးတွေ အနေဖြင့် မိဘတွေ လိုအပ်လာတဲ့အခါတိုင်း ကျေးဇူး သိမြင်ပြီး ကျေးဇူးဆပ်ဖို့ လိုအပ်ပါတယ်။ နောက်ဆုံး မဆပ်နိုင်သေးသည့်တိုင်အောင်
အစဉ်အလာ ကောင်းမွန်သော သီတင်းကျွတ်လပြည့်နေ့မှာပင်
ထို့အပြင် တချို့က ဘုရား ကျောင်း ကန် သွားကြသလို ညနေပိုင်း ဆည်းဆာအချိန်တွင် အနီးရှိ တန်ခိုး စေတီ ပုထိုးများ၊ မြတ်စွာ ဘုရားရှင်၏ ရုပ်ပွားတော်ကို ရိုခိုး ပူဇော်ကြတာလည်း တွေ့မြင်ကြရသလို ညပိုင်းရောက်ပြန်တော့လည်း မိမိတို့ နေထိုင်ရာ အိမ် ဘုရားစင်မှာ ဆီမီး တန်ဆာများဖြင့် ပူဇော်ခြင်း၊ အိမ်၏ ပတ်ဝန်းကျင်မှာ အလှမီးပုံများ တန်ဆာဆင်လျက် ဆီမီး ပူဇော်ခြင်း၊ ရွာဦးကျောင်းနှင့် စေတီတော်များတွင် ဆီမီး တန်ဆာများ ပူဇော်ခြင်းနှင့် ဝတ်ရွတ်ခြင်း စသည်တို့ကို ပြုလုပ်ကြတာ အလွန်အမင် ကြည်နူးစရာကောင်းလှပါတယ်။
သြော် ဝါတော်ကျွတ်လာပြန်ပြီ။ ဝါတော်ကျွတ်ပြီဆိုတော့ မြန်မာဆိုရိုးလေး တခုကို သတိရမိပြန်တယ်။ အဲဒါလေးက ဝါလ ကင်းလွတ် သီတင်းကျွတ် လို့ ရှေးမြန်မာ လူကြီးသူမတွေ ပြောဆိုခဲ့ကြတာပါ။ မှတ်သားစရာကောင်းသော ဆိုရိုးစကားလေး ဖြစ်ပါတယ်။ အချို့က အမှတ်တမဲ့ ဆိုရိုးစကားလေးတွေကို မေ့သွားတတ်ပါတယ်။
"ဝါလကင်းလွတ် သီတင်းကျွတ်"
မှန်ပါတယ်။ "ဝါလကင်းလွတ် သီတင်းကျွတ်" အချိန်အခါ သီတင်းကျွတ်လပြည့်နေ့တွင် သံဃာတော်များ ပဝါရဏာ ပြုလုပ်ရမည့် နေ့လည်းဖြစ်ပါတယ်။ ပဝါရဏာဆိုသည်မှာ ရဟန်းအချင်းချင်း မိမိတို့ အထင်အရှားရှိသော အပြစ်များ တစုံတရာ ရှိပါက ပြောကြားကြဖို့ ဖိတ်မန်ကြသည့် သဘောတရားကို ပဝါရဏာ လို့ ခေါ်ပါတယ်။
အဲဒီလို ဖိတ်မန်လိုက်သည့်အခါ အချို့ သင့်ရောက်သည့် အပြစ်များကို အထင်အရှား ပြောပြသူကလည်း မေတ္တာကရုဏဖြင့် ပြောပြကြသလို အထင်အရှား အပြစ်ရှိသူကလည်း မိမိတို့ အပြစ်ကို သိရှိပြီး အမှန်မြင်ပြီး ပြုပြင် ကုစားဖို့ရန် ကောင်းမွန်သော ရည်ရွယ်ချက် ကောင်းတခုကို ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်သည် တပည့်သား သံဃာတို့ကို လမ်းညွန်းပြသ ပညတ်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။
Labels:
ဘာသာရေး,
မူလစာမျက်နှာ,
ဆောင်းပါး
ဒိုင်ယာရီထဲက စာတန်း
ဒိုင်ယာရီထဲက စာတန်း
နေဝန်းရဲ့ အရောင်ဟတ်မှုကြောင့်
အနီရောင် အလင်းရောင်စမ်းသော
ညနေ ဆည်းဆာချိန် ကောင်းကင်ယံမှာ
အိပ်တန်းဝင် ငှက်တွေ အတောင်ပျံခတ်လို့
ပျံသန်းနေတာ ကြည့်ရင်း ကြည်နူးမိတာ
သဘာဝ ကျလွန်းပါတယ်...။
ဒါပေမဲ့....
ဘဝဆိုတဲ့ အက္ခရာတခုကို
သဘာဝ ကျကျ ခံစားပြီး
ကိုယ် ကိုယ်တိုင် ကြည်နူးတတ်မှာ မဟုတ်ပါဘူး...။
အနီရောင် အလင်းရောင်စမ်းသော
ညနေ ဆည်းဆာချိန် ကောင်းကင်ယံမှာ
အိပ်တန်းဝင် ငှက်တွေ အတောင်ပျံခတ်လို့
ပျံသန်းနေတာ ကြည့်ရင်း ကြည်နူးမိတာ
သဘာဝ ကျလွန်းပါတယ်...။
ဒါပေမဲ့....
ဘဝဆိုတဲ့ အက္ခရာတခုကို
သဘာဝ ကျကျ ခံစားပြီး
ကိုယ် ကိုယ်တိုင် ကြည်နူးတတ်မှာ မဟုတ်ပါဘူး...။
Labels:
ကဗျာ,
မူလစာမျက်နှာ
Friday, September 20, 2013
ကုရုတိုင်းမှ စာရိတ္တမျိုးစေ့

ကုရုတိုင်းမှ စာရိတ္တမျိုးစေ့
အချိန် ကာလအားဖြင့် ညအခါဖြစ်သလို ပြီးခဲ့တဲ့ စက္ကန့်ပိုင်းလောက်က မိုးတွေ တဖွဲဖွဲ ရွာသွန်းသွားခဲ့ပါတယ်။ မိုးစဲသွားသောအခါ ပတ်ဝန်းကျင် တခုလုံး တိတ်ဆိတ်နေပါတယ်။ စာရေးသူအနေနဲ့ တော်သလင်းလပြည့် ဂရုဓမ္မ (သို့မဟုတ်) ကုရုဓမ္မ အကြောင်းလေး ရေးသားဖို့ရန် စာအုပ် အနည်းငယ် ဖတ်ကြည့်လိုက်ပါတယ်။ ပြီးတော့မှ ဂရုဓမ္မ (သို့မဟုတ်) ကုရုဓမ္မ အကြောင်းလေးကို စတင်ရေးသားလိုက်ပါတယ်...။
တော်သလင်းလဆိုတာ ဗုဒ္ဓဘာသာတွေ အနေဖြင့် မှတ်သားစရာ ကောင်းလွန်းသော လဖြစ်ပါတယ်။ ထို့အပြင် ယင်းမာကြိုင်သင်း လ တော်သလင်း ဆိုတာ မြန်မာတို့ ဆိုရိုးပြုခဲ့ကြတာ အမှန်ပင် ဖြစ်ပါတယ်။
သို့သော် မိုးနှောင်းကာလဖြစ်သလို တော်သလင်း နေမင်းဟာ ငါး ပုဇွန် သေအောင် ပြင်းလွန်းပါ တယ်လို့လည်း ဆိုကြပြန်ပါတယ်...။
ဒါပေမဲ့ တော်သလင်းလပြည့်နေ့သည် မြန်မာတို့အတွက် နေ့ထူး နေ့မြတ် ဖြစ်ပါပေတယ်။ ဘာကြောင့်လည်းဆိုတော့ ပါရမီ ဆယ်ပါးတို့တွင် သီလ ပါရမီနှင့် တိုက်ရိုက် ဆက်စပ်နေသောကြောင့်ပင် ဖြစ်ပါတယ်။
ထို့အပြင် ရှေ့မြန်မာ အစဉ်အဆက်က တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့ဟု ဆိုရိုးပြုကြပါတယ်။
မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါတုန်းက မထင်မရှား ရဟန်းတော် နှစ်ပါး ဟင်္သာတကောင်ကို အလောင်းအစားနဲ့ သတ်ဖို့ ကြိုးစား အားထုတ်ကြပါတယ်။ ထို့ရဟန်းနှစ်ပါးသည် ကောင်းကင်ပျံဝဲနေတဲ့ ဟင်္သာကို ကျောက်ခဲဖြင့် လှမ်းပစ်လေရာ ကျောက်ခဲမှန်၍ ဟင်္သာသည် အော်ဟစ်မြည် တမ်းလျက် မြေပြင်ကျရောက်လျက် သေဆုံးခဲ့ရတယ်။
The story was told in reference to a monk who had killed a wild goose. Two monks bathed in Aciravatī, and while standing on the bank, drying, they saw two geese appear. The monks took a bet as to which should hit the goose in the eye, and one of them threw a stone which pierced one eye and came out of the other. The monk was reported to the Buddha. (Kurudhamma Jataka No-276)
ထိုအကြောင်းကို မြတ်ဘုရားရှင် ကိုယ်တော်တိုင် သိတော်မူသဖြင့် ချစ်သားရဟန်း သင်ဟာ သာသနာတော်မှာ ရဟန်းဝတ်နေပါလျက် ပါဏာတိပါတကံကို ပြုလုပ်တာ လက်ဆော့ ခြေဆော့ ရှိလှချေပြီ...။၊
ဟိုရှေးရှေးတုန်းက ဘုရားအစရှိသော သူတော်ကောင်းနှင့် ပညာရှိတွေဟာ သာသနာပ ကာလမှာ သတ်ဖို့ နေနေသာသာ သီလတရားတွေကို အသက်သမျှ တန်ဖိုးထား၍ စောင့်ရှောက်ခဲ့ကြကြောင်းကို မြတ်စွာဘုရားရှင်သည် အတိတ်ဇာတ်ဖြစ်သော ကုရုဓမ္မ ဇာတ်တော်ကို ဟောကြားတော်မူခဲ့ပါတယ်။
The Bodhisatta was once born as the son of Dhananjaya, king of the Kurus, and, after his fathers death, reigned in Indapatta. He observed the Kurudhamma - that is to say, the pancasila - as did the queen mother, his queen consort, the viceroy, the chaplain, the kings driver, his charioteer, the treasurer, the keeper of the royal granaries, the palace porter and the courtesan of the city.
Labels:
ဘာသာရေး,
မူလစာမျက်နှာ,
ဆောင်းပါး
Monday, September 2, 2013
ဆွဲအားကောင်းတဲ့ ဘဝ ကောင်းကင်

ဆွဲအားကောင်းတဲ့ ဘဝ ကောင်းကင်
ကိုယ့် ဘဝ အမြင်မှာ...
ကျဉ်းမြောင်းတယ် ကျယ်လွန်းတယ်ဆိုတာ
ခွဲခြားနိုင်တဲ့ စွမ်းအားတွေ မကွယ်ပျောက်စေနဲ့...
ရှေ့တိုး မလား နောက်ဆုတ် မလား
ကိုယ် ကိုယ်တိုင် မသိနိုင်သေးတဲ့အခါ
ပရိယာယ်များလွန်းတဲ့ နှောင်ကြိုးတွေထဲမှာ
ဆုပ်ကိုင် ရစ်ပတ်မမိစေနဲ့...
အနိုင် အရှုံး နှစ်ခုကြားမှာ
ကိုယ့် ကိစ္စနဲ့ ကိုယ် ဗျာများနေတဲ့အခါ
မာယာတွေ ခင်းကျင်းတဲ့
ကျော့ကွင်းမှာ ကျင်လည် ကျက်စားမနေပါနဲ့..
လေလာရာကို ယိမ်းနွဲ့တတ်တဲ့
အတွင်း အပြင် နှစ်ခုဟာ
ထာဝရ မတည်မြဲဘူးဆိုတာ သိခဲ့ရင်
လွတ်လွတ် လပ်လပ် ပျံသန်းတာ
အကောင်းဆုံး ပျံသန်းခြင်းပါပဲ...။
ငုတ်မိ သဲတိုင် တတ်နိုင် ဖျားရောက်ပေါ့...
ဘဝနဲ့ မကိုက်ညီတဲ့အခါ
ကိုယ့် ဒူးကို ကိုယ် ချွန်လို့
ကိုယ့်ဝန် ကိုယ်ထမ်းရင်း
အချိန်ဆိုတာ...
ကုန်မှန်းမသိ ကုန်ဆုံးသွားပါလိမ့်မယ်...။
ဒါပေမဲ့...
ဘဝကို အိတ်သွန် ဖာမှောက်ပြီး
ကမ္ဘာမြေကြီးပေါ်မှာ အန်ချလိုက်တဲ့အခါ
ဆန္ဒတွေဟာ ဒီမြေပေါ်မှာ ဆန့်မယ်မထင်ပါဘူး...။
သို့သော်...
လိုရင်းကို ဖြည့်စွတ်
ပိုနေတာတွေ စွန့်ပစ်လို့
အမြင့်တတ်ဖို့ ကြိုးစားနေတုန်း
တော်တာ မတော်တာ မစဉ်းစားပဲ
ရူးသွပ်မှုကို ဦးစားပေးခဲ့ရင်တော့
အမှားဆိုတာ ဖြစ်လာမှာပေါ့..။
တခုတော့ ရှိတယ်..
သည်ခရီးဟာ မပြီးဆုံးသေးဘူး...
ခန့်မှန်းရခက်လွန်းလို့ မရေရာ မသေချာနဲ့
ကွယ်လွန်သွားတဲ့ နေ့ရက်တွေဟာ
အတိတ်ရဲ့ သမိုင်းဖြစ်ခဲ့
တွေးလိုက်တိုင်း ကျေနပ်မှု မရှိတဲ့
ဘဝ အစိတ်အပိုင်းဟာ
နာရီတွေသာ ကုန်ဆုံးသွားခဲ့တယ်...။
ဒါပေမဲ့...
ဖြစ်ချင်သလို မဖြစ်နိုင်ပေမဲ့
ဖြစ်သင့် ဖြစ်ထိုက်တဲ့
ဘဝဆိုတဲ့ နာရီ လက်တံပေါ်မှာ
ရလာဒ်ကောင်းတွေကို
အကောင်အထည် ဖော်ဆောင်နေတုန်း...။
ကျဉ်းမြောင်းတယ် ကျယ်လွန်းတယ်ဆိုတာ
ခွဲခြားနိုင်တဲ့ စွမ်းအားတွေ မကွယ်ပျောက်စေနဲ့...
ရှေ့တိုး မလား နောက်ဆုတ် မလား
ကိုယ် ကိုယ်တိုင် မသိနိုင်သေးတဲ့အခါ
ပရိယာယ်များလွန်းတဲ့ နှောင်ကြိုးတွေထဲမှာ
ဆုပ်ကိုင် ရစ်ပတ်မမိစေနဲ့...
အနိုင် အရှုံး နှစ်ခုကြားမှာ
ကိုယ့် ကိစ္စနဲ့ ကိုယ် ဗျာများနေတဲ့အခါ
မာယာတွေ ခင်းကျင်းတဲ့
ကျော့ကွင်းမှာ ကျင်လည် ကျက်စားမနေပါနဲ့..
လေလာရာကို ယိမ်းနွဲ့တတ်တဲ့
အတွင်း အပြင် နှစ်ခုဟာ
ထာဝရ မတည်မြဲဘူးဆိုတာ သိခဲ့ရင်
လွတ်လွတ် လပ်လပ် ပျံသန်းတာ
အကောင်းဆုံး ပျံသန်းခြင်းပါပဲ...။
ငုတ်မိ သဲတိုင် တတ်နိုင် ဖျားရောက်ပေါ့...
ဘဝနဲ့ မကိုက်ညီတဲ့အခါ
ကိုယ့် ဒူးကို ကိုယ် ချွန်လို့
ကိုယ့်ဝန် ကိုယ်ထမ်းရင်း
အချိန်ဆိုတာ...
ကုန်မှန်းမသိ ကုန်ဆုံးသွားပါလိမ့်မယ်...။
ဒါပေမဲ့...
ဘဝကို အိတ်သွန် ဖာမှောက်ပြီး
ကမ္ဘာမြေကြီးပေါ်မှာ အန်ချလိုက်တဲ့အခါ
ဆန္ဒတွေဟာ ဒီမြေပေါ်မှာ ဆန့်မယ်မထင်ပါဘူး...။
သို့သော်...
လိုရင်းကို ဖြည့်စွတ်
ပိုနေတာတွေ စွန့်ပစ်လို့
အမြင့်တတ်ဖို့ ကြိုးစားနေတုန်း
တော်တာ မတော်တာ မစဉ်းစားပဲ
ရူးသွပ်မှုကို ဦးစားပေးခဲ့ရင်တော့
အမှားဆိုတာ ဖြစ်လာမှာပေါ့..။
တခုတော့ ရှိတယ်..
သည်ခရီးဟာ မပြီးဆုံးသေးဘူး...
ခန့်မှန်းရခက်လွန်းလို့ မရေရာ မသေချာနဲ့
ကွယ်လွန်သွားတဲ့ နေ့ရက်တွေဟာ
အတိတ်ရဲ့ သမိုင်းဖြစ်ခဲ့
တွေးလိုက်တိုင်း ကျေနပ်မှု မရှိတဲ့
ဘဝ အစိတ်အပိုင်းဟာ
နာရီတွေသာ ကုန်ဆုံးသွားခဲ့တယ်...။
ဒါပေမဲ့...
ဖြစ်ချင်သလို မဖြစ်နိုင်ပေမဲ့
ဖြစ်သင့် ဖြစ်ထိုက်တဲ့
ဘဝဆိုတဲ့ နာရီ လက်တံပေါ်မှာ
ရလာဒ်ကောင်းတွေကို
အကောင်အထည် ဖော်ဆောင်နေတုန်း...။
တက္ကသိုလ်မြတ်မင်း
Labels:
ကဗျာ,
မူလစာမျက်နှာ
မမြင်နိုင်သော ဂူထဲက အမှောင်

မမြင်နိုင်သော ဂူထထဲက အမှောင်
ကာလာတွေ ချယ်သထားပေမဲ့
အချိန်ကြာလာတော့လည်း
အရောင်တွေ လွင့်ပြယ်သွားတာ
သဘာဝလားတဲ့....။
သဘာဝတော့ သဘာဝပဲပေါ့...
အရွယ်နဲ့ မလိုက်ဖက်အောင်
ထိရှမှုတွေ ပြင်းထန်
လောကဓံရဲ့ ကကွက်စုံတွေထဲ
အကြိမ်ကြိမ် ယစ်မူး
မှားကွက်ပေါင်း အသင်္ချေနဲ့
အဖြေ တခုကို ရှာဖွေနေဆဲ....။
မတွေ့ မမြင်နိုင်သေးဘူး..
သည်မှာ တွေးခေါ်မှု သံသယတွေနဲ့
အမှားကို ချိုမြိန်စွာ သောက်သုံး
မလေ့ကျက်မိတဲ့ စိတ်အစဉ်ဟာ
တကယ်တမ်းတော့....
ခုတုံ တခုလို့ ဖြစ်နေတုန်း....။
ပြဿဒါးလား ရက်ရာဇာလား
နေ့ရက်တွေကို တွက်စစ်
ကိန်းမှားနေတဲ့ သင်္ချာရဲ့ ဥပဒေသဟာ
အခုတော့လည်း
ပြဿဒါးလိုပဲ မှားနေဆဲ....။
ဒီလိုနဲ့ အချိန်ကိုက်
အမှားပေါ်မှာ တယူသန်လွန်းတယ်...
တကယ် မထင်ထားခဲ့တဲ့
မာနနဲ့ စွဲကပ်နေတဲ့ ဥပါဒါန်ဟာ
ခြောက်လန့်နေတဲ့ တစ္ဆေတကောင်လို
အမှောင်ရောက်တိုင်း ကြီးစိုးနေဆဲ...။
အချိန်ကြာလာတော့လည်း
အရောင်တွေ လွင့်ပြယ်သွားတာ
သဘာဝလားတဲ့....။
သဘာဝတော့ သဘာဝပဲပေါ့...
အရွယ်နဲ့ မလိုက်ဖက်အောင်
ထိရှမှုတွေ ပြင်းထန်
လောကဓံရဲ့ ကကွက်စုံတွေထဲ
အကြိမ်ကြိမ် ယစ်မူး
မှားကွက်ပေါင်း အသင်္ချေနဲ့
အဖြေ တခုကို ရှာဖွေနေဆဲ....။
မတွေ့ မမြင်နိုင်သေးဘူး..
သည်မှာ တွေးခေါ်မှု သံသယတွေနဲ့
အမှားကို ချိုမြိန်စွာ သောက်သုံး
မလေ့ကျက်မိတဲ့ စိတ်အစဉ်ဟာ
တကယ်တမ်းတော့....
ခုတုံ တခုလို့ ဖြစ်နေတုန်း....။
ပြဿဒါးလား ရက်ရာဇာလား
နေ့ရက်တွေကို တွက်စစ်
ကိန်းမှားနေတဲ့ သင်္ချာရဲ့ ဥပဒေသဟာ
အခုတော့လည်း
ပြဿဒါးလိုပဲ မှားနေဆဲ....။
ဒီလိုနဲ့ အချိန်ကိုက်
အမှားပေါ်မှာ တယူသန်လွန်းတယ်...
တကယ် မထင်ထားခဲ့တဲ့
မာနနဲ့ စွဲကပ်နေတဲ့ ဥပါဒါန်ဟာ
ခြောက်လန့်နေတဲ့ တစ္ဆေတကောင်လို
အမှောင်ရောက်တိုင်း ကြီးစိုးနေဆဲ...။
Labels:
ကဗျာ,
မူလစာမျက်နှာ
Wednesday, August 28, 2013
ရုပ်သေးပမာ စိတ်စေရာ

ရုပ်သေးပမာ စိတ်စေရာ
လှောင်ပိတ်နေတဲ့ ဘဝမှာ
မွန်းကျပ်မှုတွေ ပြည့်နှယ်လွန်းလို့
အဝေးတနေရာကို ခရီးထွက်ဖို့
ကိုယ် ကိုယ်တိုင် ကြိုးစားခဲ့တာ
အကြိမ် တစ်ရာမကခဲ့ဘူး....။
ဒါပေမဲ့...
မလွတ်လပ်တဲ့ နှောင်ကြိုးတွေ ရစ်ပတ်
တင်းကျပ်တဲ့ ဘဝရဲ့ စည်းမျဉ်းတွေအောက်
ဆင်းရဲခြင်း ချမ်းသာခြင်းဆိုတဲ့
အလွှာတွေ အထပ်ထပ်နဲ့
ကိုယ် ကိုယ်တိုင် အတ္တဆန်ဆန်
ဇောချွေးတွေ စီးဆင်းနေဆဲ....။
သို့သော်...
ခရီးက သိပ်ဝေးလွန်းတယ်...
အဆုံးအစ မရှိဘူး...
အဖွင့် အပိတ် တံခါးတွေလည်း
ကြာလာတော့ အိုဟောင်းလာပြီ...
လျှောက်လှမ်းတဲ့ ခြေလှမ်းတွေလည်း
မသယ်နိုင်လောက်အောင် တုန့်ဆိုင်းလာပြီ...
သည်ခရီးက မောဟိုက်မှုတွေ
ဇာတိ ပြလာပြီဆိုတော့....။
ဒီလိုနဲ့ အပြောလွယ် အလုပ်ခက်တဲ့
ဒီလောကထဲမှာ
စိတ်ကူးယဉ်တယ်ဆိုတာ...
အကောင် အထည် မဖော်နိုင်သေးတဲ့
အထီးကျန်နေတဲ့ ဘဝရဲ့ ပုံရိပ်တခုပါပဲ...။
တခါတလေ...
ကိုယ် ကိုယ်တိုင် ဘဝ အခန်းကျဉ်းထဲမှာ
အဖော်မဲ့ တယောက်တည်း နေတယ်ဆိုတာ...
မောနေတဲ့ စိတ်ကို အပန်းဖြေဖို့ဆိုပေမဲ့...
တကယ်တမ်းတော့..
ကိုယ် စိတ်ကို ပိုပင်ပန်းရမှန်း
ကိုယ် ကိုယ်တိုင် သိလာပါတယ်....။
မွန်းကျပ်မှုတွေ ပြည့်နှယ်လွန်းလို့
အဝေးတနေရာကို ခရီးထွက်ဖို့
ကိုယ် ကိုယ်တိုင် ကြိုးစားခဲ့တာ
အကြိမ် တစ်ရာမကခဲ့ဘူး....။
ဒါပေမဲ့...
မလွတ်လပ်တဲ့ နှောင်ကြိုးတွေ ရစ်ပတ်
တင်းကျပ်တဲ့ ဘဝရဲ့ စည်းမျဉ်းတွေအောက်
ဆင်းရဲခြင်း ချမ်းသာခြင်းဆိုတဲ့
အလွှာတွေ အထပ်ထပ်နဲ့
ကိုယ် ကိုယ်တိုင် အတ္တဆန်ဆန်
ဇောချွေးတွေ စီးဆင်းနေဆဲ....။
သို့သော်...
ခရီးက သိပ်ဝေးလွန်းတယ်...
အဆုံးအစ မရှိဘူး...
အဖွင့် အပိတ် တံခါးတွေလည်း
ကြာလာတော့ အိုဟောင်းလာပြီ...
လျှောက်လှမ်းတဲ့ ခြေလှမ်းတွေလည်း
မသယ်နိုင်လောက်အောင် တုန့်ဆိုင်းလာပြီ...
သည်ခရီးက မောဟိုက်မှုတွေ
ဇာတိ ပြလာပြီဆိုတော့....။
ဒီလိုနဲ့ အပြောလွယ် အလုပ်ခက်တဲ့
ဒီလောကထဲမှာ
စိတ်ကူးယဉ်တယ်ဆိုတာ...
အကောင် အထည် မဖော်နိုင်သေးတဲ့
အထီးကျန်နေတဲ့ ဘဝရဲ့ ပုံရိပ်တခုပါပဲ...။
တခါတလေ...
ကိုယ် ကိုယ်တိုင် ဘဝ အခန်းကျဉ်းထဲမှာ
အဖော်မဲ့ တယောက်တည်း နေတယ်ဆိုတာ...
မောနေတဲ့ စိတ်ကို အပန်းဖြေဖို့ဆိုပေမဲ့...
တကယ်တမ်းတော့..
ကိုယ် စိတ်ကို ပိုပင်ပန်းရမှန်း
ကိုယ် ကိုယ်တိုင် သိလာပါတယ်....။
တက္ကသိုလ်မြတ်မင်း
Labels:
ကဗျာ,
မူလစာမျက်နှာ
Subscribe to:
Posts (Atom)
အမေပေးသောနှလုံးသား

လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။
အမေ...အမေ

ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...