အမြင်သန်မှာ အယူမှန်မှာ
မသိတဲ့ အတိတ်တွေမှာ..
အဝိဇ္ဇာတွေက ချိတ်ပိတ်...
သင်္ခါရ နယ်ပယ်မှာ ကျင်လည်ရင်း...
ဝဋ်သုံးပါးရဲ့ အောက်မှာ တဖန် မွေးဖွား...
မသိမှုတွေ ပျော်မွေ့နေတဲ့ ဘဝနဲ့...
ရှင်သန်ဖို့ ကြိုးစားခဲ့သမျှ...
အစိုးမရတဲ့ မျဉ်းပြိုင်ပေါ်မှာ လဲကျ...
ပြန်ထဖို့ ရုန်းကန်ရင်း...
ဘဝဆည်းဆာ ငေးကြည့်...
အပ္ပမာဒတွေ မေ့ပျောက်နေတဲ့ အမှောင်...
ဘယ်သူမှ အလင်းပေးမှာ မဟုတ်ဘူး...။
အဝိဇ္ဇာတွေက ချိတ်ပိတ်...
သင်္ခါရ နယ်ပယ်မှာ ကျင်လည်ရင်း...
ဝဋ်သုံးပါးရဲ့ အောက်မှာ တဖန် မွေးဖွား...
မသိမှုတွေ ပျော်မွေ့နေတဲ့ ဘဝနဲ့...
ရှင်သန်ဖို့ ကြိုးစားခဲ့သမျှ...
အစိုးမရတဲ့ မျဉ်းပြိုင်ပေါ်မှာ လဲကျ...
ပြန်ထဖို့ ရုန်းကန်ရင်း...
ဘဝဆည်းဆာ ငေးကြည့်...
အပ္ပမာဒတွေ မေ့ပျောက်နေတဲ့ အမှောင်...
ဘယ်သူမှ အလင်းပေးမှာ မဟုတ်ဘူး...။
ကိုယ်တိုင် အလင်းပေးပါ...
ဆင်းရဲခြင်း ဒုက္ခကို ရင်ဝယ်ပိုက်ထား...
ရုန်းကန်သမျှ ဝီရိယဆွဲအားနဲ့...
အတ္တတွေ ရှောင်ကွင်း...
လောဘတွေ သုတ်သင်
ဒေါသတွေ ခုတ်ထွင်းလို့
မာနတွေ မခင်းကျင်းတဲ့ လမ်းမှာ...
အဖြူရောင် စိတ်ထားနဲ့...
ဘဝကို လင်းစေတာ အမြတ်စခန်းတခုပါပဲ...။
တကယ်တမ်း...
ရပ်တည်နေတဲ့ သဘာဝကို
အရှိကို အရှိတိုင်းထား...
အသိကိုတော့ အသိတိုင်း မထားနဲ့...
တဆင့်တတ်ပြီး ရင့်ကျက်...
အမြင့်ဆိုတာ...
ဘာနဲ့ တက်တက်...
အလွယ်တကူ ရောက်ဖို့ မလွယ်ဘူး...
အထင်မမှားစေနဲ့...
အယူမှန်ဖို့ အမြင်သန်မှ ဖြစ်မယ်....။
K. W. Punnavamsa (ခ) တက္ကသိုလ်မြတ်မင်း
http://www.venpunnavamsa2.com
No comments:
Post a Comment