သူငယ်ချင်း....
လဲကျဖူးတဲ့ အတွေးတွေထဲက နိုးထခဲ့ပါ...
ဆုံးဖြတ်ချက်တွေ အားကောင်းလာတဲ့အခိုက်...
ကိုယ့်စွမ်းအားတွေနဲ့ ပြဿနာတွေကို ကျော်ဖြတ်...
အခက်အခဲတွေကို ရှင်းလင်း သုတ်သင်လို့....
သံသယ ကင်းတဲ့ ကျောက်သားထက်မှာ...
အကျင့်ဆိုးတွေကို လျှော်ဖွတ်ပြီး...
တောက်ပလာတဲ့ အနာဂတ်အလင်းကို ကြည့်ရှု...
ကျက်သရေရှိရှိ ခွန်အားရှိရှိနှင့် ရိုးသားမှုကို ရှာဖွေရင်း...
မပြိုလဲသွားတဲ့ ရည်မှန်းချက်ဟာ...
ငါတို့ လျှောက်လှမ်းနေတဲ့ ပန်းတိုင်ပေါ့...။

တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment