Sunday, November 25, 2012

အဝိဇ္ဇာမှ ဝိဇ္ဇာ ဖြစ်သော တန်ဆောင်းမုန်း လပြည့်နေ့


အဝိဇ္ဇာမှ ဝိဇ္ဇာ ဖြစ်သော တန်ဆောင်းမုန်း လပြည့်နေ့


မနေ့က ညနေစောင်း မိုးများက သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ဝန်းကျင်ကို ရွာသွန်းနေပါတယ်။ ဒီနေ့တော့ သီရိလင်္ကာရဲ့ နံနက်ခင်း နေရောင်ခြည်က တောက်ပလျက်ရှိနေပါသည်။ စာရေးသူ၏ ကလောင်သွားများကလည်း လှုပ်ရှားအသက်ဝင်လျက် တန်ဆောင်းမုန်း လပြည့်နေ့ အကြောင်းလေးတွေကို ရေးသားနေခြင်းပင်ဖြစ်သည်။

ဘာကြောင့်လည်းဆိုတော့ မြတ်ဗုဒ္ဓ ဟောကြားတော်မူသော တရားတော်ကြောင့် အယူမှားမှုမှ အယူမှန်လာသော အဇာတသတ်မင်းကြီး အကြောင်းကို ဗုဒ္ဓဘာသာဝင်တွေ
အနေနဲ့ နှစ်တွေ လတွေ ဘယ်လိုပင် ပြောင်းလွဲလာပေမဲ့ ဗုဒ္ဓဘာသာ၏ အထိမ်းမှတ် နေ့ထူးတွေကိုတော့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ သတိပြုမိမည်မှာ မလွဲပါ။

ယခုအခါ သာသနာနှစ် ၂၅၅၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ခရစ်နှစ် ၂၀၁၂ ခုနှစ်၏ တန်ဆောင်မုန်းလပြည့်နေ့သည် သာမညဖလ အခါတော်နေ့ ဖြစ်ပါတယ်။

သာမညသည် သမဏ၏အဖြစ် ရသေ့၊ရဟန်း ပြုလုပ်ခြင်း၏ အဖြစ်ဟု အနက်အဓိပ္ပါယ်ရ၍ ဖလသည် အကျိုးကျေးဇူးဟု အနက်အဓိပ္ပါယ်ရရှိပါသည် ထို့ကြောင့် သာမညဖလ ဟူသည်မှာ ရသေ့၊ရဟန်း ပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး ဟု အဓိပ္ပါယ်ဖွင့်ဆိုရပါသည်။

တနည်းပြောရလျင် တန်ဆောင်မုန်းလသည် မြန်မာ့ (၁၂) လ ရာသီတွင် ရှစ်လမြောက် လ ပင်ဖြစ်သည်။ မိုးလေကင်းစင်၍ နက္ခတ်တာရာစုံ ထွန်းပသော လ လည်းဖြစ်သည်။

ပင်းယခေတ် စာဆိုတော် စတုရင်္ဂဗလအမတ်ကြီးက ''သရဒံတု ကာလာနံ'' အချိန်အခါနေ့တွင် တန်ဆောင်မုန်းလသည် သာယာအလှပဆုံး အချိန်အခါဖြစ်သည်ဟု ဖွဲ့ဆိုခဲ့သည်။

သာမညဖလသုတ်တော် ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့ဟူ၍ သတ်မှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့သည် တန်ဆောင်မုန်းလပြည့်နေ့ အခါသမယတွင် သာမညဖလတရားတော်ကို နာကြားပူဇော်လေ့ရှိကြသည်။

အခါတစ်ပါး၌ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားသည် (၁၂၅၀) တစ်ထောင့်နှစ်ရာ့ငါးကျိပ်ရှိသော ရဟန်းသံဃာတော်တို့ နှင့် အတူ ရာဇဂြိုလ်မြို့ အဘယမင်းသား၏ မွေးစားသားဖြစ်သော သမားတော်ကြီး ဆရာဇီဝက၏ သရက် ဥယျာဉ်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူစဉ် ကောင်းကင်က ငွေစန္ဒာ လမင်းကြီး အစွမ်းကုန် ထိန်ထိန်သာသည့် တန်ဆောင်မုန်း လပြည်နေ့ည အခါဖြစ်သည်။

အဲဒီအချိန် အတိတ်ကာလက အမှားတွေ ဗလာပွနဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသော မာဂဓတိုင်းဘုရင် အဇာတသတ်သည် သူယုတ်မာ ဆရာဒေ၀ဒတ်စကားကို လိုက်နာ၍ သောတပန်အရိယာဖြစ်သော ခမည်းတော် ဗိမ္မိသာရမင်းကြီးကို ခြေဖ၀ါးဓားနဲ့ ခွဲ၊ ဆားနှင့်သိပ်ပြီး မသေသေအောင် သတ်ခဲ့သည့် နောင်တတွေနှင့် သူ၏သားတော် ဥဒယဘဒ္ဒ ဖွားမြင်သည့်နေ့တွင် မိဘကျေးဇူးကို စတင်သိခဲ့ရပြီး သူ၏ မိုက်ပြစ်ကို နောင်တကြီးစွာ ရခဲ့လေသည်။ သူ၏ဆရာဖြစ်သော ဒေ၀ဒတ်လည်း မြတ်စွာဘုရားရှင်အား ပြစ်မှား လုပ်ကြံပြီးနောက် မြေမျိုခံခဲ့ရပြီ ဖြစ်သည်။

အဲဒီအချိန်မှစပြီး အဇာတသတ်၏ စိတ်အစဉ်သည် အတိတ်ကာလဆီက ပြုခဲ့သော အကုသိုလ်ကံ၏ အရိပ်နိမိတ်တို့က သူ့အား အချိန်ရှိတိုင်း ခြောက်လှန့်၍နေပါသည်။ တနေ့ အဇာတသတ်မင်းသည် မူးမတ် ပေါင်းစုံလင်စွာဖြင့် ညီလာခံသဘင် ကျင်းပနေပါတယ်။ ညီလာခံကျင်းပရာတွင်လည်း အဇာတသတ်က အကုသိုလ် နိမိတ်များ ဖြစ်လာသည့် အကြောင်းကိုသာ တင်ပြလာသည်။ ထို့ကြောင့် ဆရာဇီဝကက အဇာတသတ်၏ အကုသိုလ်များ ဖြေဖျောက်နိုင်ရန် အလိုငှာ ဇေတဝန သရက်ဥယျာဉ်မှာ မြတ်စွာဘုရား သီတင်းသုံးတော်မူသည်ကို လျှောက်တင်လိုက်သည်။ ပြီးတော့ အသေးစိတ်အားဖြင့် ဆရာဇီဝက၏ လျှောက်တင်ချက်အတိုင်း လက်ခံပြီး မြတ်စွာဘုရား သီတင်းသုံးတော် မှုရာ ဇေတဝန သရက်ဥယာဉ်ကျောင်းတိုက်သို့ မှုးမတ်ဗိုလ်ပါ အခြံအရံများစွာခေါ်၍ သွားလေ၏။

အဇာတသတ်မင်းကြီးသည် စစ်သည်ဗိုလ်ပါတွေနှင့် ခရီးဆက်လာရင်း လမ်းခုလပ် ရောက်တော့ ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်မျိုး ငါးဝကင်းစင်ပပြီး ကြည်နူးသာယာ ဘွယ်ကောင်းတဲ့ တန်ဆောင်မုန်းလပြည့် ညရဲ့ အလှအပကို ကြည့်ပြီးသော်အခါ.............

၁။ ရမဏီယာ ဝတ= မွေ့လျော်ဖွယ်ကောင်းသော ညပါတကား။

၂။ အဘိရူပါ ဝတ= အလွန်လှပသော ညပါတကား။

၃။ ဒဿနီယာ ဝတ = ရှုဖွယ်ကောင်းသောညပါတကား။

၎။ ပါသာဒိကာ ဝတ=ကြည်လင် ရွှန်းပသော ညပါတကား။

၅။ လက္ခညာ ဝတ= မေ့မရနိုင်သောညပါတကား။

လို့ မှူးမတ် အပေါင်း ခြံရံသည့်ကြားက အဇာတသတ် မင်းသားက အထက်ပါ စကားငါးခွန်းနဲ့ ချီးမွမ်းနေပါတယ်။

သို့သော် အဇာတသတ်မင်းကြီးဟာ အဖေကို သတ်မိတဲ့ သောကတွေနှင့် မိမိပြုလုပ်မိတဲ့ အကုသိုလ်ကံကြောင့် အလွန် ကြည်နူးသာယာ ဖွယ်ကောင်းတဲ့ တန်ဆောင်မုန်း လပြည့်ညရဲ့ အလှအပကို မခံစားနိုင်ပဲ ဖြစ်နေပါတယ်။ ညရဲ့ အမှောင်ကလည်း တဖြေးဖြေး ကြီးစိုးလာပါတယ်။ အဇာတသတ်မင်းကြီးကလည်း ဆရာဇီဝက "ငါ့ကို လုပ်ကြံမှာလား" ဒွိဟ စိတ်တွေ ဝင်လာသလို အတွေး အိမ်ထဲမှာ ကြောက်စိတ်တွေကလည်း တဖြေးဖြေး ကြီးစိုးနေပါတယ်။ မှူးမတ် ဗိုလ်ပါတွေကလည်း မီးတုတ်လေးများ ကိုယ်စီ ကိုင်ဆောင်လျက် တရွေ့ရွေ့ လျှောက်လှမ်းနေပါတယ်။ ဆီးမီးတန်းများက ညရဲ့ အလှကို တန်ဆာဆင်နေသလို ကောင်းကင်က ငွေစန္ဒာ လမင်းကြီးနှင့် ကြယ်တွေကလည်း အလှတန်ဆာဆင်ပါတယ်။ 
 
မကြာမှီ မြတ်စွာဘုရား သီတင်းသုံးတော်မူသော ဇေတဝန သရက်ဥယျာဉ်ကို ရောက်သွားလေသည်။ အဇာတသတ်မင်းကြီးသည် မြတ်ဗုဒ္ဓ၏ ထံတော်ပါးတွင် ရိုသေစွာ ဦးခိုက်ကန်တော့၍ မြတ်စွာဘုရားအား ဤသို့လျှောက်တင်လေသည်။

Tuesday, November 20, 2012

အမေရိကန် သမ္မတ ဘရက် အိုဘားမားရဲ့ မိန့်ခွန်း ကောက်နှုတ်ချက်


အမေရိကန် သမ္မတ ဘရက် အိုဘားမားရဲ့ မိန့်ခွန်း ကောက်နှုတ်ချက်



I came here because of my respectful this University. He was here at the school where opposition colonial Rule. First of all, He was here that Aung San, editor of Magazine before leading to the independent movement.

He was here that U Thant learn the way of the world before guiding it at the United Nation.

U.S President Obama

နယ်ချဲ့ ကိုလိုနီ စနစ်ကို ဆန့်ကျင်ခဲ့တဲ့ သူဟာ ဒီရန်ကုန် တက္ကသိုလ်ကြီးမှာ ပညာသင် နေထိုင်သွားခဲ့သလို မြန်မာ့ လွပ်လပ်ရေး ခေါင်းဆောင် မဖြစ်ခင်က မဂ္ဂဇင်း အယ်ဒီတာ လုပ်ခဲ့တဲ့ မြန်မာ့ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ သူဟာ ဒီနေရာမှာ နေထိုင်သွားခဲ့တယ်။

ကမ္ဘာ့ကုလသမဂ္ဂမှာ ခေါင်းဆောင်မဖြစ်ခင်တုန်းက ကမ္ဘာကြီးရဲ့ အကြောင်းအရာ နည်းလမ်းတွေကို သင်ကြားခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ဆိုတဲ့ သူဟာ ဒီနေရာမှာပဲ ပညာသင်ရင်း နေထိုင်သွားခဲ့တယ်။

ဒါကြောင့်လည်း ကျွန်တော် လေးစားသောအားဖြင့် ဒီတက္ကသိုလ်ကြီးကို ကျွန်တော် ရောက်လာခဲ့တာပါ။

Wednesday, November 14, 2012

ဂန္ဒီငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဂန္ဒီ ပန်းပုရုပ်တု


ဂန္ဒီငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဂန္ဒီ ပန်းပုရုပ်တု


အပြင်က ပြန်ရောက်ပြီး ခဏကြာမှာ မိုးတဖွဲ့ဖွဲ့ကျနေပါတယ်။ ကိုလံဘိုမြို့လေးက မကုဋာရာမ မြန်မာကျောင်းရဲ့ ဝရန်တာဒေါင့်က ရေနွေးစားပွဲမှာ အနားယူ ထိုင်နေရင်း အငွေ့တထောင်းထောင်း ထွက်နေတဲ့ ရေနွေးတစ်ခွက်ကို ကိုင်သောက်နေတဲ့အခိုက် အမှတ်တမဲ့နဲ့ ဖေ့ဘုတ်ကို ဖွင့်လိုက်မိတယ်။

ဖေ့ဘုတ်ထဲက ဂန္ဒီ ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယအစိုးရလူကြီးမင်းများက မဟတ္တမ ဂန္ဒီကြီးရဲ့ ပန်းပု ရုပ်ပုံကို ပေးအပ်ခဲ့သည်ကို တွေ့လိုက်ရတော့ လေးစားစရာကောင်းလှတဲ့ မဟတ္တမ ဂန္ဒီကြီးရဲ့ အကြောင်းတစ်ခုကို ကောက်နုတ်ပြီး ရေးသားချင်တဲ့ စိတ်တွေ ပေါ်လာတာနဲ့ ကောက်နုတ်ချက် အချို့ကို ရေးသားလိုက်ပါတယ်။

"ခွင့်လွတ်ခြင်းသည် အပြစ်ပေးဒဏ်ထက် ပို၍ ယောကျာင်္း ပီသပါတယ်" လို့ မိန့်ခွန်းပြောသွားခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ နေဝန်းကြီးဖြစ်တဲ့ ငြိမ်းချမ်းရေး ဖခင် မဟတ္တမ ဂန္ဒီကြီးဟာ ယနေ့အထိ.... အိန္ဒိယလူမျိုးတွေရဲ့ နှလုံးသားမှာ ထာဝရ ရှင်သန် အသက်ဝင်သလို သူ့ရဲ့ မေတ္တာတွေ သည်းခံ ခွင့်လွတ်ခြင်းသည်တွေက ယနေ့အထိလည်း....ပို၍ နိုင်ငံဖခင် တစ်ယောက် ပီသနေတုန်း....။

အိန္ဒိယနိုင်ငံ ဖခင် မဟတ္တမ ဂန္ဒီကြီး၏ အကြောင်းလေးတစ်ခုကား......

တစ်နေ့ မဟတ္တမ ဂန္ဒီကြီး ခရီးသွားရန် ရထားပေါ်အတက်မှာ သူ၏ ဖိနပ်တစ်ဖက် ကျွတ်ပြီး အောက်ဘက် သံလမ်းပေါ်ကျသွားသည်။ ရထားက ထွက်စပြုနေပြီဖြစ်ရာ သူ မကောက်ယူနိုင်တော့ပါ။

ဘေးလူတွေ ငေးကြည့်နေကြစဉ် ဂန္ဒီက အေးအေး ဆေးဆေးပင် သူ့မှာ ကျန်နေသေးသည့် ဖိနပ် တစ်ဖက်ကို ချွတ်ကာ စောစောက ကျွတ်ကျခဲ့သည့် နေရာဘက်ဆီသို့ လှမ်းပစ်လိုက်သည်။

"ဟာ..... ဘာလုပ်တာလဲ" အလန့်တကြားဖြင့် အော် လိုက်သော ခရီးသည် တစ်ယောက်က မေးသည့်အခါ မဟတ္တမ ဂန္ဒီကြီးက ပြုံးပြလိုက်ပြီး

"ဒီလိုဗျ.... တစ်ဖက်တည်း ကောက်ရမည်ဆိုရင် အဆင်မပြေမှာစိုးလို့ ကျန်တစ်ဖက်ပါ ကျသွားတဲ့ နေရာကို ပစ်လိုက်တာ...
စောစောက တစ်ဖက်တည်း ကောက်ရမယ့်လူ အခုတော့ တစ်ရံ ရသွားမှာ ပေါ့ဗျာ။

အဲဒါဆို သူလည်း စီးလို့ ရသွားပြီလို့ မဟတ္တမ ဂန္ဒီကြီးက ခရီးသည်ကို ဖြေလိုက်ပါသည်။

ဒါတွေဟာ ကိုယ်မှာရှိတဲ့ စေတနာ မေတ္တာတရားအပြည့်နဲ့ သူတစ်ပါးရဲ့ ဆန္ဒတွေကို ဖြည့်ပေးလိုက်တာဖြစ်သလို အသေးမွှားလေးလို့ ယူဆထားတဲ့ ကိစ္စတစ်ခုကိုလည်း တက်နိုင်တဲ့ ဘက်က ဖြည့်ပေးနိုင်တဲ့ မေတ္တာတရားတွေ ပင်ဖြစ်သည်။

တကယ် ရှားပါးလှတဲ့ အသိတရားတွေ အတွေးခေါ်တွေဟာ ယနေ့ကမ္ဘာမှာ မရှိမဖြစ် လိုအပ်တဲ့ အရာတွေ ဖြစ်လာပါတယ်။  အဲဒါတွေက ကိုယ့်ကျင့်တရားနှင့် ပညာတို့ပင် ဖြစ်တယ်။

ပထမအချက်က....

(Morality is capital of life in all mankind) ကိုယ်ကျင့်တရားသည် လူ့ဘဝရဲ့ အရင်းနှီးဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ...

(Wisdom is similarly foot of man for all people) ပညာဆိုတာသည် လူသားရဲ့ မရှိမဖြစ် လိုအပ်သော ခြေထောက်နဲ့ တူပါတယ်။

ဒီနှစ်ချက်ကို ဟန်ချက်ညီညီ လျှောက်လှမ်းနိုင်လျင် လူသားအားလုံး ရည်မှန်းသော ပန်းတိုင်ကို မလွဲမသွေ ရောက်ရှိကြမည်ဖြစ်သည်။

Monday, November 12, 2012

သံသယရဲ့ အတွေး တစ်ထောင်


သံသယရဲ့ အတွေး တစ်ထောင်


ကော်ဖီတွေ ခါးတတ်
ပတ်ဝန်းကျင် ချားရဟတ်လို လည်ပတ်
သကြားနှစ်ဇွန်း ခတ်ထားတဲ့
မော်ဒန်တစ်ပုဒ်နဲ့ အတွေးတွေကို လည်ပတ်
မနေတတ်တဲ့ စိတ်က
သံသယကို မွေးဖွားစေခဲ့ပြီ...။

နေတက်ရင် ကျေနပ်စရာဆိုပေမဲ့
ပတ်ဝန်းကျင်က စိမ်းလန်းတဲ့
မြက်ခင်းပြင်ကို ငေးကြည့်...
သဘာဝ ရှုခင်းတွေကို ငေးကြည့်..
ညနေ ဆည်းဆာနဲ့ အပြိုင်လှနေတဲ့
တောအုပ်လေးရယ်...
တောင်တန်းကြီးရယ်...
ရွှေအိုရောင် ကောင်းကင်ရယ်..
ခဲသွားများ ခြစ်ခတ်ထားတဲ့
ကဗျာတွေရယ်...
အတွေးစကြာဝဠာထဲ ခရီးသွားနေဆဲ...။

အရာရာတိုင်း အချိန်တိုင်းမှာ
ကိုယ့် အတွေး ကိုယ် မှန်တယ်ဆိုပေမဲ့
ဆေးဆိုးပန်းရိုက် ပန်းတစ်ပွင့်နဲ့
အရာတစ်ခုခုကို ခူးခြွေဖို့
အမြင့်ပေါ်ကို တက်ခဲ့တဲ့
ကိုယ်ထောင်ထားတဲ့ လှေးကားဟာ
လူတစ်ယောက်ရဲ့ ဘဝမဖြစ်စေချင်တာ အမှန်ပဲ..။

အတွေးလှိုင်းပေါ်က ဘဝလှေ
ဘာပဲဖြစ်ဖြစ် လှော်ခတ်သူအတွက်တော့
မော်ဒန်ခေတ်ထဲ စီးဆင်းနေမှာပဲ..
ဒါပေမဲ့....
ကိုယ် ရေးးစပ်တဲ့ စာသားတွေဟာ
လစ်ဟာ ခေါက်ရိုး မကျိုးစေချင်ဘူး...။

ခလုပ်ထိမှ ဒဏ်ရာရတဲ့
ဝေဒနာ အဝတ်အစား မစီစဉ်တတ်သေးတဲ့
ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်
အဆီအငေါ်မတတ်တဲ့ ကြိုးတစ်ချောင်းကို
ယစ်ထုပ်လုပ်လို့ တေလေတစ်ယောက်လို
လေလွင့်ရင်း ခရီးဆက်ခဲ့ပြန်ပြီ...။

ညနေ ဆည်းဆာ ကွယ်ပျောက်သွားတဲ့
ကာရံမဲ့သော ညကဗျာများ
ကြယ်တွေနဲ့ ဆော့ကစားရင်း
အပူဓာတ် မကုန်ခမ်းသေးတဲ့
စကြာဝဠာကြီးကို အလှဆင်နေပါရဲ့
တငွေ့ငွေ့ လောင်ကျွမ်း ကျန်ရစ်တဲ့
မီးဇာတစ်ခုကို ကြိုဆိုလိုက်မိပြီ..။

လေစိမ်းတွေ တိုက်ခိုက်
စင်တီမီတာ ခန့်မှန်းလို့ မရတဲ့
တိုက်ခိုက်လာတဲ့ လေစိမ်း
တောင်ထိပ်ပေါ်မှာ နေရင်း
ခိုက်ခိုက်တုန် ချမ်းလှပါရဲ့...
ဒါပေမဲ့....
သဘာဝက တောင်းဆိုလာပြီ..။

သဘာဝ တောင်းဆိုလာတဲ့
ကိုယ်ထည် လှပတဲ့ စကြာဝဠာတွင်း
ဆောင်း ဝင်လာတဲ့ ည တစ်ည
ထီးဆောင်းထားတဲ့ လမင်းကြီးကို ငေးကြည့်
အမှတ်တမဲ့နဲ့ အပျိုစင် ကြယ်တွေ
မခိုတခိုနဲ့ ရှက်ပြုံး ပြုံးနေပါရဲ့
ဒါပေမဲ့...
ရနံ့မဲ့ နှင်းစက်လေးတွေ ကြွေလာပြီ...။

Monday, November 5, 2012

သီရိလင်္ကာအကြောင်း သိကောင်းစရာ


သီရိလင်္ကာအကြောင်း သိကောင်းစရာ


ဒီနေ့ မနက် နေရောင်ခြည်ရဲ့ အလင်းအောက်မှာ စာရေးသူသည် coffee လေး သောက်ရင်း အတွေးလေးတွေ အရိပ်ထိုးချသလားလို့ ထင်လောက်အောင် အမှတ်မထင် အတွေးလေးတစ်ခု ဝင်ရောက်ပါတယ်။ အဲဒါကတော့ (History of Sri Lanka) သီရိလင်္ကာနိုင်ငံရဲ့ သမိုင်းလေး အချို့နဲ့ (Sri Lanka Culture) သီရိလင်္ကာ ယဉ်ကျေးမှု ပုံရိပ်လေးတွေပင် ဖြစ်သည်။ သီရိလင်္ကာနိုင်ငံသည် (Geology or Map of Sri Lanka) မဟာပထဝီဝင် မြေပုံ ပုံစံ အနေနဲ့ ကြည့်လျှင် (South Asia) တောင်ဘက် အာရှနိုင်ငံတွင် ပါဝင်သော နိုင်ငံဖြစ်သည်။ တောင် အာရှနိုင်ငံဖြစ်သော သီရိလင်္ကာနိုင်ငံကို မြန်မာပြည်သူတွေ အနေနဲ့ လင်္ကာဒီပကျွန်း၊ သီဟိုဠ် ကျွန်းလို့ အသိများကြသည်။

(သီရိလင်္ကာ သမိုင်း အကျဉ်းချုပ်)

မြတ်စွာဘုရားရှင်သည် မဟာပရိနိဗ္ဗာန် စံဝင်တော်မူသည့်နေ့မှာပင် ဝိဇယဗာဟု မင်းသားသည် မဇ္ဈိမဒေသ အိန္ဒိယမှ လင်္ကာဒီပကျွန်းသို့ ရောက်လာခဲ့၍ ဘီလူးမ ကုဝဏ္ဏာနှင့် သင့်သည်၊ သီရိယဝတ္ထုပြည် မဟာကာလသေန ဘီလူးမင်းနှင့် လင်္ကာဒီပပြည် ဂေါဏ္ဍာဘီလူးမ သမီး ပါလ မိတ္တာကို မင်္ဂလာဆောင်သည့် ပွဲ၌ ဘီလူးအပေါင်းကိုသတ်ပြီးမှ တမ္ပပဏ္ဏိယမြို့သို့ တည်၍ ဒက္ခိ ဏ ပဒ မဓူရပြည် ဗဏ္ဍုမင်းသမီးနှင့် ၃၈ နှစ်မင်းပြု၏။ ဝိဇယဗာဟုမင်း နန်းတက်လာသည့် အချိန်မှ စ၍ လူနေ ဒေသဖြစ်လာသည်။ ဝိဇယမင်း နတ်ရွာစံပြီနောက်တွင် ပဏ္ဍုဝါသု ဒေဝ မရောက်မီ၌ သီဟိုဠ်မင်းဆက်မှာ ၁ နှစ် လပ်နေခဲ့သည်။

ဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီနောက် သာသနာနှစ် ၄ဝ ပြည့် ဝိဇယညီ သုမိတ္တာ သား ဗဏ္ဍုဝါ သုဒေဝ က နှစ် ၃ဝ မင်း ပြု၏။ သာသနာတော် ၇ဝ ရောက်ရှိသောအခါ ထိုမင်း၏သား အဘယ မင်းသာက နှစ် ၂ဝ မင်းပြု၏။ သာသနာတော် ၉ဝ ခုနှစ် ရောက်ရှိသောအခါ အဘယညီ တိဿ မင်းသားက ၁၇ နှစ် မင်းပြု၏။ သာသနာတော် ၁ဝ၇ ခုနှစ် ရောက်ရှိသောအခါ အဘယတူ ပဏ္ဍုကာဘယ က နှစ် ၇ဝ မင်းပြု၏။ သာသနာ ၁၇၇ ခုနှစ် ရောက် ရှိသောအခါ ထို မင်း၏ သား မုဋသီဝ အနှစ် ၆ဝ မင်း ပြု၏။ အကျဉ်းချုပ် အနေအားဖြင့် သီဟိုဠ်မင်းဆက်ပေါင်း ၁၇၇- ရှိသည်။

သီရိလင်္ကာနိုင်ငံသည် ခရစ်-၁၅၀၅ ခုနှစ် ပေါ်တူဂီ လူမျိုးများ၊ ၁၆၀၂-၁၆၅၈-ခုနှစ် ဒတ်ခ်ျ (နယ်သာလန်) လူမျိုးများ၊ ၁၇၉၆-ခုနှစ် ဗြိတိသျှ လူမျိုးတို့၏ သိမ်းပိုက်ခြင်း ခံခဲ့ရပါသည်။ ၁၉၄၈-ခုနှစ်၊ ဖေဖေါ်ဝါရီလ-၄ ရက်နေ့မှာ ဒိုမီနိယံ လွတ်လပ်ရေးရကာ ၁၉၇၂- ခုနှစ်၊ မေလ- ၂၂ ရက်မှစ၍ သီရိလင်္ကာသမ္မတနိုင်ငံ ဖြစ်လာသည်။ အဲဒီအချိန်တုန်းက အနောက်တိုင်း လူမျိုးများက သီရိလင်္ကာနိုင်ငံကို (Ceylon) စီလွန် ဟု ခေါ်ဝေါ်ခဲ့ကြသည်။ ယခုအခါ သီရိ လင်္ကာနိုင်ငံသည် Republic of Sri Lanka ဖြစ်လာသည်။

(မြေပုံအနေထား၊ လူဦးရေနှင့် ဗုဒ္ဓဘာသာဝင်များ)

သီရိလင်္ကာနိုင်ငံသည် မြန်မာပြည်၏ အနောက်ဘက်တွင် တည်ရှိသော နိုင်ငံ တစ်နိုင်ငံဖြစ် သည်။ အခြားတစ်ဘက်တွင်လည်း သီရိလင်္ကာနိုင်ငံသည် အိန္ဒိယပြည်တောင်ဘက် အိန္ဒိယ ပင်လယ်အတွင်း တည်ရှိရကား၊ အိန္ဒိယဆိပ်ကမ်းမှ ၂၂-မိုင်၊ ရန်ကုန်မှ ၁၂၃၅-မိုင် အကွာအဝေး မှာ တည်ရှိပါသည်။ သီရိလင်္ကာနိုင်ငံသည် အလျား-၂၇၀၊ အနံ-၁၄၀-မိုင်၊ အကျယ်စတုရန်း-၂၅၃၃၂-မိုင် ရှိသည်။ သီရိလင်္ကာသည် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒိယားနိုင်ငံ တို့နှင်အတူ ထေရ၀ါဒဗုဒ္ဓဘာသာ ငါးနိုင်ငံတွင် ပါဝင်သော နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ထို့အပြင် ပြီခဲ့သော မတ်ခ်ျလ ၂၀ ရက်နေ့ ၂၀၁၂ ခုနှစ်တွင် လူဦးရေ သန်း-၂၀- ၂၇၇-၅၉၇ ရှိ ၍ ဗုဒ္ဓဘာသာဝင် ၆၉-ရာခိုင်းနှုန်း၊ ရဟန်းသံဃာ ၄-သောင်းကျော် ရှိသည်။

(သာသနာ စတင်ရောက်ရှိချိန်)

သီရိလင်္ကာ လူမျိုးတို့၏ သမိုင်းအရ ပြောရမည်ဆိုလျင် မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော် မူပြီး ၉-လမှာ တစ်ကြိမ်၊ ၅-၀ါအရ တစ်ကြိမ်နှင့် ၈-၀ါအရမှာ တစ်ကြိမ် စုစုပေါင်း သုံးကြိမ် တိုင်တိုင် ကြွရောက်တော်မူခဲ့သည်။ သာသနာနှစ် ၂၄၇-ခုနှစ်၊ အရှင်မဟာမောဂ္ဂလိပုတ္တတိဿ အမှူးရှိသော ရဟန္တာအရှင်မြတ်တို့၏ တတိယ သံဃာယနာတင်ပြီး ကိုးတိုင်း ကိုးဌာန သာသနာပြုစေလွှတ်ခဲ့ရာ အသောကမင်းကြီး၏သားတော် အရှင်မဟိန္ဒ၊ သမီးတော် သင်္ဃ မိတ္တာထေရီမတို့ ကြွရောက် သာသနာပြုခဲ့ကြသည်။ သမီးတော် သဃမိတ္တာထေရီမသည် လည်း မဟာဗောဓိပင်ကိုပါ တပါတည်း ပင့်ဆောင်ခဲ့သည်။ ထိုအချိန်တွင် ဒေ၀ါနံပိယတိဿ မင်း နန်းတက်စ ၇-လ၊ အရှင်မဟိန္ဒမထေရ် ၁၂-၀ါ အရမှာ သာသနာစတင်ပြန့်ပွားသည်။

Sunday, November 4, 2012

စိတ်ကူးယဉ် ချောက်


စိတ်ကူးယဉ် ချောက်


အရိပ်တစ်ခု....
တန်ပြန်မှု မရှိပဲ ထိုးကျလာတယ်...
အမှတ်တမဲ့ဆိုပေမဲ့ ဆူးနစ်နေတယ်...။

အိပ်ပျော်နေပါတယ်...
လာမနိုးပဲ လန့်နိုးသွားတယ်..
ဒါပေမဲ့....
ဂယောက်ဂယက်နိုင်လွန်းတဲ့
အိပ်မက်တစ်ခုကြောင့်.....
ချွေးစီးတွေ ကျလာပြီ...။

နောက်တစ်နေ့....
လမ်းလျှောက်ထွက်ခဲ့တယ်..
မတိုက်ဆိုင်တဲ့ ခြေလှမ်း တစ်လှမ်းက
ချိုင့်ဝှမ်းထဲကို အမှတ်တမဲ့မှာ... 
ထိုးကျတော့မလို့..။

ဒါပေမဲ့...
အားလုံးရဲ့ တိုက်ဆိုင်တဲ့
 နေ့တစ်နေ့... ပြန်ဆုံတွေ့ခဲ့ရင်...
အမှတ်တမဲ့တွေဟာ..
အမှတ်တရပေါ့...။

အချိန်တိုင်း အချိန်တိုင်းမှာ
အဖြူရောင် တံခါလေး ဖွင့်ထားတယ်..
နူးညံ့ ပျော့ပြောင်းတဲ့ လက်ကလေးတွေနဲ့တော့
လာမခေါက်ဖို့ အကြိမ်ကြိမ် တားဆီးပေမဲ့
မနေ့က...။

Saturday, November 3, 2012

မင်းကြီး အနော်ရထာရဲ့ ပုဂံ


မင်းကြီး အနော်ရထာရဲ့ ပုဂံ


အနော်ရထာကို ပုဂံဘုရင် ကွမ်းဆော်ကြောင်ဖြူမင်းနှင့် မိဖုရား မြောက်ပြင်သည်တို့မှ သက္ကရာဇ် (၃၇၆) ခုနှစ် (အေဒီ-၁၀၁၄) တွင် ဖွားမြင်ခဲ့သည်။ ကွမ်းဆော်ကြောင်ဖြူမင်းကို သားတော်နှစ်ပါးဖြစ်သည့် ကျဉ်စိုးနှင့် စုက္ကတေးတို့က အကောက်ကြံ နန်းချပြီး ကျဉ်စိုးမင်းသား နန်းတက်လာခဲ့သည်။ ခြောက်နှစ်ကြာသောအခါ ညီတော် စုက္ကတေးက လုပ်ကြံသဖြင့် ကျဉ်စိုးမင်း သေဆုံးခဲ့ရပြီး ညီတော် စုက္ကတေးက နန်းတက်လာခဲ့ပြန်သည်။ စုက္ကတေး နန်းတက်သောအခါ အဖေတူ အမေကွဲဖြစ်သော အနော်ရထာ၏ မယ်တော်ကို သိမ်းပိုက်ခဲ့သည်။ နောင်အခါ စုက္ကတေးမင်းရဲ့ "ညီသားနောင်မယ်"မသင့်လျှော်သော စကားတွေကို အနော်ရထာ သိသောအခါ စုက္ကတေးမင်းကို မကျေမနပ်ဖြစ်ကာ နန်းတော်မှထွက်ပြီး ပုပ္ပားအရပ်သို့ ရှောင်တိမ်းခဲ့သည်။ 
 
ထိုအချိန်မှစ၍ အနော်ရထာသည် စစ်တိုက်ရန် လူစုဆောင်းခဲ့သည်။ နောက်ပိုင်း ပုဂံကို ပြန် လည် သိမ်းပိုက်ရန် ချီတက်လာပြီးနောက် စစ်ဖြစ်လျှင် လူအများအပြား သေကျေ ပျက်စီး မည်ကို မလိုလားသဖြင့် နောင်တော် စုက္ကတေးမင်းနှင့် မြင်းကပါအရပ်တွင် တစ်ဦးချင်းစီ တွေ့ဆုံ တိုက်ခိုက် အနိုင်ယူ၍ ပုဂံနန်းတက်ခဲ့သည်။ အနော်ရထာမင်း နန်းတက်ပြီး မကြာခင်မှာပင် ဓမ္မဒဿီ (ခေါ်)အရှင်အရဟံမထေရ်မြတ်နှင့် တွေ့ဆုံ ဖူးမြင်ရ၍ အရှင်အရဟံ၏ အဆုံးအမကို ခံယူကာ ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့သည်။ နောက်ပိုင်း အနော်ရထာ မင်းသည် သထုံပြည်မှာ ပိဋကတ်တော်ရှိသည်ဟု သိရှိခဲ့သည်။ 
 
သက္ကရာဇ် (၄၉၁) ခုနှစ်တွင် အနော်ရထာမင်းသည် သထုံပြည်နှင့် တနင်္သာရီတို့ကို သိမ်းပိုက်ခဲ့သည်။ ထို့အပြင် သထုံပြည်မှာရှိသော ပိဋိကတ်အစုံ (၃၀) ကိုလည်း ပင့်ဆောင်ခဲ့သည်။ 
 
အဲဒီအချိန်မှ၍ အနော်ရထာမင်းသည် ကိုယ်တိုင်လည်း ပိဋကတ်တော်တို့ သင်ယူ ပြည်သူပြည်သားတို့ကိုလည်း ဗုဒ္ဓဘာသာ၏ အမွေအနှစ်ဖြစ်သော စာပေပိဋကတ်တော်တို့ကို သင်ယူစေခဲ့သည်။ 
 
အဲဒီအချိန်ကရင် သာသနာပြုမင်းမြတ် အနော်ရထာ၏ နန်းတည်ရာဖြစ်သော မြန်မာပြည် အလယ်ပိုင်းမှစ၍ ဗုဒ္ဓဘာသာသာသနာ ထွန်းကားလာခဲ့သည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်သည်။ 
 
ထို့အပြင် အနော်ရထာ နန်းတက်ချိန် အသက် (၃၀) ရှိပြီဖြစ်၍ သမိုင်းဝင် ဗုဒ္ဓဘာသာ သာသနာပြု မင်းမြတ် အနော်ရထာ၏ ချစ်သော ပုဂံပြည်ကို ထား၍ အသက် (၆၃) နှစ် နန်းသက် (၃၃) နှစ်တွင် နတ်ရွာစံ ကံတော်ကုန်ခဲ့လေပြီ။

အောင်မြင်သူတို့ရဲ့ လုပ်ဆောင်ချက် အပိုင်းအစ


အောင်မြင်သူတို့ရဲ့ လုပ်ဆောင်ချက် အပိုင်းအစ


(၁) ပထမဦးဆုံး အလုပ် မလုပ်ခင် ကိုယ် ဘာရမလဲ ဆိုတာ မစဉ်းပါနဲ့။ (Don't think what I take it back)

(၂) ကိုယ် ဘာကို ကျွမ်းကျင်သလဲ အရင်မေးပါ၊ ပြီတော့ ကိုယ် ဘာလုပ် ပေးနိုင်သလဲ စဉ်းစားပါ။ (Asking yourself and Thinking yourself)

(၃) ကိုယ်တိုင် ကျွမ်းကျင်တဲ့ အလုပ်တစ်ခုကို စတင်လုပ်လိုက်ပါ။ (Start your Skillful Work)

(၄) ကိုယ် အလုပ်ရလို့ လုပ်နေတဲ့ ခရီးလမ်းကြောင်း အစမှာ သောကတွေ မထားဆီးပဲ ဝင်လာပါလိမ့်မယ်။ အဲဒီ သောကတွေကို ကိုယ်တိုင် ဖြေရှင်းတတ်ပါစေ။ (Solve your Problems and Sorrows)

(၅) ဒီလိုနဲ့ ကိုယ် လျှောက်လှမ်းသော အောင်မြင်မှု လမ်းကြောင်း ဝိုးတဝါး ဖြစ်နေရင်လည်း မကြောက်ပါနဲ့ ရှေ့ဆက် ခရီးဆက်လာခဲ့ပါ။ (Don't Fear and Pushing to the Front)

(၆) အောင်မြင်မှုသည် ကိုယ် ထင်ထားတာထက် မဖြစ် လာသေးရင် တန်ဘိုးရှိသော ကိုယ့်ရဲ့ အချိန်တွေကို ပညာရှိ နည်းဖြင့် အသုံးချတတ်ပါစေ။ (Apply and Spent your Time Wisely)

(၇) တွေးဝေမနေပါနဲ့၊ ကိုယ် တည်ဆောက်ပြီတဲ့ အောင်မြင်မှုကို အချိန်မပြောင်းခင် ရယူလိုက်ပါ။ (Achieve your Success)

(၈) အောင်မြင်မှု ရရှိလာရင် တစ်ဦးနှင့် တစ်ဦး နားလည်မှုဖြင့် ဘဝကို တည်ဆောက်ပါ။ (Mutual Understand)

(၉) အောင်မြင်လာသည်နှင့်အမျှ အတွေးခေါ် စသည် ပြောင်းလာပါလိမ့်မယ်။ အဲဒီလို အခါမျိုးမှာ ကိုယ်ပိုင် အသိပါ ကျယ်ကျယ် ပြန့်ပြန့် သိလာသဖြင့် တစ်ပါးသူကို ဖြန့်ဝေပေးပါ။ (Sharing your Interdisciplinary Knowledge to the others)

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...