Showing posts with label အဆိုအမိန့်. Show all posts
Showing posts with label အဆိုအမိန့်. Show all posts

Thursday, March 13, 2014

A Long The Cycle of Samsara

 
 

A Long The Cycle of  Samsara

 
At the beginning life is started a Journey, 
 Searching for something, 
 We cannot definitely know what is it, 
Just found out that,  
In a day, we've had something, 
But we've never satisfy, 
Going through just another way, 
Getting again something, 
If possibly satisfied, 
Never ever satisfied oneself, 
we discover again just about now, 
But come to old age, 
the result out of solution, 
Try to still happen one after another, 
Finally we've to go around the cycle of rebirth again.
 
 
တက္ကသိုလ်မြတ်မင်း 
 

Change from love to lovingkindness

Photo: Love can suffer as a wind,

We cannot see the air pollution of love.

We can feel at all.

But we cannot pass any attachment of love.

We ignore our destination.

Though we loss happy and healthy.

finally we have to suffer love sick.

Loving kindness herein is a measureless love.

And loving kindness cannot suffer as pure water.

We can see purification of loving kindness.

We can devote at all.

But we can pass over any attachment of love.

We cannot ignore our destination.

Though we cannot loss happy and healthy,

sound sleep by night, nice foods and everything,

being love, non being love, Deva protected,

in the next life to be born Brahma world.

Finally we have to attain purification of loving kindness.

တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa2.com/
 

Love can suffer as a wind, 
We cannot see the air pollution of love. 
We can feel at all. 
But we cannot pass any attachment of love. 
We ignore our destination. 
Though we loss happy and healthy. 
finally we have to suffer love sick. 

Thursday, February 27, 2014

ဘာလဲ လောကဓံ


ဘာလဲ လောကဓံ

ဒီနေ့ရဲ့ နေဝန်းကြီးဟာ ကွယ်သွားပြန်ပြီ ညရဲ့ အမှောင်အောက်မှာ အလင်းရောင်

ဖန်ချောင်းလေးကို ထွန်းညှိပြီး အနီးနားရှိတဲ့ မှတ်စု စာအုပ်ကို လှမ်းယူကာ နေ့လည်က

စဉ်းစားမိတဲ့ အကြောင်းအရာလေး တစ်ခုကို စတင် ရေးဖို့ ဟန်ပြင်လိုက်ပါတယ်။ အဲဒီ

အကြောင်းကတော့ တခြား မဟုတ်ပါဘူး။ ဘာလဲ လောကဓံ ဆိုတဲ့ အကြောင်း

ကို ရေးသားလိုခြင်း ဖြစ်ပါတယ်.....။

လောကကြီးမှာ နေထိုင်ရသည့်အခါ ပတ်ဝန်းကျင်နှင့် နေထိုင်ကြသလို အသိုင်း

အဝိုင်းနှင့် နေထိုင်ကြသည်မှာ လောကဓမ္မတာပင် ဖြစ်ပါတယ်။ အချို့က ကိုယ်

ကျင်လည်သည့် အလုပ်အကိုင်နှင့် အသိုင်းအဝိုင်းမှာပင် မဖြစ်မနေ တွေ့ကြုံရမည့်

လက်တွေ့ကျတာနှင့် လက်တွေ့မကျ တဆင့် ကြား၍ သိရသော အကြောင်းအရာ

များလည်း ရှိကြမည်မှာ တကယ်ပင် ဖြစ်ပါတယ်။ အချို့က ကြိုးစား ရုန်းကန်နေမှု၊ အလုပ်ကို

အားစိုက်နေခိုက် အလုပ်နှင့် မတန်အောင် ဖိအားတွေနှင့် လှုပ်ရှား ရုန်းကန်နေရတာလည်း

ရှိပြန်တယ်။

Saturday, December 7, 2013

Nelson Mandela said that struggle is my life

Photo: ၁၉၁၈ ခုနှစ်မှာ သူ မွေးဖွားလာခဲ့တယ်...

သူဟာ တောသားလေး တယောက်ပေါ့...

သူ့အသက် ကိုးနှစ်မှာ 

သူ့အဖေ ကွယ်လွန်သွားခဲ့သော်လည်း

ကြမ်းတမ်းတဲ့ လောကဓံအောက်မှာ...

အခက်အခဲတွေကို ကျော်ဖြတ်လို့...

ဘဝခရီးကို ဆက်လက် လျှောက်လှမ်းခဲ့သူ...။


သူပြောခဲ့ဖူးတာ တခုရှိတယ်...

အသားရောင်ကြောင့်....

နောက်ခံ သမိုင်းကြောင့်...

ယုံကြည်မှုကြောင့်

မတူညီတဲ့ ဆန့်ကျင်ဘက်တွေဟာ

ဘယ်သူမှ မွေးကတည်းက...

အမုန်းဆိုတာ ဖြစ်လာကြတာ မဟုတ်ဘူး...

အမုန်းတရားကို လေ့လာထားတယ်ဆိုရင်

အမုန်းဆိုတာ ဖြစ်လာမှာပါ....

ချစ်ခြင်းတရားကို လေ့လာထားတယ်ဆိုရင်...

ချစ်ခြင်းဆိုတာ ဖြစ်လာမှာပါ...။


သူပြောဖူးတဲ့ နောက်တခုက...

"အခက်အခဲတွေဟာ

ငါ့ဘဝပါပဲ"...

အဲဒီ အခက်အခဲတွေနဲ့ 

ရုန်းကန်ခဲ့တာတွေဟာ...

ဘဝရဲ့ အနိမ့်ဆုံးဖြစ်တဲ့...

အကျဉ်းသား တယောက်ကရင်...

အမြင့်ဆုံးဖြစ်တဲ့

အောင်မြင်မှု သရဖူ ရတဲ့အထိပေါ့...။


ဒါပေမဲ...

ငါတို့ ကိုယ်တိုင် ရှာဖွေနေတဲ့ သူ့ကို

ငါတို့ ကိုယ်တိုင် တွေ့ခဲ့ပြီ...

ငါတို့ ကျေနပ်မိခဲ့တယ်...

ဝမ်းသာမိခဲ့တယ်...

နှစ်သက်မိခဲ့တယ်...။


အခုတော့...

ကြာသပတေး၊ ၁၂၊ ၂၀၁၃ ခုနှစ်ရဲ့

နှင်းကြွေတဲ့ ဒီဇင်ဘာလမှာ...

We've lost an iconic figure,

the world figure, a visionary leader, 

the greatest son, a father of people,

a heart of people, peace maker

and a good human on this earth,

though, we knew that this day would come,

nothing can diminish our sense of profound and enduring loss.



Collected Quotes by 

K. W. Punnavamsa (ခ) တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa2.com

Struggle is my life


၁၉၁၈ ခုနှစ်မှာ သူ မွေးဖွားလာခဲ့တယ်...

သူဟာ တောသားလေး တယောက်ပေါ့...

Wednesday, August 21, 2013

သက်ဆိုင်သူတို့ လုပ်ငန်း

 

သက်ဆိုင်သူတို့ လုပ်ငန်း

 
သဘာဝတရားကြောင့်....

ကြွေချိန်တန်ရင် ကြွေကျသွားလိမ့်မယ်

အလွယ်တကူ ကောက်ယူပြီ...

အဆင်ပြေသလို လုပ်ဆောင်မှုတွေနဲ့

ကံကြမ္မာကို ငို တောင်းလို့လည်း မရနိုင်ဘူး..

ပိုတောင်းလို့လည်း မရနိုင်ဘူး...

တခါတရံ....

ရှောင်တိမ်းချင်တိုင်း...

ရှောင်တိမ်းခွင့်ဆိုတာ မရှိပါဘူး...

လူသား အားလုံး အနှေးနှင့် အမြန်

ကံတရားဆိုတာ တွေ့ကြုံရမှာ အမှန်ပဲ...

ဒါပေမဲ့...

ကံကောင်းတယ် ဆိုးတယ်ဆိုတာ

ကိုယ်ပိုင် သက်ဆိုင်တဲ့ လုပ်ငန်းပါပဲ....။

 
တက္ကသိုလ်မြတ်မင်း 
 

Sunday, August 11, 2013

သက်ရောက်မှုတို့ တန်ပြန်ချိန်



သက်ရောက်မှုတို့ တန်ပြန်ချိန်


တချို့က.....

ထမင်းရှာတဲ့ လက်ကို

ထိခိုက်အောင် လုပ်တတ်တယ်...။


တချို့က....

ကိုယ် လုပ်သမျှဟာ

လောကကြီး တည်သမျှ

အဓိပ္ပာယ် လေးနက်မှု ရှိရမယ်လို့

တွေးခေါ်ထားကြတယ်....။


တချို့က...

မျက်ကန်း လမ်းလျှောက်သလိုနဲ့

စမ်းတဝါးဝါး ဖြစ်နေကြတယ်...။


တချို့က...

ကိုယ့် အိတ်ထဲ ပိုက်ဆံတွေ

အပြည့်ထည့်ပြီး

ဗိုက် အဟောင်းသား နေတဲ့

လူတွေ ဖြစ်လာကြတယ်...။


တချို့က...

ခိုင်နွားကို တန်ဆာဆင်ပြီး

ဦးချိုကို နို့ညစ်တဲ့ လူတွေ ဖြစ်လာကြတယ်...။


တကယ်တော့...

အလုပ် တခု လုပ်တဲ့အခါ

စိတ်ကူးနဲ့ ထွင်းပြီး ဘယ်တော့မှ မလုပ်မိစေနဲ့

အလုပ်ကို သဘာဝ ကျကျ လုပ်ဖို့ပဲ လိုအပ်ပါတယ်....။



တက္ကသိုလ်မြတ်မင်း 


Wednesday, July 24, 2013

မဆွေးမြေးသွားတဲ့ ဘဝ စာမျက်နှာ တစ်ရွက်



မဆွေးမြေးသွားတဲ့ ဘဝ စာမျက်နှာ တစ်ရွက်


ဘဝရဲ့ ဆည်းဆာချိန်ရောက်တော့မှာ

အရာအားလုံးဟာ....

တွေ့ဆုံချိန် နောက်ကျလွန်းတယ်...

ခွဲခွါချိန် မြန်လွန်းတယ်...

ကံကြမ္မာကို ပခုံးချင်းတိုက်လို့

ကံစီမံရာ ခရီးသွားရတဲ့အခိုက်

ဖြစ်ချင်တာ မဖြစ်ရ

မဖြစ်ချင်တာ ဖြစ်ခဲ့ရတာ

အားလုံးက သဘာဝတွေပါပဲ...။


ဒါပေမဲ့.....

နေ့စဉ် ဘ၀ စာမျက်နှာထဲက

ကံကောင်းခြင်းဆိုတာ...

အားလုံးရဲ့ မနက်ဖြန် ဖြစ်တယ်....။

အမှန်တရားဆိုတာ....

ထာဝရ တည်ရှိနေတဲ့

အရာ တခုသာ ဖြစ်တယ်....။

ဖြောင့်မတ်တယ်ဆိုတာ...

ရိုးသားမှု ၊ မှန်ကန်မှုတွေနှင့်

တတ်သိ နားလည်မှုတွေသာ ဖြစ်တယ်....။


သို့သော်....

လူ တယောက်ကို ယုံကြည်ဖို့ဆိုတာ....

သူ့ရဲ့ ဖြောင့်မတ်မှု အပေါ်မှာ မူတည်ပါတယ်...။

ကိုယ် ယုံကြည်လို့ ပေးအပ်လိုက်တဲ့အခါ....

ကတိပျက်သွားတာမျိုးတော့ မဟုတ်ပါဘူး....။



တက္ကသိုလ်မြတ်မင်း


http://www.venpunnavamsa2.com

Saturday, July 20, 2013

လောကကြီးကို မိတ်ဆွေဖွဲ့တာ အကောင်းဆုံးပါ


 

လောကကြီးကို မိတ်ဆွေဖွဲ့တာ အကောင်းဆုံးပါ


အရင်တုန်းက....

ကောင်းခဲ့တာတွေကို

မေ့ပျောက်သွားပြီ....

ဒီခရီးရောက်မှာ

ခဏတာ အချိန်ပိုင်းမှာ...

သူစိမ်းတွေ ဖြစ်သွားကြပြီလား....။


ကိုယ့်ဘက်က...

စိတ်ထား သဘောထား မှန်တယ်ဆိုရင်...

စိတ်ပေါက်တိုင်း ဒေါသတံခါးကို ဖွင့်ပြီး

လောကကြီးကို တရားခံ မရှာပါနဲ့...။


တကယ်လို့ ဘဝမှာ...

ဒီထက်မက တိုးတတ်ချင်တယ်ဆိုရင်

လောကကြီးကို သူစိမ်းဆန်တာ မကောင်းပါဘူး...

ကောင်းတာနဲ့ပဲ ကြုံကြုံ

ဆိုးတာနဲ့ပဲ ဆုံဆုံ

တာဝန်ယူရဲတဲ့ အသိစိတ်နဲ့

လောကကြီးကို မိတ်ဆွေဖွဲ့လိုက်စမ်းပါ....


တက္ကသိုလ်မြတ်မင်း 


Tuesday, July 16, 2013

စံပြ နမူနာ ဖြစ်ပြီလား


စံပြ နမူနာ ဖြစ်ပြီလား


တနေ့ အားလုံးက အဲဒီနေရာကို

ရောက်လာကြမှာပါ....

တကယ်တော့...

ကိုယ်ပိုင် အသိတရား ရှိသူဟာ...

စေတနာ ဝါသနာ အကြင်နာ

ကရုဏာ အနစ်နာတွေ

ရှိနေရုံနဲ့ မပြည့်စုံသေးဘူး...

မဖြစ်သေးဘူး မထိုက်တန်သေးဘူး....

အတွေးတွေနဲ့ ကျေနပ်မနေသင့်သေးဘူး...

ကိုယ်ဟာ သူတစ်ပါးအတွက်

စံပြ နမူနာ တယောက် ဖြစ်ပြီလားဆိုတာ

ကြိုတင် စဉ်းစားဖို့ လိုအပ်ပါလိမ့်မယ်....။


တက္ကသိုလ်မြတ်မင်း 


Sunday, July 14, 2013

အောင်မြင်သူတို့ရဲ့ အားထုတ်မှု


 

အောင်မြင်သူတို့ရဲ့ အားထုတ်မှု


မင်းလိုပဲ....

လူသားတွေ စဉ်းစားခဲ့ကြမှာပါ...။

လူသားတိုင်းလည်း အဆင်မပြေမှုတွေ

မပြည့်စုံမှုတွေ ရှိခဲ့ကြမှာပါ...။

သို့သော်....

ကိုယ် လျှောက်လှမ်းတဲ့ လမ်းမှာ

မာနတွေ ဦးနှောက်ထဲအထိ

ဘယ်တော့မှ မစီးဝင်စေနဲ့....။

ကိုယ်ဟာ ရှုံးနိမ့်သွားလို့

သိမ်ငယ်မှုတွေ နှလုံးသားထဲအထိ

စီးမျောလာအောင် မလုပ်မိစေနဲ့...။

ဘဝမှာ အကြိမ်ကြိမ် ကျရှုံးခဲ့တာတွေက

တစ်ကြိမ်လောက် အခွင့်အလမ်းနှင့်

အခွင့်အရေး ပေးလျှင် ရပြီ....။

ဒါပေမဲ့...

လောကကြီးထဲမှာ အကျပ်အတည်း

ဆင်းရဲ ဒုက္ခ ခံစားခြင်း မရှိပဲ

အောင်မြင်လာတဲ့ သူ မရှိဘူး....

ကိုယ် ကိုယ်တိုင် ဆက်ကြိုးစားဖို့ လိုပါလိမ့်မယ်....။


တက္ကသိုလ်မြတ်မင်း 


Saturday, July 13, 2013

အချိန်နှင့် ဘဝရဲ့ လျှိုဝှက်ချက်


အချိန်နှင့် ဘဝရဲ့ လျှိုဝှက်ချက်


အချိန်ဆိုတာ....

လူ့ဘဝ တစ်လျှောက်လုံး ပိုင်ဆိုင်တာ မဟုတ်ပါဘူး....

လူ့ဘဝ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်မှု တခုပါ....

အချိန်နှောင်းပြီဟု ထင်လိုက်တဲ့ အချိန်ဟာ

ကိုယ့်ရဲ့ အစောဆုံး အချိန်သာ ဖြစ်တယ်...။

အချိန်ဟာ အမြဲတမ်း ကုန်ဆုံးနေပါတယ်...

တနေ့တာ အချိန် ကုန်ဆုံးသွားလျှင် ပြန်မရတော့ပါဘူး....

အချိန်ကတော့ မရှိတာ မဟုတ်ပါဘူး...

ကြိုးစား အားထုတ်မှု မရှိခဲ့တာပါ...

ဒီနေ့ ယိုစိမ့်သွားတဲ့ အချိန်ဟာ

နောက်နေ့ နောင်တတွေသာ ဖြစ်တယ်...။


ဒါပေမဲ့....

အချိန်ရဲ့ မရှောင်ဖယ်နိုင်တဲ့ တွေ့ကြုံမှုတွေကို ခံစားပါ...

အကျပ်အတည်း အခက်အခဲတွေမရှိပါပဲ ရှင်သန်လာတဲ့ သူ မရှိဘူး...


တကယ်တော့...

အနာဂတ်ကို ရင်းနှီးမြှုပ်နှံထားတယ်ဆိုရင်

အချိန်ကိုက် လက်တွေ့ ဘဝကို လေးစားလာတဲ့ သူသာ ဖြစ်တယ်...။



တက္ကသိုလ်မြတ်မင်း 


Thursday, July 4, 2013

နားလည်မှုတို့ ဆုံဆည်းရာ


နားလည်မှုတို့ ဆုံဆည်းရာ



မရင့်ကျက်မှုတွေနဲ့ တဖက်သတ်ကျတဲ့

အက်ကြောင်းတွေ ထပ်နေပြီ....

သေချာပါတယ်....

အကြည့်ချင်း မတူလို့

အမြင်တွေ ကွဲပြားသွားတာပါ....

တကယ်တော့....

နှစ်ဦး နှစ်ဖက် တင်းမာမှုတွေ

လျော့ချလိုက်ရင် အားလုံးက

အဆင်ပြေသွားမှာပါ......။


တက္ကသိုလ်မြတ်မင်း 


လူ့ စွမ်းရည် အရင်း အမြစ်


လူ့ စွမ်းရည် အရင်းအမြစ်



အချိန် မဖြုန်းပါနဲ့......

အတူ ရှိနေတုန်း

အတု ယူပါ

အတု မခိုးမိစေနဲ့.....

ယုံကြည်မှုနှင့် ဘဝကို ရပ်တည်ပါ

ဆင်ကန်း တောတိုး မဖြစ်စေနဲ့....

မင်း လူဖြစ်လာတာဟာ

ရှုံးနိမ့်ဖို့ မွေးဖွားလာတာ မဟုတ်ဘူး....

အောင်မြင်ဖို့ မွေးဖွားလာတာ ဖြစ်တယ်.......။


တက္ကသိုလ်မြတ်မင်း 


Sunday, June 30, 2013

အိမ်ဝေး ငှက်တို့ရဲ့ ဘဝလမ်းခွဲ


အိမ်ဝေး ငှက်တို့ရဲ့ ဘဝလမ်းခွဲ



အချိန်ဟာ အရာရာတိုင်းကို ရင့်ကျက်စေခဲ့ပြီ

ပန်းတစ်ပွင့်တည်းနှင့် ပန်းကုံးလို့ မဖြစ်သေးတဲ့

အသွင်မတူတဲ့ လူ့ဘဝ လမ်းခွဲမှာ

လူတယောက်ရဲ့ အခွင့်အရေး တခု အနေနဲ့

သူတစ်ပါးရဲ့ အတွင်းစိတ်ကို

သဘောမပေါက်လျှင် နေပါစေ

သူတို့ရဲ့ ခံစားချက်တွေကိုတော့

လက်ခံ နားလည်ပေးဖို့ လိုအပ်ပါလိမ့်မယ်.....။



တက္ကသိုလ်မြတ်မင်း 


Thursday, June 27, 2013

မင်းဘဝ စာမျက်နှာထဲက သမိုင်းတစ်ပုဒ်


မင်းဘဝ စာမျက်နှာထဲက သမိုင်းတစ်ပုဒ်



အီတလီသား တယောက်ဖြစ်တဲ့

အမေရိကကို ရှာဖွေတွေ့ရှိခဲ့တဲ့

ကိုလံဘတ်လ်ကြီးကိုပဲ ဥပမာ ယူကြည့်မလား

ဂျပန် မေဂျီဘုရင်ကိုပဲ ဥပမာ ယူကြည့်မလား

အိန္ဒိယ ဖခင် မဟတ္တမဂန္ဒီကြီးကိုပဲ ဥပမာ ယူကြည့်မလား

မြန်မာတို့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုပဲ ဥပမာ ယူကြည့်မလား

သူတို့ တခေတ်မှာ တစ်ခါ

သမိုင်း အစဉ်အလာ ကောင်းခဲ့တဲ့

မင်းတို့ အဘိုး အဘွားတွေက

မင်းတို့အတွက် စောင့်ရှောက်ပြီးခဲ့ပြီ

မင်းတို့ ခေတ်ပေါ်ရောက်လာတဲ့

မင်း မွေးဖွားလာခဲ့တဲ့ နေရာမှာ

မင်း တာဝန် မကျေခဲ့ရင်

မင်း အပြစ်တွေသာ ဖြစ်တယ်....။




တက္ကသိုလ်မြတ်မင်း 


Wednesday, June 26, 2013

ဆည်းဆာ ထားခဲ့တဲ့ ည ကောင်းကင်

 

ဆည်းဆာ ထားခဲ့တဲ့ ည ကောင်းကင်



တိမ်မယောင်နှင့် နက်လာတဲ့ အတွေး

လွယ်မယောင်နဲ့ ခက်လာတဲ့ ဘဝပြဿနာတွေ

တွေးဖန်များလာတော့လည်း ယဉ်းပါးသွားခဲ့ပြီ

မြင်ဖန်များလာတော့လည်း ရိုးသွားခဲ့ပြီ


ဒါပေမဲ့....

နွေ ထနှောင်း ဆောင်း မန်းကျည်း

မိုးသီးတွေ မကြွေတော့တဲ့ ညနေချမ်းမှာ

ဆည်းဆာကို ငေးကြည့်လို့

အဆင်မပြေနိုင်တဲ့ အခြေအနေတွေထဲ

မျက်စိမှိတ်တိုင် အိပ်မပျော်ခဲ့ပါလား....။



တက္ကသိုလ်မြတ်မင်း 


ပဟေဠိဆန်သော မေးခွန်းဆည်းဆာ


ပဟေဠိဆန်သော မေးခွန်းဆည်းဆာ



ညနေ ဆည်းဆာ မပျောက်ကွယ်ခင်

မင်းရဲ့ မျက်စိ မမှိတ်ခင်

တစ်ခွန်းလောက် မေးချင်ပါတယ်...

မင်း ဘဝထဲက အချိန်နှင့် ငွေကို

ဘယ်လို အသုံးချမလဲဆိုတာပါပဲ....။


သို့သော်....

မင်း ဘဝထဲက အချိန်နှင့် ငွေကို

အသုံးမချတတ်ရင်တော့

တန်ဖိုးမဖြတ်နိုင်တဲ့ မင်း ဘဝကို

အချိန်နှင့် ငွေက အသုံးချသွားပါလိမ့်မယ်....။


တက္ကသိုလ်မြတ်မင်း 


Friday, June 21, 2013

မျှော်လင့်ချက် ဆည်းဆာ တန်ဘိုး



မျှော်လင့်ချက် ဆည်းဆာ တန်ဘိုး


လူဆိုတာ အကြောင်း မသင့်လို့

ခဏလေး မှေးမှိန်သွားပေမဲ့

အချိန်အခါ မလင့်သေးပါဘူး

အမှန်တရားက မျက်နှာသာ ပေးဦးမှာပါ....။


ဒါပေမဲ့....

လေပွေ တိုက်ခတ်လို့

မြူမှုန် လွင့်သွားတာ

မဆန်းကြယ်ပေမဲ့

လောကဓံ လေတိုက်လို့

ဘဝကို အလောင်းအစား သဘောဖြင့်

အရောင်း အဝယ် မလုပ်ဖို့ အရေးကြီးတယ်....။


တက္ကသိုလ်မြတ်မင်း 


Thursday, June 20, 2013

တရားခံ ဘယ်သူလဲ


တရားခံ ဘယ်သူလဲ



ဂိမ်းတခု ဖွဲ့စည်းထားတဲ့ အားကစားခုံပေါ်မှာ

ကျားကွက်ရွေ့နေတာ မဟုတ်ပါဘူး...

ကျားကွက်ရွေ့သလို

လူကွက်တွေ ရွေ့နေတာပါ...

အမှန်တကယ် နှစ်ပေါင်းများစွာ လူတွေကို

အဆင့်တခုသို့ ရောက်ဖို့

လူမြင်ကွင်းကို ရောက်အောင်ပို့

Popular ဖြစ်လာတဲ့ အဖွဲ့အစည်းတွေကို

ဝိုင်းဖွဲ့ ကြက်တိုက်ပေးတတ်တဲ့

သူတို့ လက်အောက်မှာ

ငါတို့အားလုံး နေခဲ့ရတာပါ....

ဒါတွေ အားလုံး မမေ့ပါနဲ့

ဘယ်သူ မှန်တယ်....

ဘယ်သူ မှားတယ်ဆိုတာ

ချက်ချင်း ဆုံးဖြတ်ပေးလို့ ရတာ မဟုတ်ပါဘူး....။


တကယ်တော့.....

စစ်မြေပြင်မှာ ဘယ်သူတွေလဲ

နှစ်ဖက်လုံး ပြန်ကြည့်ပါ

အချင်းချင်းတွေ မဟုတ်လား...

ဘယ်သူပါလာလို့လဲ သူတို့ မပါလာပါဘူး...

သေခြာ စဉ်းစားကြည့်ပါ....

နဘေးက ပွဲကြည့်နေတဲ့ သူတွေရှိတယ်

အချင်းချင်း ခံစားချက်တွေ တိုက်ပွဲဖြစ်

အမျက်ဒေါသတွေ ဖွင့်ဟ

တင်းမာမှုတွေ ပြည့်ကျပ်လို့

သမိုင်းတခုက အမည်းစက်သာ

ထင်ကျန်ရင်း အရိပ်တခု ဖြစ်ခဲ့ရတယ်...။


ဒါပေမဲ့...

လူဆိုတာ အသိုင်းအဝိုင်းနဲ့

တည်ဆောက်ထားတာပါ

သူ့ အသိုင်းအဝိုင်း

ကိုယ့် အသိုင်းအဝိုင်းဆိုတာ ရှိတယ်

မင်းမှားရင် မင်းခံရလိမ့်မယ်

သူမှားရင် သူခံရလိမ့်မယ်

အမှန်ဆိုတာ ဘာလဲလို့ မေးလာကြလိမ့်မယ်....။


အမှန်တရားဆိုတာ

ခံစားချက် တကိုယ်ဆန်မှု

အမျက် ဒေါသနှင့် တင်းမာမှုတွေရဲ့

အခြားမဲ့မှာ တည်ရှိနေတဲ့ အရိပ်စစ် တခုပါ....။


တခုတော့ ရှိတယ်

အားလုံး မှတ်ထားပေးပါ

ကိုယ့်မှာ ရှိတဲ့ အမှားကို

အမှန် မမြင်နိုင်သမျှ ကာလပတ်လုံး

ကိုယ်ဟာ ကိုယ့် သမိုင်းရဲ့

အဓိက တရားခံ ဖြစ်တယ်.....။




တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa2.com

အာမခံ တံဆိပ်

 

အာမခံ တံဆိပ်



သက်ရောက်မှု တခု

ပြန်မလာတော့ဘူးလား

ထင်းခွေမကြုံ ရေခပ်ကြုံတတ်တဲ့

လောကဓံထဲ စောင့်သင့်တဲ့အချိန်ထိ

မမောမပန်း ရပ်တည်နေပေမဲ့

ကျောင်း စာမေးပွဲမှာ

အောင်မြင်သူ

ရှုံးနိမ့်သူဆိုတာ ရှိတယ်

ဘဝမှာ အောင်မြင်သူ

ရှုံးနိမ့်သူဆိုတာ မရှိဘူး

လေ့လာသင်ကြားတဲ့အချိန်

ကန့်သတ်ချက် မရှိဘူး

ပိတ်ရက် မရှိဘူး

နေ့ဆိုင်း ညဆိုင်း မရှိဘူး

တွေဝေမနေနဲ့

စောင့်ဆိုင်းမနေပါနဲ့

ဘဝကပေးတဲ့ အောင်လက်မှတ်ဆိုတာ

ကိုယ်ပိုင် အရည်ချင်းနဲ့

ရိုက်ခတ်ထားတဲ့

အာမခံ တံဆိပ်တုံး တခုပါပဲ......။


တက္ကသိုလ်မြတ်မင်း


http://www.venpunnavamsa2.com

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...