ကုရုတိုင်းမှ စာရိတ္တမျိုးစေ့
အချိန် ကာလအားဖြင့် ညအခါဖြစ်သလို ပြီးခဲ့တဲ့ စက္ကန့်ပိုင်းလောက်က မိုးတွေ တဖွဲဖွဲ ရွာသွန်းသွားခဲ့ပါတယ်။ မိုးစဲသွားသောအခါ ပတ်ဝန်းကျင် တခုလုံး တိတ်ဆိတ်နေပါတယ်။ စာရေးသူအနေနဲ့ တော်သလင်းလပြည့် ဂရုဓမ္မ (သို့မဟုတ်) ကုရုဓမ္မ အကြောင်းလေး ရေးသားဖို့ရန် စာအုပ် အနည်းငယ် ဖတ်ကြည့်လိုက်ပါတယ်။ ပြီးတော့မှ ဂရုဓမ္မ (သို့မဟုတ်) ကုရုဓမ္မ အကြောင်းလေးကို စတင်ရေးသားလိုက်ပါတယ်...။
တော်သလင်းလဆိုတာ ဗုဒ္ဓဘာသာတွေ အနေဖြင့် မှတ်သားစရာ ကောင်းလွန်းသော လဖြစ်ပါတယ်။ ထို့အပြင် ယင်းမာကြိုင်သင်း လ တော်သလင်း ဆိုတာ မြန်မာတို့ ဆိုရိုးပြုခဲ့ကြတာ အမှန်ပင် ဖြစ်ပါတယ်။
သို့သော် မိုးနှောင်းကာလဖြစ်သလို တော်သလင်း နေမင်းဟာ ငါး ပုဇွန် သေအောင် ပြင်းလွန်းပါ တယ်လို့လည်း ဆိုကြပြန်ပါတယ်...။
ဒါပေမဲ့ တော်သလင်းလပြည့်နေ့သည် မြန်မာတို့အတွက် နေ့ထူး နေ့မြတ် ဖြစ်ပါပေတယ်။ ဘာကြောင့်လည်းဆိုတော့ ပါရမီ ဆယ်ပါးတို့တွင် သီလ ပါရမီနှင့် တိုက်ရိုက် ဆက်စပ်နေသောကြောင့်ပင် ဖြစ်ပါတယ်။
ထို့အပြင် ရှေ့မြန်မာ အစဉ်အဆက်က တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့ဟု ဆိုရိုးပြုကြပါတယ်။
မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါတုန်းက မထင်မရှား ရဟန်းတော် နှစ်ပါး ဟင်္သာတကောင်ကို အလောင်းအစားနဲ့ သတ်ဖို့ ကြိုးစား အားထုတ်ကြပါတယ်။ ထို့ရဟန်းနှစ်ပါးသည် ကောင်းကင်ပျံဝဲနေတဲ့ ဟင်္သာကို ကျောက်ခဲဖြင့် လှမ်းပစ်လေရာ ကျောက်ခဲမှန်၍ ဟင်္သာသည် အော်ဟစ်မြည် တမ်းလျက် မြေပြင်ကျရောက်လျက် သေဆုံးခဲ့ရတယ်။
The story was told in reference to a monk who had killed a wild goose. Two monks bathed in Aciravatī, and while standing on the bank, drying, they saw two geese appear. The monks took a bet as to which should hit the goose in the eye, and one of them threw a stone which pierced one eye and came out of the other. The monk was reported to the Buddha. (Kurudhamma Jataka No-276)
ထိုအကြောင်းကို မြတ်ဘုရားရှင် ကိုယ်တော်တိုင် သိတော်မူသဖြင့် ချစ်သားရဟန်း သင်ဟာ သာသနာတော်မှာ ရဟန်းဝတ်နေပါလျက် ပါဏာတိပါတကံကို ပြုလုပ်တာ လက်ဆော့ ခြေဆော့ ရှိလှချေပြီ...။၊
ဟိုရှေးရှေးတုန်းက ဘုရားအစရှိသော သူတော်ကောင်းနှင့် ပညာရှိတွေဟာ သာသနာပ ကာလမှာ သတ်ဖို့ နေနေသာသာ သီလတရားတွေကို အသက်သမျှ တန်ဖိုးထား၍ စောင့်ရှောက်ခဲ့ကြကြောင်းကို မြတ်စွာဘုရားရှင်သည် အတိတ်ဇာတ်ဖြစ်သော ကုရုဓမ္မ ဇာတ်တော်ကို ဟောကြားတော်မူခဲ့ပါတယ်။
The Bodhisatta was once born as the son of Dhananjaya, king of the Kurus, and, after his fathers death, reigned in Indapatta. He observed the Kurudhamma - that is to say, the pancasila - as did the queen mother, his queen consort, the viceroy, the chaplain, the kings driver, his charioteer, the treasurer, the keeper of the royal granaries, the palace porter and the courtesan of the city.
ဖခမည်းတော် ဓနဉ္ဇယ မင်းကြီး နတ်ရွာစံပြီးတော့ နောက်ပိုင်းတွင် ဂေါတမဘုရား အလောင်းတော်သည် ကုရုတိုင်း ဣန္ဒပတ္တမြို့တော်မှာ မင်းကျင့် တရားဆယ်ပါးနှင့်အညီ မင်းပြုတဲ့ ရှင်ဘုရင်အဖြစ် ထီးနန်းစိုးစံခဲ့ပါတယ်။ ထိုအချိန်မှာ ကုရုဓမ္မ (တနည်း) ကုရုတိုင်းသားတွေ ကျင့်သုံးကြသော တရားဆိုတာ ဖြစ်ပေါ်လာပါတယ်။
ဇာတက စာပေကျမ်းဂန်လာ ကုရုဓမ္မ ဆိုတာ တခြားမဟုတ်ပါဘူး၊ ယနေ့ လူသားတိုင်း စောင့်ထိန်းနေကြတဲ့ ငါးပါးသီလကိုပဲ ကုရုဓမ္မ (တနည်းအားဖြင့်) အချိန် ကာလတွေ ကြာလာသည်နှင့်အမျှ ဝေါဟာရ ပြောင်းလွဲ၍ ဂရုဓမ္မ ဟု ဖြစ်လာခဲ့ပါတယ်။
ဂရုနှင့် ဓမ္မ ဆိုတာ ဘာလဲ?
ဂရု - လူတိုင်း တလေးတစား စောင့်ထိန်းသင့်သော၊
ဓမ္မ - ငါးပါးသီလ တရားများလို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။
အဲဒီတော့ ဘုရားအလောင်း မင်းပြုနေချိန်မှစ၍ မင်းကျင့်တရား ဆယ်ပါးနဲ့ အညီ အုပ်ချုပ်လေတော့ (The country thus became very prosperous and its people happy.) တိုင်းပြည်မှာ စည်ပင် ၀ပြောပြီး အေးအေးချမ်းချမ်း ရှိနေခဲ့တယ်၊ ထို့အပြင် ဘုရားအလောင်း ရှင်ဘုရင်ကြီးဟာ မြို့ရဲ့ အရပ်လေးမျက်နှာ၊ မြို့လယ်ခေါင်နေရာနဲ့ သူ၏ နန်းတော် တံခါးဝ စသည် နေရာ( ၆ ) ခုမှာ အလှူဒါနကို လှူဒါန်း ပေးကမ်းခဲ့ပါတယ်၊
ပြည်သူပြည်သားတွေကလည်း ငါးပါးသီလကို စောင့်ထိန်းခဲ့ကြတယ်။
ပြည်သူ ပြည်သားထဲမှာ အောက်ပါ (၁၁) ယောက်ကတော့ အကျင့်သီလကို အသက်နှင့် လဲပြီး ထိန်းသိမ်းခဲ့ကြသည့် ပုဂ္ဂိုလ်ထူးတွေဖြစ်ပါတယ်။
ထိုပုဂ္ဂိုလ်တွေကတော့ …
၁။ ဘုရားလောင်း ဘုရင်
၂။ အိမ်ရှေ့မင်းသား
၃။ မယ်တော်ကြီး
၎။ မိဖုရားခေါင်
၅။ မင်းအတိုင်ပင်ခံ ပုရောဟိတ် ပုဏ္ဏားကြီး
၆။ မြေတိုင်းအမတ်ကြီး
၇။ ရှင်ဘုရင်၏ ရထားထိန်းတော်
၈။ တိုင်းပြည်၏ အကြီးဆုံး ကုန်သည်ကြီး
၉။ နန်းတော် တံခါးမှုး
၁၀။ တိုင်းပြည် ကျက်သရေဆောင် သူဋ္ဌေးကြီး
၁၁။ ပြည့်တန်ဆာမ
အထက်ပါ သူတော်ကောင်းတွေကတော့ သီလ၀န္တဖြစ်သော ပုဂ္ဂိုလ်တွလို့ ဆိုရမှာပါ၊ ထို့နောက် ကုရုတိုင်းမှာ နေထိုင်ကြတဲ့ သူတွေဟာ လူတိုင်း ကိုယ်စီ ငါးပါးသီလကို လုံခြံအောင် စောင့်ထိန်းကြတဲ့အတွက် သူတို့ တိုင်းပြည်မှာ မိုးလေ၀သ မှန်ကန်ပြီး ကပ်ကြီး သုံးပါး ဘေးက လွတ်မြောက် နေကြပါတယ်။ ကုရုတိုင်းမှာ မိုးလေ၀သ ညီညီမျှမျှ ရွာသွန်းနေချိန်မှာ (In the kingdom of Kalinga there was a drought and consequent scarcity of food. The king, acting on the advice of his ministers, sent brahmins to beg from the Bodhisatta the loan of his state elephant, Anjanavasabha, who was reported to bring rain. The elephant was lent willingly but no rain fell.) ကာလိင်္ဂ တိုင်းမှာတော့ မိုးခေါင်ပြီး ကပ်ကြီး ၃ပါး ဆိုက်ကပ်နေလို့ လူရော တိရစ္ဆာန်တွေပါ ဒုက္ခရောက်ကြရပါတယ်။ ရှေးမင်းတွေ ထုံးစံအရ မိုးရွာအောင် အလှူပေးပြီး ဘုရင်ကိုယ်တိုင် ဥပုသ်ဆောင် ၀င်ပြီး ဥပုသ်သီလ ဆောက်တည်ပေမယ့် မိုးက မရွာဘဲ နေပါတယ်။
ထို့အပြင် ထိုဆယ့်တစ်ဦးဟာ ငါးပါးသီလကို ထူးထူးခြားခြား စောင့်ကြတဲ့အတွက် သူတို့ထံမှ ငါးပါးသီလကို ရွှေပြားပေါ်မှာ ရေးပြီး တောင်းလာခဲ့ပါတယ်။ ကုရုဓမ္မလို့ ခေါ်တဲ့ ငါးပါးသီလကို ရှင်ဘုရင်က စပြီး တိုင်းပြည် တခုလုံး ကျင့်သုံး ကြတဲ့ အခါမှာ မိုးရွာသွန်းပြီး ကာလိင်္ဂ တတိုင်းလုံး ကပ်ကြီး ၃ပါးက လွတ်ကင်းပြီး သာယာ ၀ပြောတဲ့ နိုင်ငံ ဖြစ်လာပါတယ်။
ကုရုတိုင်းမှာ မိုးရွာနေတာဟာ အဉ္စန၀ဏ္ဏ ဆင်တော်ကြီး ရှိလို့ မိုးရွာတာပဲလို့ အယူရှိကြပြီး အဲဒီ ဆင်ကြီးကို ရရှိအောင် ကိုယ်စားလှယ်တော် လွှတ်ပြီး ရွှေနဲ့ လဲပါလို့ တောင်းဆိုပါတယ်။
ဒီတော့ ကုရုဘုရင်က စာနာ ထောက်ထားပြီး သင်တို့ တိုင်းပြည်မှာ မိုးရွာမယ်ဆိုရင် ငါ၏ ဆင်တော်ကြီးကို ရွှေနဲ့ မလဲဘဲ အခမဲ့ မေတ္တာလက်ဆောင် ပေးပါမယ် ဆိုပြီး ပေးလိုက်ပါတယ်။ ဆင်ကြီး ရောက်တော့လဲ မိုးက မရွာဘဲ ခေါင်မြဲ ခေါင်နေပါတယ်။
ဒီတော့ မိုးမရွာတာဟာ ဆင်နဲ့ ဘာမှ မပတ်သက်ဘူး။ (The messengers, therefore, had to visit each one and take down a list of the dhamma. The incidents related by each to the messengers, explaining wherein they had transgressed the dhammas, only served to emphasise how scrupulously they had conducted themselves. The Kalinga king practised the Kurudhamma and rain fell in his country.) သူတို့ တိုင်းသူပြည်သားတွေ ကျင့်သုံးတဲ့ ကုရုဓမ္မကြောင့်သာ ဖြစ်တယ်လို့ သဘောပေါက်ပြီး အဲဒီ တရားကို ရွှေပြားပေါ်မှာ ကူးယူခဲ့ရမယ်လို့ ကိုယ်စားလှယ်တော်ကြီးများကို ထပ်မံ စေလွှတ်ပြန်တယ်။
နောက်ဆုံး ရွှေပြားမှာ ရေးသားထားတဲ့ ငါးပါးသီလတော်မြတ်ကို ကလိင်္ဂ တတိုင်းလုံး ကျင့်ကြံ အားထုတ်ကြလို့ ရာသီဥတု မှန်ကန်ပြီး သာယာဝပြောလာခဲ့တာ၊ ကပ်ကြီး သုံးပါးကိုလည်း ကျော်လွှားနိုင်ခဲ့ပါတယ်။
ထို့နောက် ငါးပါးသီလ စောင့်ထိန်းခြင်း၏ အကျိုးတရားများကိုလည်း ဣတိဝုတ် အဋ္ဌကထာနှင့် ခုဒ္ဒကပါဌအဋ္ဌကထာတို့တွင် အကျယ်တ၀င့် ဖွင့်ဆိုထားသည်မှာ မှတ်သားဖွယ်ကောင်းပါတယ်။
ငါးပါးသီလမြဲသူမှာ စားဝတ်နေရေး မပူပင်ရ၊ သေသူအတွက် သောကမရောက်ရ၊ သေပြီး နောက်လည်း နတ်ပြည်သို့ ရောက်ရ၏။ သက်တမ်းစေ့ နေရ၏စသော အကျိုးကျေးဇူးများကို ခံစားရပါတယ်။
ထို့အပြင် ကုရုဓမ္မ သို့မဟုတ် ဂရုဓမ္မ အမည်ရှိသော ငါးပါးသီလကို လူတိုင်းကိုယ်စီ မြဲကြပါလျှင် မိုးလေ၀သ မှန်ကန်ခြင်းနှင့် သယံဇာတ သဘာဝပစ္စည်းများ ပေါကြွယ်နိုင်သည်။ အမှုအခင်းများကင်း၍ တရားရုံးများ အချုပ်ထောင်များပင် ထားစရာမလိုတော့သဖြင့် ယနေ့ ကမ္ဘာသူ ကမ္ဘာသားတို့ တောင့်တနေသော ကမ္ဘာ့ငြိမ်းချမ်းရေးကြီးမှာ နိုင်ငံတိုင်း လူသားတိုင်းသာ ငါးပါးသီလ စောင့်ထိန်းကြလျှင် မုချမသွေ ရရှိနိုင်ပေမည်။
အားလုံးသော သူတော်ကောင်းသည်လည်း ကုရုတိုင်းမှ စာရိတ္တမျိုးစေ့ ဟု ခေါ်ဆိုအပ်သော ကုရုဓမ္မ သို့မဟုတ် ဂရုဓမ္မ တနည်းအားဖြင့် ငါးပါးသီလတို့ ကောင်းစွာ စောင့်ထိန်းနိုင်ကြပါစေ လို့ ဆုမွန်ကောင်း တောင်းလျက် နိဂုံးချုပ်လိုက်ပါတယ်။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment