ရင်ဝှက်ပန်း သိုဝှက်အလွမ်း
သခင်မဲ့အနမ်း တိတ်တခိုးကျွမ်းရင်း
ငိုမဲ့မဲ့နဲ့ အိမ်ပြန်ခဲ့ပေါ့..။
သိုဝှက်အလွမ်းတွေ သခင်မဲ့လမ်းမှာ
တိတ်တခိုးကျွမ်းရင်း ငိုမဲ့အနမ်းကို
ငါ..ခုံမင်စွာ မျှော်လင့်ခဲ့တာ
ရင်မှာသိုဝှက် အနေခက်လည်း
တိတ်တခိုးအချစ် မပစ်သာလို့
ခုံမင်စွာ ငါ တပ်မက်ခဲ့တာ
အိမ်ပြန်လမ်းကို ရောက်ခဲ့တဲ့အထိပေါ့…။
တက္ကသိုလ်မြတ်မင်း
ရင်ဝှက်ပန်း သိုဝှက်အလွမ်း
ReplyDeleteသခင်မဲ့အနမ်း တိတ်တခိုးကျွမ်းရင်း
ငိုမဲ့မဲ့နဲ့ အိမ်ပြန်ခဲ့ပေါ့..။
ကောင်းလိုက်တာကိုမြတ်မင်းရေ
စကာလုံးတွေ ဘယ်က ရတာလဲဟင်....
ကျွန်တော်လည်း အကောင်းဆုံးဖြစ်အောင် ဆက်လက်ကြိုးစားလျက်ပါ.. မစပယ် .. အခုလို အားပေးတာ အထူးကျေးဇူးတင်ပါတယ်...ကျွန်တော် ကဗျာတွေက မစပယ်ဆီက ဖြစ်မယ်ထင်တယ်နော်..
ReplyDeleteရင်မှာသိုဝှက် အနေခက်လည်း
ReplyDeleteတိတ်တခိုးအချစ် မပစ်သာလို့
ခုံမင်စွာ ငါ တပ်မက်ခဲ့တာ
အိမ်ပြန်လမ်းကို ရောက်ခဲ့တဲ့အထိပေါ့…။
အဟဲ..ဒါကိုလည်းကြိုက်တယ်
အဲလိုနဲ့.အိမ်ပြန်ရပေါင်းများပီလေ :P
လေးစားလျှက်
အင်း..ဟုတ်တယ်..ဟုတ်တယ်..။ ခံစားချက်ခြင်း တူနေလို့ ဖြစ်မယ်ထင်တယ်.. ကျေးဇူးတင်ပါတယ်.. မစံ...
ReplyDelete