နစ်နာခြင်းတွေ ကာရံဖွဲ့လို့
နှလုံးသားတေးတစ်ပုဒ် သီဆိုနေပါရဲ့
နောက်မကျခင် နေဝင်ဆည်းဆာချိန်မှာ
တပ်ခေါက်ကာ ပြန်လာလှည့်ပါ...ခင်...။
ညိုပြာပြာ တိမ်လွာရိပ်မှာ
ချစ်တေးတွေ ဆိုနေမိပါရဲ့
နေစောင်းတာ အခါများရင်ဖြင့်
လွမ်းနယ်ကို တစ်ခါလှမ်းလိုနဲ့
ဆွေးခဲ့ပေါ့ ကြင်ချစ်သူ.... ခင်...။
နှလုံးသားတေးတစ်ပုဒ် သီဆိုနေပါရဲ့
နောက်မကျခင် နေဝင်ဆည်းဆာချိန်မှာ
တပ်ခေါက်ကာ ပြန်လာလှည့်ပါ...ခင်...။
ညိုပြာပြာ တိမ်လွာရိပ်မှာ
ချစ်တေးတွေ ဆိုနေမိပါရဲ့
နေစောင်းတာ အခါများရင်ဖြင့်
လွမ်းနယ်ကို တစ်ခါလှမ်းလိုနဲ့
ဆွေးခဲ့ပေါ့ ကြင်ချစ်သူ.... ခင်...။
မနုဿ ဒီလူ့ဘုံတခွင်မှာ
တွေ့ဆုံကာ ကြင်နာဖွဲ့ပါလို့
ချစ်မိုးတွေစွေ အလွမ်းဝေပြီမို့
မနေသာ ခွဲခဲ့ရပြီ... ခင်...။
လမ်းခွဲတာ ဝမ်းနည်းစရာလားလို့
မခွဲခင် ပြောခဲ့တဲ့... သူ့စကား
ယခုမှာတော့ ပြန်ကြားမိပေါ့
တွေးလေလေ ဆွေးမပြေ
လွမ်းရက်တွေရှည် ချစ်သက်ခြွေ
ရင်မှာ လောင်းတော့ ထားခဲ့ပေါ့... ခင်...။
တွေ့ဆုံကာ ကြင်နာဖွဲ့ပါလို့
ချစ်မိုးတွေစွေ အလွမ်းဝေပြီမို့
မနေသာ ခွဲခဲ့ရပြီ... ခင်...။
လမ်းခွဲတာ ဝမ်းနည်းစရာလားလို့
မခွဲခင် ပြောခဲ့တဲ့... သူ့စကား
ယခုမှာတော့ ပြန်ကြားမိပေါ့
တွေးလေလေ ဆွေးမပြေ
လွမ်းရက်တွေရှည် ချစ်သက်ခြွေ
ရင်မှာ လောင်းတော့ ထားခဲ့ပေါ့... ခင်...။
တက္ကသိုလ်မြတ်မင်း
တွေးလေလေ ဆွေးမပြေ
ReplyDeleteလွမ်းရက်တွေရှည် ချစ်သက်ခြွေ
ကဗျာလေးဖတ်ပြီးလွမ်းသွားပါတယ်ခင်ဗျာ
မြန်မာကဗျာစစ်စစ်ကိုဖတ်ရတယ်အကိုမြတ်မင်းရေ
ReplyDeleteကဗျာဆိုတာအဲတာပေါ့နော်
လွမ်းနယ်ကို တစ်ခါလှမ်းလိုနဲ့
ဆွေးခဲ့ပေါ့ ကြင်ချစ်သူ.... ခင်.-----တဲ့
စကားလုံးတွေလှတယ်
ခင်ခင်မင်မင် jasmine
ချောကလက်လေးရေ... ကျွန်တော် ကျေးဇူးတင်တဲ့ အကြောင်း အထူးပြောပါရစေ... ခင်ဗျာ...
ReplyDeleteမစပယ်ရေ........ ခင်မင်ခြင်းတွေ ရင်မှာလွင့်လို့ ကျေးဇူးစကားတွေ ပြောပါရစေ မစပယ်... ခင်ခင်မင်မင် တက္ကသိုလ်မြတ်မင်း
ဂျက်ပြောသလို ကဗျာကောင်းလေးတစ်ပုဒ် ဖတ်သွားတယ် မောင်မြတ်မင်းရေ။
ReplyDeleteအမေပေးသော နှလုံးသားလေး ဆောင်းပါးလေးလည်း ခံစားသွားပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်