Thursday, February 9, 2012

ဖေဖော်ဝါရီ လောင်တိုက် (၁၁၄)


ခရီးထွက်မိတဲ့ နှလုံးသားက
လေတိုက်မိတဲ့ သစ်ကိုင်ပမာဖြစ်ခဲ့
မကြေငြာခဲ့တဲ့ ရင်ခွင်အရိပ်အောက်
ချည်နှောင်ကြိုးတခုလို နှောင်ဖွဲ့ခဲ့ရင်း
ဆေးစက်ကျရာ ရေးစပ်မည့်
ကဗျာတွေလည်း နှေးကွေးခဲ့ပြီ....။

ဖြူစင်ရိုးသားတဲ့ အသိဝိညာဉ်တွေလည်း

ဆေးဆိုးပန်းရိုက် ကာလာတွေသာ ချယ်သရင်း
ကမ္ဘာတစွန်းတဖက်က မမြင်နိုင်တဲ့
နှလုံးသားခုန်နှုန်းတွေ နိုးကြားခဲ့
ကာလနဂါးလို အလန့်တကြားဖြစ်ခဲ့တဲ့
စိတ်အသိတွေက မေတ္တာလွင်ပြင်ကို
ခရီးသွားခဲ့မိ မကြာမှီ.....
ခွဲခွာတော့မည့် သစ်စိမ်းကျိုးတခုက
မျက်ရည်လွင်ပြင်မှာ ပျံဝဲနေဆဲ...။

ဒီလိုနဲ့ အတိတ်တွေကို

မေ့ပျောက်ဖို့ ကြိုးစားနေဆဲ
အဝေးက ခရီးသွားဧည့်သည်ကို
ကြိုဆိုမိခဲ့တဲ့ ရင်ခွင်အိပ်ယာထဲ
အခုတော့လည်း သူငိုနေခဲ့...။

မနက်ဖြန် နေရောင်ခြည်အောက်

ပန်းတွေအတူကောက်ရင်း အပြုံးနဲ့မျက်ရည်
နှလုံးထက်က သက်သေတွေနဲ့
မမုန်းမဖက်တဲ့ လက်အစုံက
ကိုယ်စီရင်ခွင်မှာ သိုင်းဖက်ကြရင်း
ဝေဒနာခရီးတခုနဲ့ သူခရီးဆက်ခဲ့ပေါ့....။

၁၄ ရက်နေ့ ဖော်ဖာဝါရီဆိုတာ

နှလုံးသား အက္ခရာတွေကို
ရေးစပ်ကြတဲ့ သတ်မှတ်ချက်ဆိုပေမဲ့
သူတို့နှစ်ဦးအတွက်တော့ ပေးဆပ်မျက်ရည်တွေနဲ့
ဝေဒနာလမ်းဆုံးတခုကို အဓိပ္ပာယ်မဲ့
အထီးကျန်လက်နဲ့ အလွမ်းတွေသိုင်းဖက်လို့
မရေရာတဲ့ ခရီးအဝေးကို ရောက်ရှိခဲ့ပေါ့...။


တက္ကသိုလ်မြတ်မင်း

2 comments:

  1. ဖေဖော်ဝါရီ လောင်တိုက် လေးကို အားပေးသွားပါတယ်ခင်ဗျာ။

    ကဗျာ ခေါင်းစဉ်မှာ စာရိုက်တာ နဲနဲလွဲသွားတယ် ထင်တယ် အစ်ကို...

    ReplyDelete
  2. ကဗျာလေးက ကောင်းမှကောင်း

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...