Wednesday, February 15, 2012

ငါ့သမိုင်း ငါ့ရင်ခွင် ငါ့အပြစ်ပါ (၁၁၇)

 
ပန်းကလေးတွေ ပွင့်တိုင်း လှနေပါရဲ့
ပန်းပန်ခွင့်လည်း ရှိခဲ့ပါရဲ့
ချစ်သက်ချွေ မြေမှာလူးတော့
သခင်ရင်ခွင်ထက်က တမျိုးလှတဲ့
သဇင် ခတ္တာ တော်ဝင် ကံကော်ပန်းတွေရဲ့
ရနံ့တွေနဲ့ အဆင်မပြေတဲ့ တနေ့နေ့မှာ
နှလုံးသား နည်းပညာရပ်ဝန်းက
ပန်းကလေးတွေကို မုန်းလာမိတယ်...။

မေတ္တာပန်းကလေး လန်းနေပါရဲ့
သစ္စာပန်းကလေး လှနေပါရဲ့
ခေတ်တစ်ခေတ်ရဲ့ ပန်းတစ်ပွင့်ဖြစ်ခဲ့ပါရဲ့
လေလွင့်မြေခခဲ့ရတာ နှစ်တွေချို့ခဲ့သလို
အချိုအဆိမ့် မသိသေးတဲ့ သမိုင်းတစ်ပုဒ်ထဲ
သကြားလုံးတစ်လုံးကို လျှာပေါ်ကို တင်မိနေဆဲ
ခဏတာ အတိုင်းပမာဏရှိတဲ့ နာရီလက်တန်က
ဝါးမျိုသွားတော့ အချိုအဆိမ့် ပျောက်ခဲ့တယ်လေ...။

လိုချင်များလွန်းလို့ ကိုင်ဆွဲလာတဲ့
ခြင်တောင်လေးတောင် ပြည့်မောက်လို့
ဟိုကပေါက် ဒီကပေါက် နေရောင်အောက်မှာ
နွမ်းခြောက်ခြောက်နဲ့ ရောင်းသူကလည်း ရောင်း
ဝယ်သူကလည်း ဝယ်လို့ အမောစို့နေတဲ့
ဆိုင်ရှင်အတွက် မော်ဒန် ဝိုင်တစ်စိတ်နဲ့
ကာလာရောင်စုံ ချိတ်နေခဲ့ပြီလေ...။

မနက်ဖြန် နေရောင်ခြည်ကို စောင့်မျှော်ရင်း
အတိတ်အရိပ်တွေကို တွေဝေငေးငိုင်လို့
ပစ္စုပ္ပန်မှာ အိပ်ဆေးတစ်ခွက်နဲ့ မေ့ပျောက်ချင်သော်လည်း
စိတ္တဇတစ္ဆေခြောက်သလို အိပ်မက်တွေကို ဆက်မက်မိခဲ့
မကြာခင် သွေးကြောပျက်တော့မည့်
စက္ကန့် နာရီတွေထဲ သွေးခုန်နှုန်းက
မှတ်တိုင်ပျောက်နေဆဲ...။

မခံစားချင်ဘူး ငြင်းဆိုခဲ့ဘူးတယ်
မချစ်တက်ခဲ့ဘူး ပြောခဲ့ဖူးတယ်
အနိုင်အရှုံးအတွက် အချိုတစ်ခွက်လို လောင်းချဖူးတယ်
စွယ်တော်ရွက်ကို ခေါင်းအုံးအောက်မှာ ထားအိပ်ခဲ့ဖူးတယ်
ချစ်သူများနေ့ရက်ကို မသိခဲ့ဖူးတဲ့
အထီးကျန်နေ့ရက်တွေနဲ့ ဘဝကြင်ဖော်ကို မေ့ခဲ့ဖူးတဲ့
ဒီနေ့ရက်တွေထဲ ကာရံတွေကို ဖွဲ့နွဲ့ရင်း
လမိုက်ညတွေကို ကျော်ဖြတ်လို့
တကိုယ်တော် သီချင်းတွေ ဟစ်အော်ခဲ့တာ
နှစ်တွေ ခါးသီးလို့ နေဝင်နေ့ရက်တွေကို
ငါ့ဘဝ ငါ့နန်းရင်ပြင်မှာ ဆည်းဆာအလှနဲ့ နိဂုံးချုပ်ခဲ့ရပြီလေ....။
 
 
တက္ကသိုလ်မြတ်မင်း

1 comment:

  1. အကိုရေကျွန်တော်လာလည်သွားတယ်ဗျာ...အကို့ကို poemscorner မှာ
    တွေ့ ပါတယ်။ကျွန်တော် E-than ပါ။ကျွန်တော်လဲ blogspot မှာဆိုဒ်တစ်
    ခုလုပ်နေလို့၊ အကူအညီလေးပေးပါအုံး။ ကျွန်တော့်ဆိုဒ်လိပ်စာက
    bathukhaung.blogspot.com ပါ mail address ကတော့
    aung.bot.im@gmail.com ပါ။ ကျွန်တော်စာကိုတွေ့ရင်အကြောင်းပြန်ပါ
    ဦးအကို။

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...