Sunday, February 26, 2012

ဝေဒနာ ခရီးသွား (၁၂၂)


ဘဝကပေးတဲ့ သမိုင်းတစ်ပုဒ်နဲ့
အလုပ်တွေရှုပ်ထွေးရင်း နေလောင်ပြင်မှာ
သစ်စိမ်းချိုးပမာ အချိုးခံလိုက်ရတာ
မရေရာတဲ့ မသေခြာတဲ့ ရင်ခွင်မှာ
မှေးစက်မိလို့ အခုတော့လည်း
ဒဏ်ရာတွေနဲ့ ဝေဒနာတွေနဲ့
ငါ့ ဘဝသမိုင်းထဲ ပြည့်ကျပ်လို့ ခံစားနေဆဲ...။

ခုတ်မောင်းနေဆဲ လျှောက်လှမ်းနေဆဲ
ဝင်စရာမရှိတဲ့ မှတ်တိုင်တွေလည်း
ကျော်ဖြတ်နေဆဲ အထီးကျန်နေဆဲ
သို့သော်......
မာယာများလွန်းတဲ့ ကံကြမ္မာအချိုးအကွေ့တွေက
ငါ့ကို စိန်ခေါ်ခဲ့လို့ မနေ့က ငါဟာ
ဒီနေ့တော့ မာယာများ ကောင်းကင်လွှာက
တိမ်ပြာတွေလို ငါ့ စိတ်တွေ ဆော့ကစားနေဆဲ...။

အဓိပ္ပာယ်မဲ့တဲ့ နေ့ရက်တွေနဲ့
နေ့ညတွေကို ဖြတ်သန်းခဲ့
နှစ်လတွေရဲ့ သုဿာန်ပြင်မှာ
စိတ္တဇတွေ ကိုယ်စီနဲ့ မညီညာတဲ့
ဘဝခရောင်းလမ်းကို အချို့အကွေ့များစွာနဲ့
ဖြတ်သန်း လျှောက်လှမ်းနေဆဲ
အခုတော့လည်း ငါ့ ဘဝက
လွင်ပြင်တခုလိုပဲလေ....။



တက္ကသိုလ်မြတ်မင်း

4 comments:

  1. ကံကြမ္မာအချိုးအကွေ့တွေက
    မာယာများတယ်ဆိုတာ တစ်ကယ်ပဲ
    အကိုမြတ်မင်းရေ
    ခင်မင်တဲ့ jasmine

    ReplyDelete
  2. မာယာများလွန်းတဲ့ ကံကြမ္မာအချိုးအကွေ့တွေက
    ငါ့ကို စိန်ခေါ်ခဲ့လို့ မနေ့က ငါဟာ
    ဒီနေ့တော့ မာယာများ ကောင်းကင်လွှာက
    တိမ်ပြာတွေလို ငါ့ စိတ်တွေ ဆော့ကစားနေဆဲ...။

    စာသားတွေ မိုက်တယ်ဗျာ

    ReplyDelete
  3. မစပယ်ရေ သဘာဝလွင်ပြင်ထဲ ဖြစ်တက်တဲ့ နိယာမတွေကို ရေးသားရင်း အိပ်ပျော်ခဲ့တဲ့ နေ့ရက်တွေကို ကုစားနေလို့ ထွက်ပေါ်လာတဲ့ စာသားတွေလည်း ကဗျာတွေထဲ ရောက်ခဲ့တာပါ...။
    ခင်မင်စွာဖြင့်
    တက္ကသိုလ်မြတ်မင်း

    ReplyDelete
  4. အားပေးခဲ့ပါတယ်ဗျာ...ကဗျာကောင်းလေး
    ခင်မင်လေးစားစွာဖြင့် (လွမ်း)www.lwanpaishin.blogspot.com

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...