Sunday, November 27, 2011

နှင်းပျောက်တဲ့ ဆောင်း (၄၇)


ဝင်သက်ထွက်သက် အသက်ရှုမရပ်ခင်
ချစ်သက်တွေခြွေ လွမ်းမျက်ရည်စက်တို့
စီးဆင်းနေတဲ့ မြစ်ပင်လယ်ထဲ
နှင်းစက်လေးတွေ ငိုကြရင်း
သတိရမိတယ် ဒီ ဆောင်းဟေမာန် ရယ်...။

ဒီဇင်ဘာ မိုးစက်များက
နှင်းစက်လေးများအောက် ခစားရင်း
မြူနှင်းတိမ်ယံ ဟိုတောင်တန်းထက်မှာ
ရစ်သိုင်းကာ ချစ်သက်သေတွေ ထူနေပါရဲ့
မသိတက်တဲ့ ဒီ ဆောင်းတစ်ညမှာတော့
အေးစက်စက် ချမ်းတုန်ခိုက်လို့
ရင်ခွင်မှားထဲ အိပ်ခဲ့ဖူးတယ်.. ဒီ ဆောင်းဟေမာန်..။

ညိုပြာရီမှောင် ညသန်းခေါင်မှာ
ဆောင်းနှင်းမြူ မြောက်လေရူးတွေ
ဆော့ကစားလေတော့ ချမ်းစိမ့်စိမ့်
နှလုံးသားတွင်း ကျိတ်မှိတ်ခံစား
မနေ့က ဆရာဝန်ပေးတဲ့
ဆေးစာနဲ့ ဆေးများကို ကောက်ယူရင်း
မော့သောက်မိတယ် ဒီ ဆောင်းတစ်ညပေါ့....။



အသက်ရှုမှားသွားတဲ့ ဆောင်းတစ်ညကို
ကျော်ဖြတ် အသက်ရှင်သန်ရင်း
နှင်းမြူတွေရစ်သိုင်းသော လေဟာနယ်မှာ
လွတ်လပ်စွာ ဝင်သက်ထွက်တွေကို
ရှုရှိုက်ပြီး ခံစားချက်တွေ
ထွက်ပေါက်ရှာလိုက်မိတာ... အခုတော့
နှလုံးသား ကြမ်းပေါက်တစ်ခုကိုတွေ့ရှိလို့
လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ပြီ.. သူအတွက်ပေါ့..။

နွေဂိမှန် ပူလောင်ခြင်းတွေနဲ့
ဝသန်မိုးသား အေးမြခြင်းတွေက
ဆောင်းဟေမာန်ကို ရိုက်ခတ်လို့
နှင်းမုန်တိုင်းတစ်ခု ကမ္ဘာကိုဖြတ်သန်းရင်း
ကြွေကျခဲ့ နှင်းစက်လေးတွေရဲ့
ခံစားချက်တွေကိုတော့ လက်ကျန်သူအတွက်
သတိရခြင်း အမှတ်တရပေါ... ဒီ ဆောင်းဟေမာန်...။

ရင်မှာပြိုချ ဆောင်းတစ်ညကို
ကျော်ဖြတ်ရင်း နှင်းစက်လေးများ
နှလုံးသားမှာလွှမ်းမိုးလို့ ချမ်းတုန်ခိုက်
သွေးခဲစွာအေးစက် မေ့မျောခဲ့တဲ့
နေ့ရက်တွေကို ရေတွက်ရင်း
ပျောက်ဆုံးသွားတဲ့ နှင်းစက်တစ်ပွင့်ကို
ရှာဖွေခဲ့တာ... ဒီဆောင်းတစ်ညပေါ့...။

တက္ကသိုလ်မြတ်မင်း

3 comments:

  1. မနေ့က ဆရာဝန်ပေးတဲ့
    ဆေးစာနဲ့ ဆေးများကို ကောက်ယူရင်း
    မော့သောက်မိတယ် ဒီ ဆောင်းတစ်ညပေါ့---တဲ့လားရှင်
    ကျွန်မကတော့နေ့တိုင်းသောက်နေရလို့ရိုးနေပါပြီ ။

    ReplyDelete
  2. ကဗျာကောင်းလေးကိုအားပေးသွားပါတယ်

    ခင်မင်စွာဖြင့်

    ReplyDelete
  3. မစပယ်ရေ... အားပေးမှုကို ဝမ်းမြောက်ကြည်နူးမိပါတယ်... စပယ်ရေ... ခင်ခင်မင်မင် ချစ်ခင်မိပါတယ်... မစပယ်ရဲ့ ကဗျာတွေလည်း တော်တော် ကောင်းတယ်... ကျွန်တော် အားကျမိတယ် .. ခင်ခင်မင်မင် ပြောမိတာပါနော်..


    ချောကလတ်လေးရေ... အားပေးမှုကို ကျေးဇူးတင်ပါတယ်နော်...

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...