Thursday, February 21, 2013

ကိုယ်ကျင့် ပင်မ သိပ္ပံ


ကိုယ်ကျင့် ပင်မ သိပ္ပံ


ရာသီတွေ အကြိမ်ကြိမ် ပြောင်းလဲ
နွေ မိုး ဆောင်း သုံးရာသီထဲ
နှစ်တွေ တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံး
အချိန်တွေသာ ကုန်ဆုံးသွားခဲ့တယ်
ကိုယ့် ကိုယ်ပိုင် ရင့်ကျက်မှု မရှိပဲ
အပေါ်ယံ သကာရည် အကြိမ်ကြိမ် လောင်းထားပေမဲ့
ဘယ်ခေတ်တွေ ဘယ်လို ပြောင်းလဲ ပြောင်းလဲ
ခေတ်အဆက်ဆက် စီးဆင်းနေတဲ့ ပင်လယ်ဟာ
အားလုံးအတွက် အရသာ တစ်မျိုးတည်း ရှိတယ်....။

အရသာ တစ်မျိုးတည်းရှိတဲ့ ပင်လယ်
မတွေ့ဖူး သူ အတွက်တော့
ဟိုနားသွားလည်း အသစ်အဆန်း
ဒီနားသွားလည်း အသစ်အဆန်း
ကြည့်လိုက်ရင် လိုချင်စရာတွေ များပြား
တကယ်တော့ အတွေးနဲ့သာ မျောသွားတဲ့
တောင်းဆိုမှုများ ရုတ်တရပ် စဉ်စားကြည့်တယ်...။

တစ်ခါတရံ လက်သည်မရှိတဲ့
ပစ္စည်းတစ်ခု ပျောက်ဆုံးသွားတော့မှ
ကြွေးကျော်သံတွေ ခုန်ပေါက်ထွက်လာတဲ့
ဒီခေတ်ကြီးထဲ အငိုမျက်ရည်နဲ့
အပြုံး ကျက်သရေတွေ သယ်ဆောင်လို့
ဆေးရောင်စုံ ပန်းချီကားတွေ
ကိုယ့် မရှိတဲ့ နံရံမှာ သုတ်လိမ်းကြမယ်ဆိုရင်...။

တစ်ခုတော့ရှိတယ်....
အရောင်းတင်ခုံပေါ်က
ဗန်းပြထားတဲ့ ပစ္စည်းတစ်ခု
ပေါက်ဈေးကြည့်လိုက်တိုင်း အသက်မသာနဲ့
ကိုယ် ထင်ထားတဲ့ ဈေးထက် မြင့်တက်
မညီမျှတဲ့ လုပ်အားနဲ့
ကြိုးစားခဲ့တဲ့ ခွန်အားတွေ ဆုတ်ယုတ်
ဘယ်အချိန်များ ကိုယ်လိုချင်တဲ့ ဈေး ဖြစ်နိုင်မလဲ
စဉ်းစားရင်း မောဟိုက်လို့
သောက်စရာ ရေတစ်ခွက်တောင်
လိုရ မယ်ရ ရှာမတွေ့တော့ပါလား....။

ဒါပေမဲ့...
စက္ခူနှစ်ကွင်းထဲ မြင်လိုက်တဲ့ သားကောင်တိုင်း
လေးတော်တင် နားနှစ်ဖက်နှစ် နားစဉ်ရင်း
ရနံ့သင်းသင်း အနံ့တစ်ခုက ထိုးဖောက် ဝင်ရောက်ခဲ့
အရသာ မသိတဲ့ ထူလွန်းတဲ့ လျှာတွေလည်း
အထိအတွေ့တိုင်း ခံစားမြဲ ခံစားနေဆဲ....။

မှားနေပြီ...
ချို့ယွင်းချက်များလွန်းတဲ့
ကိုယ် တည်ဆောက်တဲ့ အိမ်ထဲ
နှစ်တွေ ကြာလာတော့ ပုံစံတွေ ပြောင်းလဲ
ယက်မတွေက မခိုင် တိုင်တွေက ယိုင်
ဟိုနား ပေါက် ဒီနား ပေါက်
ယိုချင်တိုင်း ယိုနေတဲ့ အမိုး
ပေါက်ပြဲချင်တိုင်း ပေါက်ပြဲနေတဲ့ နံရံ
ကျိုးချင်တိုင်း ကျိုးနေတဲ့ အခင်းများက
ကျားကန်လို့လည်း အဆင်မပြေ
အားလုံး လုံခြုံမှု မရှိတော့.....။


သို့သော်....
ပုံစံ ကိရိယာ မတူညီတဲ့ စက်ရုံထဲက
ရုပ်ဝတ္ထုတွေ ဘယ်လောက် များပြား များပြား
ခေတ်မှီလာတဲ့ ဒီခေတ်ကြီးထဲ
စာရိတ္တ စွမ်းအား ကောင်းတဲ့ စက်ပစ္စည်း
ဘယ်သိပ္ပံ ပညာရှင်မှ တီထွင်ခဲ့တာ မရှိသေးဘူးလေ....။

တကယ်တော့...
စာရိတ္တ စွမ်းအား ကောင်းတဲ့ စက်ပစ္စည်း
ထုတ်လုပ်သူ သိပ္ပံပညာရှင်ဆိုတာ
ဘယ်နေရာမှာ ရှာရှာ ဘယ်နည်းနဲ့ လုပ်လုပ်
ဘယ် ဆရာ သင်ပြ သင်ပြ
ကိုယ်ပိုင် ကိုယ့် စာရိတ္တ မပြင်သ၍
တီထွင်သူ ရှိမှာ မဟုတ်ဘူး...။

စာရိတ္တ စွမ်းအား ထုတ်ကုန်အတွက်...
တခြားဆီက သင်ကြားပါ
လောကကြီးထဲမှာ သင်ယူပါ
ကိုယ်တိုင် ကျင့်သုံးပါ
ကိုယ် ကိုယ်တိုင် လေ့လာပါ
ကိုယ် ကိုယ်တိုင် ပုံစံတစ်ခု ဖွဲ့စည်းပါ
ကိုယ်ပိုင် တီထွင်ပါ
ကိုယ် ကိုယ်တိုင် ပြင်လိုက်ပါ
အရာအားလုံး ပြည့်စုံတဲ့အခိုက်အတန့်
စာရိတ္တ စွမ်းအား ထုတ်ဖော်တဲ့
သိပ္ပံပညာရှင်ဟာ သင် သာ ဖြစ်တယ်...။


တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa2.com

1 comment:

  1. ပုံစံ ကိရိယာ မတူညီတဲ့ စက်ရုံထဲက
    ရုပ်ဝတ္ထုတွေ ဘယ်လောက် များပြား များပြား
    ခေတ်မှီလာတဲ့ ဒီခေတ်ကြီးထဲ
    စာရိတ္တ စွမ်းအား ကောင်းတဲ့ စက်ပစ္စည်း
    ဘယ်သိပ္ပံ ပညာရှင်မှ တီထွင်ခဲ့တာ မရှိသေးဘူးလေ....

    right !!!

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...