Sunday, February 10, 2013

မြန်မာတို့ ရင်ထဲက မှတ်တမ်း (ဒုတိယပိုင်း)


မြန်မာတို့ ရင်ထဲက မှတ်တမ်း (ဒုတိယပိုင်း)


၁၉၄၀ ခုနှစ် မတ်လတွင် အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့မှာ ကျင်းပသော အိန္ဒိယ အမျိုးသား လွှတ်တော် အစည်းဝေးသို့ သူ တက်ရောက်ခဲ့ပေမဲ့ ဗြိတိသျှတို့ကို သခင်တို့က ပုန်ကန် အားထုတ်သဖြင့် သူ့ကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သည့်အတွက် ရှောင်တိမ်းနေခဲ့ရပြီး နောက်ဆုံးတော့ နိုင်ငံခြားသို့ ထွက်ခွာခဲ့ရပါတယ်။ အစောပိုင်းက သူသည် တရုတ်ပြည်သို့သွား၍ တရုတ်ကွန်မြူးနစ်တွေဆီ အကူညီတောင်းရန် ရည်ရွယ်ခဲ့သော်လည်း ဂျပန်စစ်တပ် ပြည်သိမ်းတပ်များက သူ့ကို အမွိုင်မြို့တွင် ကြားဖြတ် တားဆီးပြီး ဂျပန်ပြည်သို့ သွားရန် တိုက်တွန်းခဲ့ပါတယ်။


၁၉၄၁ ခုနှစ်တွင် သူသည် ဂျပန်မှ မြန်မာပြည်သို့ ပြန်လာခဲ့ပါတယ်။ သူသည် ဖူမီမာယိုကိုနိုး အစိုးရဆီက လက်နက်နှင့် ငွေကြေး ထောက်ပံ့မည်ဆိုတဲ့ ကတိကို ရရှိခဲ့ပါတယ်။ နောက်ပိုင်း စစ်သင်တန်းတက်ဖို့ရန် ရဲဘော်သုံးကျိပ် အဖွဲ့ဝင်တွေနှင့်အတူ ဂျပန်ပြည်ကို ပြန်လည်ထွက်ခွာခဲ့ပါတယ်။

၁၉၄၂ ခုနှစ် မတ်လမှာ နှစ်ပေါင်းများစွာ အင်္ဂလိပ် လက်အောက်သို့ ရောက်နေသော မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်သည် ဂျပန်၏ လက်အောက်သို့ ကျရောက်သွားခဲ့ပါတယ်။ စက်တင်ဘာလ (၆) ရက်နေ့တွင် သူသည် ဒေါ်ခင်ကြည်နှင့် လက်ထက်ခဲ့ပါတယ်။ နိုဝင်ဘာလ (၈) ရက်နေ့တွင် မြို့တော်ခန်းမ၌ ကျင်းပသော ခေတ်သစ်ဆရာဖြစ် သင်တန်းတွင် သေနင်္ဂဗျူဟာ အကြောင်းကို ဟောပြောခဲ့ပါတယ်။

၁၉၄၃ ခုနှစ် သြဂုတ်လ (၁) ရက်နေ့တွင် ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင်ဖြစ်သော အကာလှပသော ရွှေရည်စိမ် လွတ်လပ်ရေးကို ကြေငြာပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး သူ၏ တပ်မတော်ကိုလည်း ဗမာ့ အမျိုးသား တပ်မတော် (B.N.A) Burmese National Army ဟု ပြောင်းလွဲ ခေါ်ခဲ့ကြပါတယ်။ သို့သော် ဂျပန်တို့နှင့် ပူးပေါင်း၍ မဟာမိတ် ပြုလုပ်မှုကတော့ ရေရှည် ကြာကြာမခံပါ။ နောက်ပိုင်း သူသည် ဂျပန်များပြောသော လွတ်လပ်ရေးကို သံသယဝင်လာသည့် အပြင် ဗမာပြည်သူ ပြည်သားတွေကို ဆက်ဆံသည့် အပြုအမူတွေကိုလည်း မနှစ်မြို့ခဲပါ။ ဂျပန်တပ်များ မဝင်ရောက်ခင် ဖက်ဆစ်တို့၏ ရန်စွယ် အန္တရာယ်တို့ကို ကြိုတင် သတိပေးခဲ့သော ဗမာ့ကွန်မြူနစ်ခေါင်းဆောင်များဖြစ် ကြသည့် ဒေါက်တာသန်းထွန်း၊ သခင်စိုးတို့၏ အကူညီဖြင့် သူသည် ဖက်ဆစ်ဂျပန်တို့အား တိုက်ထုတ်ရန် အန္ဒိယပြည်ရှိ ဗြိတိသျှ အာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှိုဝှက်အစီစဉ်များကို ရေးဆွဲခဲ့ပါတယ်။



၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဘီ.အန်.အေ တပ်ကို ဦးဆောင်ပြီး ဖက်ဆစ်ဂျပန် ကျူးကျော်သူများကို မဟာမိတ်များနှင့် ပူးပေါင်းကာ ဗမာ့မြေပေါ်က တိုက်ထုတ်ခဲ့ပါတယ်။ ထို့ကြောင့် မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ ဟု သတ်မှတ်ခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ တော်လှန်ရေးနေ့ကို ပြောင်းလွဲ၍ တပ်မတော်နေ့ ဟု ခေါ်လာခဲ့ပါတယ်။

၁၉၄၅ ခုနှစ် မေလ (၆) ရက်နေ့တွင် ဗိုလ်ချုပ်စလင်းနှင့် ပထမအကြိမ် စတင် တွေ့ဆုံခဲ့ပါတယ်။ ဇွန်လ (၂၀) ရက်နေ့တွင် အင်္ဂလိပ်စစ် သင်္ဘော ကမ်ဘာလင် (H.M.S Cumberland) ပေါ်၌ အခြားနိုင်ငံရေး ခေါင်းဆောင်များနှင့်အတူ ဆာ ဒေါ်မန်စမစ်နှင့် တွေ့ဆုံခဲ့ပါတယ်။ သြဂုတ်လ (၁၉) ရက်နေ့ နေသူရိန် အစည်းဝေးတွင် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ သြဂုတ်လ (၂၉) ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသည့် အရှေ့အနောက်အသင်း (East and West Association) မှာ အင်္ဂလိပ်ဘာသာဖြင့် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ စက်တင်ဘာ (၄) ရက်နေ့တွင် အရှေ့တောင် အာရှဆိုင်ရာ စစ်သေနာပတိဖြစ်သော လော့မောင်ဘက်တန်နှင့် ဗမာ့တပ်မတော် ဆက်လက် တည်တန့်ရေးအတွက် သခင်သန်းထွန်း၊ ဗိုလ်လင်္ကျာ၊ ဗိုလ်နေဝင်း၊ ဦးဘဖေတို့နှင့်အတူ သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) ကန္ဒီမြို့သို့ သွားရောက်ခဲ့ပါတယ်။

၁၉၄၆ ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့ ရွှေတိဂုံ အလယ်ပစ္စယံ၌ ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ဖဆပလ ညီလာခံတွင် ဥက္ကဌ အဖြစ် တင်မြှောက်ခံခဲ့ရပါတယ်။ မေလ (၄) ရက်နေ့ သခင်မြ၊ ဟင်္သာတဦးမြ၊ ဦးအောင်စံဖေတို့နှင့်အတူ ရန်ကုန်မှ ရခိုင်သို့ ခရီးထွက်ခဲ့ပါတယ်။ မတ်လ (၆) ရက်နေ့တွင် တောင်ကုတ်သို့ ဆိုက်ရောက်ခဲ့ပါတယ်။ မတ်လ (၇) ရက်နေ့တွင် တောင်ကုတ်မှာ သူသည် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ မတ်လ (၁၀) ရက်တွင် စစ်တွေ ရောက်ရှိခဲ့ပါတယ်။ မတ်လ (၁၁) ရက်နေ့တွင် သူသည် စစ်တွေမှာ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ မတ်လ (၂၆) ရက်နေ့တွင် စထရင်း ဟိုတယ်လ်၌ အိန္ဒိယခေါင်းဆောင် ပဏ္ဍိတ်ကြီး နေရူးနှင့် သုံးနာရီခန့်ကြာအောင် ဆွေးနွေးခဲ့ပါတယ်။ မတ်လ (၂၈) ရက်နေ့ ညနေ (၄) နာရီတွင် ပြည်သူ့ရဲဘော်အားလုံးကို လောင်းဝစ်လမ်း အဖွဲ့ ဌာနချုပ် တည်ရာ နေရာ၌ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ စက်တင်ဘာ (၂၆) ရက်တွင် ဘုရင်ခံ၏ အမှုဆောင် ကောင်စီ၌ ဒုတိယ သဘာပတိအဖြစ် ရာထူး လက်ခံပြီး အဖွဲ့ တစ်ဖွဲ့ကို ဖွဲ့ခဲ့ပါတယ်။ နိုဝင်ဘာလ (၂) ရက်နေ့တွင် မြစ်ကြီးနားရှိ ကချင် တိုင်းရင်းသားစစ်တပ်ကို စစ်ဆေးခဲ့ပါတယ်။ နိုဝင်ဘာလ (၁၄) ရက်မှ (၃၀) အထိ အထက်မြန်မာပြည်သို့ မနားမနေ ခရီးဆက်ခဲ့ပါတယ်။ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ကယားပြည်နယ် လွှိုင်ကော်မြို့မှာ ကျင်းပသော အမျိုးသားပွဲတော်သို့ တက်ရောက်ခဲ့ပါတယ်။ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် တောင်ကြီးမြို့ ညောင်ရွှေဟောမှာ စော်ဘွားများနှင့် ပထမအကြိမ် ဆွေးနွေးခဲ့ပါတယ်။

၁၉၄၇ ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့မှာ သခင်မြ၊ ဦးတင်ထွဋ်တို့နှင့်အတူ ဗြိတိသျှသို့ ပြန်လည် သွားခဲ့ပါတယ်။ ဇန်နဝါရီလ (၅) ရက်နေ့ ညနေ (၅) နာရီ (၁၀) မိနစ်တွင် ဒေလီ ရေဒီယိုမှ ဗမာပြည်သို့ ဟူသော ညွန်ကြားချက် မိန့်ခွန်းကို အသံလွှင့်ပါတယ်။ အာရှ ညီညွတ်ရေး ဟူသော ဗိုလ်ချုပ်၏ အသံသွင်း မိန့်ခွန်းကိုလည်း ဇန်နဝါရီလ (၅) ရက်နေ့ ည (၈) နာရီခွဲတွင် အသံလွှင့်ခဲ့ပါတယ်။ ဇန်နဝါရီလ (၁၃) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗြိတိသျှ ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးပွဲကို လန်ဒန်မြို့ ဒေါင်းနင်းလမ်း အမှတ် (၁၀) ရှိ ဗြိတိသျှ ဝန်ကြီး၏ ဂေဟာတွင် ကျင်းပခဲ့ပါတယ်။ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် အောင်ဆန်း အက်တလီ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ် ရေးထိုးခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှာ မြို့တော်ခန်းမတွင် ကျင်းပသော မြို့တော်ဝန်၏ ဧည့်ခံပွဲ၌ မိန့်ခွန်းပြောကြားခဲ့ပါတယ်

ဤသမိုင်း ဒုတိယပိုင်းကို သမိုင်းဆိုင်ရာလင့်များ၊ ဝက်ဆိုဒ်များ၊ စာအုပ်များ၊ PDF ဖိုင်တို့မှ ပေါင်းစပ်ပြီး ပြန်လည် ပြင်ဆင် ရေးသားပါသည်။

တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa2.com/

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...