Wednesday, July 25, 2012

ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးမှု

ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးမှု
=====================





ဒေါ်အောင်ဆန်းစုကြည်မှ တိုင်းရင်းသား လူမျိုးများ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေးအဆိုကို ယနေ့ (၂၀၁၂ ဇူလိုင်လ ၂၅ ရက်နေ့) တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးနေစဉ်။


ကျွန်မအနေနဲ့ ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဆိုနဲ့ ပတ်သက်လို့ အနည်းငယ်ဆွေးနွေးချင်ပါတယ်။ အခု ဖွဲ့စည်းပုံ အခြေခံဥပထေဲမှာဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုး များဆိုတဲ့ ဝေါဟာရကို သတ်သတ်မှတ်မှတ် အဓိပ္ပါယ်ဖော်ထားတာ မရှိပါဘူး။ 

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေမှာဆိုလို့ရှိရင်တော့ တိုင်းရင်းသားဆိုတာ ၁၈၂၃ ခုနှစ်က စပြီး ဒီမိခင်နိုင်ငံမှာ နေထိုင်တဲ့ လူမျိုးများကိုဆိုလိုတာလို့ အဓိပ္ပါယ်ဖော်ထားပါတယ်။ အဲဒီအထဲမှာ ဗမာတွေလဲ ပါပါတယ်။ 

အခု ဆွေးနွေးချက်တွေအရ ဆိုလို့ရှိရင် ပြည်နယ်တွေကို အခြေခံတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးတွေကို ရည်ညွှန်းပြီးတော့ ပြောသွားတာလို့ ကျွန်မတို့ မှတ်ယူရပါတယ်။
 

ပြည်နယ်တွေအကြောင်း ပြောမယ်ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့ ပတ်သက်လို့ အဆိုးရွားဆုံး ဒေသတွေဆိုရင် ပြည်နယ်ဒေသတွေပဲ ဖြစ်ပါတယ်။ ချင်းပြည်နယ်ဟာဆိုလို့ရှိ ရင် နောက်ဆုံး အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ကိန်းဂဏန်းများအရ ၇၃.၃ %၊ ရှမ်းအရှေ့ဆိုလို့ရှိရင် ၄၆.၄ %၊ ရှမ်းမြောက်ဆိုလို့ရှိရင် ၃၇.၄ %၊ ရှမ်းတောင်ဆိုရင် ၂၅.၂ % ၊ ပျမ်းမျှခြင်းအားဖြင့် ရှမ်းပြည်နယ်တစ်ခုလုံးရဲ့ ဆင်းရဲမွဲတေမှုဟာ ၃၃.၁ % ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုနှုန်းကတော့ ၄၃.၅ % ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှခြင်း ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၅.၆ % ဖြစ်တာကြောင့်မို့လို့ ဒီပြည်နယ်တွေမှာ ပျမ်းမျှခြင်းနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းမြင့်နေတယ်ဆိုတာကိုမြင်ရပါတယ်။ 


ထို့အတူပဲ ကချင်ပြည်နယ်မှာလဲ ၂၈.၆ % နဲ့ ပျမ်းမျှခြင်း ရာခိုင်နှုန်းထက် မြင့်နေပါတယ်။ မွန်၊ ကယားနဲ့ ကရင်တို့ကတော့ ပိုပြီးတော့ နိမ့်ကျပါတယ်။ ဒီကိန်းဂဏန်းတွေကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေဟာ ကျေနပ်ဖွယ်ရာ မရှိဘူးဆိုတာ ထင်ရှားပါတယ်။ 

ထို့အပြင်လည်း ကျွန်မတို့ရဲ့ နိုင်ငံမှာ ပြည်တွင်းစစ်မီး လုံးဝငြိမ်းသွားတယ်ဆိုတာ မရှိခဲ့သေးပါဘူး။ ဒါကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတာဟာ ဘာသာစာကား၊ ယဉ်ကျေးမှု ထိန်းသိမ်းခြင်းထက် များစွာ ကျယ်ပြန့်နက်နဲတယ် ဆိုတာ ကျွန်မတို့မြင်နိုင်ပါတယ်။ 

ဒါကိုထောက်ထားပြီးတော့ ပင်လုံစိတ်ဓာတ်နဲ့ ကွာခြားလို့မရတဲ့၊ ခွာလို့မရတဲ့ တန်းတူညီမျှရေး အပြန်အလှန် လေးစားယုံကြည်ရေးတို့ကို အခြေခံပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု ကြီး ပေါ်ထွန်းလာရေးအတွက် ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေများကို လိုအပ်သလို ပြုပြင်ခြင်း၊ လိုအပ်သလိုပြဌာန်းခြင်းတို့များ ဆောင်ရွက်စေရန်၊ ဆောင်ရွက်ဖို့ရန်ကို တိုက်တွန်းရင်းနဲ့ ဦးတီခွန်မြတ်ရဲ့ အဆိုကို ထောက်ခံပါတယ်။

ပြည်သူ့လွှတ်တော်


http://www.facebook.com/photo.php?fbid=369956843072764&set=a.113611365373981.12303.100001753555387&type=1&ref=nf

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...