Wednesday, December 14, 2011

Peace began with smile (၇၀)


ငြိမ်းချမ်းရေးဆိုတာ အပြုံးက စတင်တယ်တဲ့
မမျှော်လင့်တဲ့ နေ့ရက်တွေထဲ
ခလုတ်တိုက်ရင်း တွေ့ခဲ့မိတဲ့
အပိုင်းအစလေးက အပြုံးတွေ ဝေဆာလို့
ခံစားချက်တွေ တုန်လှုပ်သွားခဲ့တယ်
အဲဒီနေ့က ငြိမ်းချမ်းရေးလား စဉ်းစားကြည့်....။

ရုတ်တရပ်နဲ့ ခရီးတစ်ခုကိုရောက်ခဲ့
မှတ်တိုင်မဲ့တဲ့ လမ်းတစ်ခုမှာ
ပြေးလမ်းကို လှည့်ကြည့်မိတော့
အပြုံးတစ်ခုက မျက်ဝန်းအိမ်ထဲ
ညှို့ငင်ဖမ်းစား အနိုင်ယူသွားတာ
အဲဒါတွေက ငြိမ်းချမ်းရေးလား စဉ်းစားကြည့်...။

စိတ်ဓာတ်တွေ တက်ကြွထက်သန်လို့
ကိုယ်သန်ရာ အလုပ်တစ်ခုကို
ခွန်အားတွေနဲ့ အားထုတ်ရင်း
ဘဝတကွေ့ကို ဖြတ်သန်းခိုက်
ထာဝရ မမေ့နိုင်တဲ့ အပြုံးတစ်ပွင့်က
အဝေးက လေလွင့်ရင်း
မျက်ဝန်းအိမ်ထဲ ဖမ်းစားအနိုင်ယူသွားခဲ့..
အဲဒီအရာတွေက ငြိမ်းချမ်းရေးလား စဉ်းစားကြည့်....။

အပြုံးတွေသာ ရင်ထဲမှာ စွဲငြိ
ငြိမ်းချမ်းခြင်း မရှိခဲ့သေးတဲ့
ဖဲမွေ့ရာထက်မှာ အိပ်ပျော်ရင်း
ဝေဒနာ ခရီးတစ်ခုကို
နာကျင်စွာ ဆက်လက် လျှောက်လှမ်းခဲ့
မသေချာသေးတဲ့ ရှာဖွေခြင်းတွေက
နှလုံးအိမ်ကို ရိုက်ခွင်းချေဖြတ်ရင်း
တပ်မက်မိခဲ့တဲ့ ငြိမ်းချမ်းရေးအပြုံးတစ်ပွင့်ကို
မျှော်လင့်တမ်းတ လွမ်းရတာပဲ လက်ကျန်ဖြစ်ခဲ့ပြီ...။

 နောက်ဆုံးတော့...
ငြိမ်းချမ်းခြင်းက အစွဲအလန်းတွေကို
ဖိတ်စာအိတ်ထဲ ခေါက်သိမ်းခဲ့
ထင်ကျန်ခဲ့တဲ့ အတိတ်အပိုင်းစတွေကို
စာချုပ် ချုပ်ဆိုရင်း အခမ်းနားပွဲတက်လို့
ချို့ယွင်းချက် မရှိတဲ့လုပ်ရပ်တွေနဲ့
နှစ်ကိုယ်တူ လွမ်းဆွတ်ခြင်းတွေ
ငြိမ်းချမ်းရေး တောင်းဆိုရင်း
အပြုံးတွေ ကိုယ်စီ ဝေဆာခဲ့ပြီ....။

ကိုယ်စီ နားလည်မှု ကိုယ်စီ အသိတရားများ
ကိုယ်စီ ကြင်နာမှု ကိုယ်စီ မေတ္တာ 
ကိုယ်စီ ကရုဏာ ကိုယ်စီ မုဒိတာ
ကိုယ်စီ ကိုယ်စီ ချစ်ခြင်းတွေက
ငြိမ်းချမ်းရေး စတင်တဲ့ အပြုံးတွေပါ...။ 
တက္ကသိုလ်မြတ်မင်း

4 comments:

  1. ဟုတ်တာပေါ့အကိုရေ
    အပြုံးကိုဆောင် အရာရာအောင်တဲ့လေ

    ReplyDelete
  2. ဟုတ်ပအစ်ကိုရေ... အပြုံးတစ်ချက်ဟာ ခင်မင်ရင်းနှီးမှု့၊ ကိုယ်ချင်းစာနာမှု့၊ သဘောထားကြီးမြင့်မှု့၊ ဖော်ရွေမှု့ အို.. အဓိပ္ပာယ်တွေ အများကြီးကို ကိုယ်စားပြုပါတယ်။ မည်သို့ပင်ဖြစ်စေ၊ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ ပြုံးနိုင်ဖို့ ကြိုးစားနေတုန်းပါ။

    ReplyDelete
  3. ငြိမ်းချမ်းရေးဆိုတာ အပြုံးက စတင်တယ်တဲ့

    ဟုတ်တာပေါ့အကိုမြတ်မင်းရေ
    ပြုံတာကောင်းပါတယ်ရှင်

    ReplyDelete
  4. သူငယ်ချင်းတို့ရေ.. အခုလို အားပေးမှုကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ နောက်လည်း အားပေးပါအုန်း ခင်ဗျာ... စပယ်ရေ ကျနော် ကဗျာတွေက အပြုံးတွေကို ဖန်တီးပေးလိုက်တာပါ ငြိမ်းချမ်းရေး လိုချင်လို့ပေါ့။

    ခင်မင်စွာဖြင့် တက္ကသိုလ်မြတ်မင်း

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...