Friday, December 2, 2011

သမိုင်းတွင်မဲ့ အပြုံးများ (၅၄)


အပြုံးတိုင်းမှာ အဓိပ္ပယ်တွေနဲ့
သမိုင်းမှာ အထင်ကရဖြစ်ခဲ့
လောင် ရယ်သံတွေ မဟုတ်ခဲ့ရင်
ခလုတ်တိုက်ဖို့ မဖြစ်နိုင်
သေခြာတာက တိုးတက်ခြင်းပဲ...။

အနောက်အလှပိုင်ရှင်နဲ့ အရှေ့တိုင်းအလှပိုင်ရှင်
လျှောက်လှမ်းတာ ခြေလှမ်းခြင်း တူပေမဲ့
ကွာခြားချက် နှစ်ဖဝါးတွင်းမှာ
အရှေ့တိုင်းက အလှပိုင်ရှင်ကို
မီဒီယာကွန်ရက်က အလှဘုရင်တင်ရင်း
အရှေ့တိုင်းကို အလှပြင်ဖို့
တောင်းဆိုလာတာ ဒီဇင်ဘာဆောင်းညပေါ့...။

အနောက်တိုင်းအပြုံး အရှေ့တိုင်းအပြုံးတွေက
သမိုင်းပေါ်မှာ မှတ်တိုင်တစ်ခုဖြစ်ခဲ့ရင်
ကမ္ဘာ့ မယ်စကြာတွေတောင်
အတုယူလောက်တဲ့ ဖြစ်ရပ်မှန်ပေါ့...။



လေးစားမိတယ် သူတို့အပြုံးတွေ
သူတို့ ဘာသာတရား လေးစားမှုတွေ
ထင်ကျန်ခဲ့တဲ့ အလုပ်သက်သေတွေကို
အားလုံးကို စုစည်းလို့ သမိုင်းတစ်ပုဒ်
ဆေးစက်ကျရာ အရုပ်ထင်သလို
ရေးလိုက်ချင်တယ် သူတို့ အကြောင်း...။

ဒါပေမဲ့...
တရားအားထုတ်လို့ တရုတ်အားထားလည်း မဟုတ်
နဂါးနဲ့ကုလား မယားနဲ့ဓားလို
ခင်မင်တွယ်နေမည့်အစား
သူတို့အပြုံးတွေ လေးစားပြီး
သမိုင်းတစ်ခု တည်စေချင်တယ်လေ...။
တက္ကသိုလ်မြတ်မင်း

3 comments:

  1. အိုမြတ်မင်းရေ
    အပြင်မှာတွေ့ရင်ပြုံးပြနော် သမိုင်းတွင် မတွင်ကြည့်မလို့ပါ

    တရားအားထုတ်လို့ တရုတ်အားထားလည်း မဟုတ်
    နဂါးနဲ့ကုလား မယားနဲ့ဓားလို
    ခင်မင်တွယ်နေမည့်အစား
    သူတို့အပြုံးတွေ လေးစားပြီး
    သမိုင်းတစ်ခု တည်စေချင်တယ်လေ------ကောင်းလိုက်တာစာသားတွေ
    ခင်ခင်မင်မင်
    jasmine

    ReplyDelete
  2. မစပယ်ရေ.... ကျွန်တော် အမြဲပြုံးနေမြဲပါ.... သို့သော် ကျွန်တော်က ရိုးရိုး လူငယ်တစ်ယောက်ပါနော်... မစပယ်လိုတော့ မဟုတ်ဘူးနော်... ခင်ခင်မင်မင် တက္ကသိုလ်မြတ်မင်း

    ReplyDelete
  3. ကောင်းပါသည်.သို့သော်ဆက်လက်ကြိုးစားပါဦးလေ


    ကိုစိုးလေး

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...