ခြေစုံပစ်ဝင်ခဲ့တဲ့ ဒီလောကထဲ
မျက်ကန်းတယောက်လို လေလွင့်ရင်း
တေလေတွေရဲ့ လေပွေဖြစ်ခဲ့
မမျှော်လင့်တဲ့ စက္ကန့်တွေကြား
ခလုတ်တစ်ခုကို တိုက်ခဲ့မိတာ
လွမ်းဆွတ်ခြင်း ခရီးစတဲ့
မမြင်ရသော သံယောဇဉ်ကြောင့်ပေါ့...။
မထင်မှတ်မိတဲ့ ဘဝတဆစ်ချိုးက
လူတွေကို ဒုက္ခပေးလို့
ချည်တိုင်ကြိုးကို ရှာဖွေခဲ့
မမြင်တွေ့ရတဲ့ ဒီကြိုးတစ်ချောင်းက
နှလုံးသားရဲ့ ရေသောက်မြစ်ကို
ရစ်ပတ် ချည်နှောင်လို့
သမိုင်းမစခင်
အလွမ်းသံယောဇဉ်ဖြစ်ခဲ့ပြီလေ..။
မျက်ကန်းတယောက်လို လေလွင့်ရင်း
တေလေတွေရဲ့ လေပွေဖြစ်ခဲ့
မမျှော်လင့်တဲ့ စက္ကန့်တွေကြား
ခလုတ်တစ်ခုကို တိုက်ခဲ့မိတာ
လွမ်းဆွတ်ခြင်း ခရီးစတဲ့
မမြင်ရသော သံယောဇဉ်ကြောင့်ပေါ့...။
မထင်မှတ်မိတဲ့ ဘဝတဆစ်ချိုးက
လူတွေကို ဒုက္ခပေးလို့
ချည်တိုင်ကြိုးကို ရှာဖွေခဲ့
မမြင်တွေ့ရတဲ့ ဒီကြိုးတစ်ချောင်းက
နှလုံးသားရဲ့ ရေသောက်မြစ်ကို
ရစ်ပတ် ချည်နှောင်လို့
သမိုင်းမစခင်
အလွမ်းသံယောဇဉ်ဖြစ်ခဲ့ပြီလေ..။
စာနာခြင်းတွေ လက်ထက်ကြရင်း
မေတ္တာအခမ်းအနားကို ဖွင့်လှစ်လို့
ကရုဏာမျက်ဝန်းက မုဒိတာတွေပေးဆပ်
လာလမ်းကို ဖွင့်ဟပေးတဲ့
ရေလာမြောင်းကလေး လမ်းသစ်ဖွင့်ပေးလို့
အလွမ်းသံယောဇဉ်လေး ပေးအပ်ထွက်ပြေးသွားပြီပေါ့...။
ဖွင့်ဟထားပေမဲ့ ကျန်ရစ်ခဲ့တာ အလွမ်းသံယောဇဉ်ပါ....။
မေတ္တာအခမ်းအနားကို ဖွင့်လှစ်လို့
ကရုဏာမျက်ဝန်းက မုဒိတာတွေပေးဆပ်
လာလမ်းကို ဖွင့်ဟပေးတဲ့
ရေလာမြောင်းကလေး လမ်းသစ်ဖွင့်ပေးလို့
အလွမ်းသံယောဇဉ်လေး ပေးအပ်ထွက်ပြေးသွားပြီပေါ့...။
ဖွင့်ဟထားပေမဲ့ ကျန်ရစ်ခဲ့တာ အလွမ်းသံယောဇဉ်ပါ....။
တက္ကသိုလ်မြတ်မင်း
ကျန်ရစ်ခဲ့တာ အလွမ်းသံယောဇဉ်---လေးအကြောင်းဖတ်ခဲ့ပါတယ်
ReplyDeleteခင်ခင်မင်မင် jasmine
စပယ်ရေ... ကျန်ရစ်တာများလာလို့...ထင်ကျန်ခဲ့တဲ့ နေ့ရက်တွေမှာ ထမင်းတွေလည်း သိုးကုန်ပြီလေ... ခင်ခင်မင် တက္ကသိုလ်မြတ်မင်း
ReplyDelete