Friday, December 16, 2011

ဒီလှိုင်းပမာ သူတို့ခြေရာ (၇၄)


အမည်မဲ့ သခင်မဲ့ လေလွင့်ရာကို
ယိမ်းယိုင်နေတဲ့ ခေါင်းလောင်လေးတွေတိုင်း
လေတိုက်တိုင်း လှုပ်ရှားတိုင်းမှာ
အော်မြည်တတ်တယ်...။

ခိုင်မာတဲ့ အဖွဲ့စည်းတွေနဲ့
တည်ဆောက်ထားတဲ့ သစ်ပင်က
ရွက်ဝါလေးတွေတိုင်း လေတိုက်တိုင်း
လှုပ်ရှားတိုင်းမှာ ကြွေကျတတ်တယ်...။

မာကျောလွန်းတဲ့ ကိုယ်ထည်တွေနဲ့
ဖွဲ့စည်းထားတဲ့ သံမဏိက
မီးဒဏ်ရာတွေ ထိတာများတိုင်း
အရည်ပျော်တတ်တယ်...။

စေလိုရာကို ပြေးနေတဲ့
မြစ် ချောင်း အင်း အိုင်ထဲက
ရေတွေလို စိတ်အလိုလိုက်ရင်း
အေး စက်စက်နဲ့ ရက်စက်မှုတွေကို
အပျော်တမ်း ကစားကြလို့
တရားခုံပေါ်မှာ အမှုတွေနဲ့
ပျော်တတ်တဲ့ စရိုက်ဆိုးကျိုးတွေကို
အမှန်တရား အထင်နဲ့ လုပ်ရဲဇာတ်ရဲ
မိုက်ဇာတ်ရဲတဲ့ လူမိုက်ကြီးစိတ်ဓာတ်နဲ့
နှလုံးပွတ်လို့ နေထိုင်တတ်တယ်...။

ခိုင်းချင်သလိုခိုင်း ခြစ်သလို
တောက်တတ်တဲ့ မီးအဟုန်လို
ဒေါသကို သူငယ်ချင်းဖွဲ့
မိုက်လိုက်တဲ့ စိတ်ဓာတ်တွေနဲ့
လောဘတပ်မက်ရင်း မောဟအကျဉ်းထောင်မှာ
ဘဝထောင်ကျထဲ အပျော်တွေမက်လုံးဖြစ်ခဲ့
မနေတက်တဲ့ စရိုက်တွေကို
ဘောင်သွင်းဖို့ ကြိုးစားနေခိုက်
အလိုလိုက်မိတဲ့ စိတ်မိုက်ကြောင့်
အလွယ်တွေးတော မီးသီးချင်းဆိုတတ်တယ်တဲ့....။

ပတ်ဝန်းကျင်က လူမိုက်လို့ပြောတာကို
ဂုဏ်ထူးပေးတယ် အထင်နဲ့
အနှိမ်မခံတဲ့ သက်မဲ့ ဓာတ်တိုင်လို
လမ်းဘေးတွေမှာ ရပ်တန့်ရင်း
ဇိမ့်ခံတတ်တဲ့ သက်ရှိတွေရယ်
ရေနွေးငွေ့ ရထားပမာ မီးခိုတွေ
တလူလူနဲ့ ဆေးလိပ်သောက်လို့
သူအတွက် ငါ့အတွက်
အမှန်တရားတွေ ရှာဖွေရင်း
အခုတော့ အမှန်တရားလည်း ပျောက်ခဲ့တယ်....။



အကြောင်းတရားတွေက သမိုင်းကို ခေါင်းခံ
စစ်တန်းတွေထုတ်လို့ ဇာတ်ပေါင်းလိုက်တော့
သတ္တိကောင်းတဲ့ ဇာတ်လိုက် လူငယ်တွေရဲ့
လုပ်ဆောင်ချက်တွေ လိုအပ်ချက်တွေနဲ့
ကာရံဖွဲ့စည်းနေလို့ လာလမ်းဖြောင့်တဲ့
နည်းလမ်းတွေကို သင်ယူရင်း
သတ္တိကောင်းတဲ့ စိတ်ဓာတ်တို့
မြင့်တင်ပေးခဲ့တယ်
 ဒါပေမဲ့ ငွေကြေးမဲ့နေဆဲ...။
တက္ကသိုလ်မြတ်မင်း

3 comments:

  1. သမိုင်းကို ခေါင်းခံ
    စစ်တန်းတွေထုတ်လို့ ဇာတ်ပေါင်းလိုက်တော့
    သတ္တိကောင်းတဲ့ ဇာတ်လိုက် လူငယ်တွေရဲ့
    လုပ်ဆောင်ချက်တွေ လိုအပ်ချက်တွေနဲ့--------------------------------------သမိုင်းအမှန်လဲ မရှိတော့ဘူးထငါတာပဲအကိုရေ

    ReplyDelete
  2. လောဘတပ်မက်ရင်း မောဟအကျဉ်းထောင်မှာ
    ဘဝထောင်ကျထဲ အပျော်တွေမက်လုံးဖြစ်ခဲ့
    မနေတက်တဲ့ စရိုက်တွေကို
    ဘောင်သွင်းဖို့ ကြိုးစားနေခိုက်
    အလိုလိုက်မိတဲ့ စိတ်မိုက်ကြောင့်------အဲတာ အကိုမြတ်မင်းတော့မဟုတ်ပါဘူးနော်

    ReplyDelete
  3. ဘိုဖြူရေ...ကိုယ်ရေးလိုက်တဲ့ သမိုင်းကတော့ ကိုယ့်အတွက် အမှန်တရားတွေ ဖြစ်လာမယ်ဆိုရင် သမိုင်းမှန်ပေါ် သွေးထွက်နေမည် မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်...ခင်မင်စွာဖြင့် တက္ကသိုလ်မြတ်မင်း


    စပယ်ရေ ကျနော်ကတော့ စပယ်ရဲ့ အားပေးမှုကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ ပြီးတော့ တကယ်လည်း ခင်မင်မိတာ အမှန်ပါ ကျနော် အကောက် အပ်လိုက်တယ်နော်... ခင်ခင်မင်မင် တက္ကသိုလ်မြတ်မင်း

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...