Wednesday, December 14, 2011

ခေတ် မော်ဒန် ဘယ်သူသိလဲ (၆၉)


အတိတ်နေ့ရက်များ အိုဟောင်းနေပါလျက်
မနေ့က လောကဇာတ်ခုံပေါ်မှာ
ပြဇာတ်ခင်းကျင်းရင်း ခရီးထွက်ခဲ့ကြတယ်
အမှတ်တမဲ့ အိုဟောင်းနေတဲ့
ရေကန်ဟောင်းလေးရှေ့ ဖားငယ်တကောင်
အရှိန်လွန် ရှောင်တိမ်းရင်း
မခုန်ချရဲ့တဲ့ ရေကန်ထဲ
မကူးတတ်ပဲ ခုန်ဆင်းမိတော့
အသံကြားလိုက်တာ ဝစီအထင်နဲ့
ကားတွေရပ်တန့်သွားခဲ့ပြီ
နောက်တော့ နဘေးက
တေလေတကောင်က အလေးပြုချီတက်ရင်း
တောင် မြောက် သွား လမ်းကလေးကို
လမ်းညွန်နေတယ် မောင်းသူတွေက
အံကြိတ်ရင်း ဂါထာတွေပေးလိုက်တာ
ငါ...တောက်... ဘယ်လို ကောင်လဲ
အရူးတကောင်လို ကျိန်စာတိုက်ပြီ
အဝေးပြေး လမ်းမကြီးထဲ
လိုင်စင်မရှိ ကာရံမိမိနဲ့
တေးသွားညည်းတွားရင်း ခရီးဆက်ခဲ့
ပန်တိုင်ခရီး မရောက်သေးတဲ့
ပြေးလမ်းပေါ်မှာ ခဏရပ်တန့်ပြီး
ဝယ်ချင်တဲ့ ပစ္စည်းတွေ
အကုန်ဝယ်ထည့်ရင်း စည်းမဲ့ကမ်းမဲ့
ခြင်းတောင်းထဲ ဟိုနေရာက ပေါက်
ဒီနေရာက ကိုးရိုကားယားနဲ့....
မော်ဒန်ခေတ်ကြီးထဲ တိုးဝင်တိုက်ဖျက်ရင်း
ကာရံတွေလည်း ပဲ့ကျ
တန်ဆာတွေလည်း ကမောက်ကမ
ဟန်မကျတဲ့ အရိပ်တွေက
ထောင်းထောင်းထနေတဲ့ ဖုံမှုန့်တွေလို
လိမ်းကျံချိုးဖောက်လို့
အင်္ကျီစတွေလည်း ထင်ရစိုင်းဝတ်ကြ
မြင်သူတွေ ရိုင်းကြတဲ့
ဒီခေတ်ထဲ ဘယ်သူသိမှာလဲ...။

တက္ကသိုလ်မြတ်မင်း

3 comments:

  1. လိုင်စင်မရှိ ကာရံမိမိနဲ့
    တေးသွားညည်းတွားရင်း ခရီးဆက်ခဲ့-----
    တဲ့ အကိုမြတ်မင်းကဗျာလေးအရမ်းကိုကောင်းတယ်

    ReplyDelete
  2. စပယ်ရေ.. ကျနော် ကဗျာတွေက အိုဟောင်းနေတဲ့ မော်ဒန် ကြိုးပျက်လေး တချောင်းပါ... အိုင်အိုထဲ ရောက်တော့ ပလုံ အသံလောက်သာရှိတယ်လေ စပယ်လောက်တော့ ဘယ်ရေးတက်အုန်းမလဲ ကြိုးစားနေဆဲပါ ခင်ဗျာ...

    ခင်မင်စွာဖြင့်

    တက္ကသိုလ်မြတ်မင်း

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...