Sunday, December 11, 2011

လေလွင့်တဲ့ အရွယ် (၆၈)


မင်းပြောခဲ့တဲ့ ဆင်းရဲတွင်းနက်ထဲက ဒုက္ခကို
အရူးလွယ်အိတ်ပမာ မှောက်ချလိုက်တယ်
စွန်တကောင်လို ရစ်ဝဲနေတဲ့
တိုက်လေယာဉ်ကြီးလို သိန်းငှက်တကောင်လို

လောကဓံ စစ်မြေပြင်ပေါ် ဖြတ်သန်းသွားတာလည်းရှိမယ်
စိတ်ပျက်စရာ လမ်းပျက်ကြီးမှာ ပျက်ကျသွားတာလည်းရှိမယ်
မညီညာတဲ့ လေဟာနယ်ထဲ လမ်းကြောင်းမှားလို့
အမှောင်နယ်ထဲ ရောက်သွားတာလည်းရှိမယ်

ကိုယ်အထက် ကောင်းကင်ယံက
ဖြတ်သန်းတဲ့ အမှောင်လည်း ရှိမယ်

ဝေဒနာစွဲကပ်တဲ့ ကုတ်ဖဲ့အနာတွေလို ဖယ်ရှားလိုက်မယ်
ပါးရိုက်ရင် နားကိုက်သွားမယ်
တန်ပြန်စစ်တိုက်တတ်တဲ့ အရွယ်
တထစ်ချ ယုံကြည်လွန်းလို့
ရှင် ပြန်မလာတော့ဘူးလား
မုန်းကြိုးတွေ မွမ်းမံထားစိတ်က
၁၀၉ ..၁၁၀ လမ်းမကျယ်မှာ ...
ဘာဖြစ်လဲ ကွာ...ပြော......မြန်မြန်ပြော...

မနှစ်မြို့တဲ မကြိုက်ချင်းတွေက ခေါင်းခါပစ်လိုက်တယ်.....
ချင်းမိုင်မှာ မိုးခိုတဲ့ အခါလည်းရှိမယ်
ပြေးလမ်းပေါ်ပြေးနေတဲ့ လိုင်းကားပေါ် ပြေးတက်တာလည်းရှိမယ်
အာရုဏ်ဦး အလင်းတန်းအောက် မှေးစက်တာလည်းရှိမယ်
လောကဓံ ပလက်ဖောင်း ခေါင်းအုံးရတာလည်း ရှိမယ်
မနေ့ မနက်က ဘာတွေ မှာတမ်းချွေသွားသေးလဲ
မေးလိုက်ရင် တငိုင်ငိုင်နဲ့ နပန်းတီးလိုက်အုန်းမယ်
တောက်... အသုံးမကျ.. အချိုးမကျတဲ့ အရွယ်
ပြောရင်းနားမထောင်.. ဘာမှန်းညာမှန်း မသိ
သွား... နှစ်ချို့ ကော်ဖီတစ်ခွက်နဲ့ မော်ဒန် နှစ်ဇွန်းထည့်ခဲ့
အေး.. နာကြည်းလို့ နေရာဟောင်းလည်း မပြန်ဘူး
အနာဟောင်းလည်း အပြေဘူး
ကမ္ဘာမကျေ သီချင်းတွေ ဖြစ်လို့
ကမ္ဘာ့မော်ဒန် ကဗျာစစ်ပေါ် နှစ်သက်စွာ ခုန်ချလိုက်သလို
ခါချဉ်အုံပေါ် သကာရည်အရက်ခွက် မှောက်ကျသွားသလို
ထိန်းချုပ်မှုက လွတ်ထွက်သွားတဲ့ အရက်သမား စိတ်ဓာတ်နဲ့
ဟေ...... မင်းတို့ ရပ်ကွက်ထဲ ဘယ်ကောင်က ဆရာလဲ
လမ်းမပေါ် အမှိုက်တွေ ညော်နံ့တွေ ဖောင်ကားလာလို့
ရွေးချယ်ခဲ့တဲ့ စိမ်းလန်းသော ရှုခင်း ပန်းချီပြပွဲကို
ကမ္ဘာရွာကလေးများ... သဘောင်္ဆိပ်...ဘူတာ..
ဘက်စ်ကားဂိတ်များ... လေယောဉ်ကွင်းများမှာ
နှစ်ဆဲ့တစ်ရာစုနှစ်သစ် ခေတ်တစ်ခေတ်တည်း
မော်ဒန်စံချိန်တင်လို့ တစ်နေရာတည်း တစ်ချိန်တည်း
တစ်ပြိုင်နက် ဖော်ပြ ပြသသွားမယ့်အကြောင်း....
အသိဥာဏ် မဖွံ့ဖြိုးသေးတဲ့
တိုးတက်မှု မရသေးတဲ့
အောင်မြင်မှု မရသေးတဲ့ အရွယ်
ပန်းတိုင်ကို ရောက်ရှိဖို့
ဒီလို တွေးခေါ်လို့
အခုလို ဥာဏ်နယ်ချဲ့ရင်း
ပြင်ဆင်နေအုန်းမယ်..............။ 
တက္ကသိုလ်မြတ်မင်း

6 comments:

  1. ကဗျာလေးဖတ်သွားပါတယ်ခင်ဗျာ

    ReplyDelete
  2. ကျေးဇူး အထူးတင်ပါတယ် ခင်ဗျာ

    ReplyDelete
  3. ခါချဉ်အုံပေါ် သကာရည်အရက်ခွက် မှောက်ကျသွားသလို
    ထိန်းချုပ်မှုက လွတ်ထွက်သွားတဲ့ အရက်သမား စိတ်ဓာတ်နဲ့
    ---စာသားလေးကမိုက်နေတယ်အကိုရေ

    ReplyDelete
  4. အကိုကဗျာတွေက အမြဲလန်းနေတယ် ဖတ်ရတာ မရိုးဘူး

    ReplyDelete
  5. စပယ်ရေ.... ခေတ်ကြီးက သင်ပေးလို့ တက်ခဲ့တဲ့ ပညာရပ်တွေပါ.. ကျနော်ကြောင့် ဖြစ်လာတာ မဟုတ်ပါဘူးခင်ဗျာ.. ခေတ်ကြောင့် ခေတ်ကြောင့်ပါ... စပယ်ရေ.. ခေတ်ကြီး တောင်းဆိုလာလို့ ခြင်းတောင်းထဲ ဝယ်လာတဲ့ ပစ္စည်းတွေ စုံသွားတာပါ စပယ်... ခင်ခင်မင်မင် ..တက္ကသိုလ်မြတ်မင်း

    ReplyDelete
  6. အကိုကဗျာတွေက အရမ်းလေးနက်တယ်..အမြဲအားပေးနေပါတယ်..

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...