အထိအတွေ့ မရှိတဲ့ နှလုံးသားမှာ အားငယ်...
အငွေ့သက်မဲ့တဲ့ နေ့ရက်တွေကို လွမ်းမယ်...
မနမ်းဖူးခဲ့တဲ့ ပန်းပိတောက်တွေ လန်းနေ...
မဆိုခဲ့ဖူးတဲ့ သီချင်းတစ်ပုဒ်နဲ့ အတာတံခူး
သကာလူးတဲ့ ရှာပုံတော် ဒီဘဝတွေမှာလေ...
ဖျက်ခနဲ လျှပ်တပျက် မှတ်ပုံတင်မိတဲ့ ဒီနှလုံးသားက...
တောင်းဆိုမိတယ်... ဆင့်မြင့်ထက်က ပန်းပိတောက်ပါကွယ်...။
(ဟိုနားသွားလိုက် ဒီနားသွားလိုက်...
ပြဿနာရှာလိုက် ရန်ဖြစ်လိုက်နဲ့...
အတာတံခူး ဒီလို နှစ်သစ်ကူးမှာ...
ပျော်ရွှင်မြူးရင်း ကားကလေးစီးလို့
ဟိုမဏ္ဍပ် ရောက်လိုက် ဒီမဏ္ဍပ် ရောက်လိုက်...
ဟိုရောက်တော့လည်း ငါ မှတ်သားမဲ့ ပန်းပိတောက်တွေလည်း
တုန်ခါနေတာပဲ...
အခုတော့လည်း အမြင့်ပေါ် ပိတောက်ပန်းတွေက
ကြွေသူက ကြွေ... ရမ်းသူက ရမ်း...
ဝတ်ဆံတွေလည်း ကြွေကျနေတာပဲ..
Cover မရှိတော့လည်း ရှက်စရာတွေပဲ..
မော်ဒန်ခေတ်ကြီးက နောက်တော့လည်း ဗလာပါပဲ...
အိမ်ရောက်တော့လည်း အတွေးတွေကလည်း ဗလာပါပဲ...
နောက်နေ့ရောက်တော့လည်း ဟိုကတမျိုး ဒီကတမျိုး
ပြင်သူ မရိုး ထင်စရာ တမျိုး
ကြည့်သူအတွက် အမြင်တမျိုး ကြည့်ရဆိုး...)
အတာတံခူး အခါထူး အစဉ်လာတွေလည်း
တကယ်ကို ထူးတဲ့ သင်္ကြန်..
အကြိုမှာ တမျိုး အကျမှာ တမျိုး
အတတ်မှာ တမျိုး အတာသင်္ကြန်ရဲ့ အမျိုးမျိုး ကာလာဆိုး...
ယဉ်ကျေးမှုတွေ ပျောက်မှာစိုး...။
တက္ကသိုလ်မြတ်မင်း
ကဗျာလေးကောင်းတယ် စကားမစပ် ပျောက်နေတယ်ကော နေကောကောင်းရဲ့လား
ReplyDelete