Tuesday, April 17, 2012

ပြည်သူကြားက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလှူနဲ့ နှစ်သစ်ကူးပွဲတော်


ပြည်သူများနဲ့အတူ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် (http://www.youtube.com/watch?feature=player_embedded&v=mj7B-FUTlUI)

ဧပြီ ၁၇ ရက်၊ ၂၀၁၂ 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ဧပြီ ၁၇ ရက် (၁၃၇၄ ခု မြန်မာနှစ်ဆန်း တရက်နေ့) က ရန်ကုန်တိုင်း ကော့မှူးမြို့ကို သွားရောက်ပြီး ဒေသ ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေ ပေးအပ်ခဲ့ပါတယ်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သွားရောက်ခဲ့တဲ့ အနုပညာရှင်များကလည်း ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပတဲ့ နှစ်သစ်ကူးပွဲတော်တွင် ဒေသခံပြည်သူလူထုကို တေးသီချင်းများနဲ့ ဖျော်ဖြေခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုနဲ့အတူ ထိုင်ကာ အနုပညာရှင်များအား အားပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့မိခင် ဒေါ်ခင်ကြည် နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ထူထောင်ကာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရဲ့ ရန်ပုံငွေထဲမှာ ကျပ် သိန်း သုံးရာကို ကော့မှူးမြို့နယ်ရှိ ကျေးရွာပေါင်း ၆၀ ကျော်အနက် ကျေးရွာသုံးရွာကို မဲဖောက်ကာ ပထမ၊ ဒုတိယ၊ တတိယဆုအဖြစ် ကျေးရွာ ဖွံ့ဖြိုးရေး ရန်ပုံငွေများ ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုသို့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို မဲဖောက်ပြီး လှူဒါန်းခဲ့ရာ ပထမဆု ကျပ် ၁၇၅ သိန်းကို ၀ါးဘလောက်သောက် ကျေးရွာအုပ်စု ကမာပတ်ကျေးရွာ၊ ဒုတိယဆု ကျပ် ၇၅ သိန်းကို ဆားတိုင်မွတ်ကျေးရွာနဲ့ တတိယဆု ကျပ် သိန်း ၅၀ ကို ပုပ္ပါးကျေးရွာများက ရရှိသွားခဲ့ပါတယ်။ ကျေးရွာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ပေးအပ်ခြင်း အခမ်းအနားနဲ့ နှစ်သစ်ကူးပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို မဲပေးခဲ့တဲ့ ကော့မှူးမြို့နယ်သူ၊ မြို့နယ်သားများကို ကျေးဇူးတင်စကား လာရောက် ပြောကြားခြင်း ဖြစ်ကြောင်း၊ မဲဖောက်ပေးမယ့် ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေများကို သက်ဆိုင်ရာ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် မိမိတို့ ရပ်ရွာ လိုအပ်ချက်များကို မိမိတို့ဖာသာ တိုင်ပင် ဆုံးဖြတ်ကာ ဖြစ်မြောက်အောင် လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါခဲ့တဲ့ ကိုရဲလွင်၊ ဆောင်းဦးလှိုင်နဲ့ တေးသံရှင်များက ပြည်သူများကို တေးသီချင်းများနဲ့ ဖျော်ဖြေတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေနဲ့အတူ ထိုင်ကာ အားပေးခဲ့တာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သင်္ကြန်ကာလမှာ နေအိမ်တွင် နေထိုင် အနားယူခဲ့သော်လည်း သူ့နေအိမ်ကို လာရောက် ဖျော်ဖြေကြတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သွေးလှူအဖွဲ့ရဲ့ သင်္ကြန် အလှပြယာဉ်၊ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ မောင်မောင်ဆိုလေ ထီးရိုးရှည် အဖွဲ့တို့ကို အားပေးခဲ့ပါတယ်။ ထို့အပြင် ပြည်သူများအား သင်္ကြန်ရေ ပက်ဖြန်းခြင်း အမှုကို ပြုခဲ့သလို ဖျော်ရည် စတုဒီသာနဲ့ ဧည့်ခံခြင်းလည်း ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ၁၃၇၃ ခုနှစ် အတာသင်္ကြန်ကာလအတွင်း တွေ့မြင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာသွင်ပြင်ဟာ ကြည်လင် အေးချမ်းကာ ငြိမ်းချမ်းနေတာကို တွေ့ရပါတယ်။
 
 http://www.burmatoday.net/news.php?news_ID=290
 မြင့်လှိုင်

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...