ကိုဝိုင်ဝိုင်ကေ
၁၂-၄-၁၂ နေ့ သင်္ကြန် အကြို စသည့်နေ့တွင် လည်ပတ်ကြသော ဆိုင်ကယ်သမားများသည် ရေပတ်မဏ္ဍပ်များတွင် မြူးတူးပျော်ပါးရန်အတွက် လမ်း၏ဘေးပတ်ဝန်းကျင်များတွင် ရပ်နားကြရသည်။
ထိုအနီးတွင် ပွဲတော်လုံခြုံရေး အဖြစ် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော အဖွဲ့ ရှိသည့် ။
သင်္ကြန်အကြိုနေ့ ညနေ(၆)နာရီဝန်းကျင် ခန့်က ၂၂(စီ)လမ်းနှင့် လမ်း (၈၀) ရှိ ထက်မြက်မဏ္ဍပ် ဧရိယာအနီးတွင် လိုင်စင်ပါ ဆိုင်ကယ် ( ၃ ) စီးပျောက် ဆုံးခဲ့သည်။
ထိုသို့ ပျောက်ဆုံးခြင်းကြောင့် ဆိုင်ကယ်ပိုင်ရှင်များမှ ကူညီပါရစေ ဟုကြွေးကြော်ထားသော အနီးရှိ လုံခြုံရေး ယူထားသော ရဲတပ်ဖွဲ့ဝင်များကို အကူအညီတောင်းခံခဲ့ကြသည်။
သို့သော် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ဤအချိန် ကာလတွင် မိမိတို့လည်း မည်သို့မျှ မတတ်နိုင်ကြောင်း ပြန်ပြောသဖြင့် ပျောက်ဆုံးသူများနှင့် စကား အခြေအတင် အငြင်းပွားခဲ့ရကြောင်း ပျောက်ဆုံးသွားသူ တစ်ဦးမှ ပြောကြားသည်။
မန္တလေးတွင် သင်္ကြန်ကျရောက်သည့် အချိန်တိုင်း နှစ်စဉ် ကျူံးပတ်လည် သည် အဓိက လည်ပတ်ကြသောနေရာဖြစ်သည်။ ဆိုင်ကာ် မြို့တော် ဖြစ်သည့် အားလျော်စွာ လူငယ်အများစု သည် ဆိုင်ကယ်များဖြင့် လည်ပတ်ကြသည် ဖြစ်သည်။ ထို့ အတူ တရုတ်မှ တရားမဝင် သယ်ဆောင်နေသော လိုင်စင်မဲ့ ဆိုင်ကယ်များတင်သွင်းမှုကြောင့် ဆိုင်ကယ် ခိုးယူသူများ အတွက် ခိုးယူပြီးနောက် နယ်များ/ရွာများတွင် လိုင်စင်မဲ့ဘီးများအဖြစ် ရောင်းချကြသည်။
မသိရိုးသားသော နယ်ခံများမှ လိုင်စင်မဲ့ အဖြစ် ဝယ်ယူပြီး စီးနင်းကြသည့်အတွက် အမှုအခင်းကြုံရသောအခါ နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသည်။ လိုင်စင်မဲ့ ဆိုင်ကယ်များသည် မူဆယ်-မန္တလေး လမ်းကြောင်း တစ်လျောက် တရားဝင်သဖွယ် လွပ်လတ်စွာ သယ်ယူခွင့် ရနေသကဲ့သို့ လမ်းတွင် စစ်ဆေးရန်တားသည့် နေရာတိုင်း တစ်စီး(၅၀၀)မှ(၁၀၀၀)ကျပ် ခန့်ပေးလိုက်လျှင် ဖြတ်သန်းခွင့်ရနေပြီး တစ်နေ့လျှင် ဆိုင်ကယ်အစီးရေ(၁၀၀)ခန့် ဝင်ရောက်နေပြီး တစ်စီးလျှင် မတပ်ဆင်ရသေးသော ဆိုင်ကယ် နှစ်စီးစာ တင်ဆောင်ကြသည်အတွက် တစ်စီးဖြတ်သွားတိုင်း ၃စီး ဝင်သည့် သဘောပင် ဖြစ်ကြောင်း ဂုတ်တွင်းအနီး နောင်ပိန်လမ်းခွဲ မှ ခေါက်ဆွဲဆိုင်ရှင် တစ်ဦးမှ ပြောကြားသည်။
သတင်း / ဓါတ်ပုံ -
ကိုဝိုင်ဝိုင်ကေ နှင့် အဖွဲ့
No comments:
Post a Comment