ခွပ်ဒေါင်းတို့ ပျံလေပြီ....
ဒီ/ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ် သုံးဦးဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်း သိန်း၊ ဦးဖြိုးဇေယျာသော် (ဇေယျာသော်)နဲ့ တေးသံရှင် လင်းလင်းတို့ လေးဦးဟာ ဒီနေ့ နံနက် ၉း၃ဝ နာရီ တွင် မင်္ဂလာဒုံလေဆိပ်မှ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ထွက်ခွာသွားခဲ့ပါတယ်။
သြစတေးလျ နိုင်ငံမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ လေဘာပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချ
““ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံကို ပြန်ရောက်ရောက်ချင်း ပုဗ္ဗသီရိမြို့နယ် ကို အမြန်ဆုံးပြန်လာမယ်လို့ ပုဗ္ဗသီရိက မဲဆန္ဒရှင် များကို ပြောခဲ့ပါရစေ”” လို့ ဦးဖြိုးဇေယျာသော်က မထွက်ခွါမီ မင်္ဂလာဒုံလေဆိပ်မှာ မြန်မာအင်ဒီပဲန်ဒင့်ကို ပြောကြားခဲ့ပါတယ်။ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ပုဗ္ဗသီရိမြို့နယ်မှာ အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ဦးဖြိုးဇေယျာသော်ဟာ ပုဗ္ဗသီရိကို လွမ်းဆွတ်နေပုံရပါတယ်။
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ
ပြည်ပသို့ ထွက်ခွါမယ့်သူများရော ပို့ဆောင်သူများပါ ပြည့်နက်နေတဲ့ မင်္ဂလာဒုံလေဆိပ် ထွက်ခွါခန်းမအတွင်းမှာ ဦးဋ္ဌေးကြွယ်ရဲ့ညီမဖြစ်သူ ဒေါ်ခင်မိမိကြွယ်ကိုလည်း သူ့ရဲ့ခင်ပွန်း ဦးဖြိုးမင်းသိန်း အနီးမှာ တွေ့ခဲ့ရပါတယ်။ ““ဒီခရီးစဉ်ဟာ ပါတီချင်း ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့လည်း ရည်ရွယ်ပါတယ်””လို့ ဦးဖြိုးမင်းသိန်း က သတင်းထောက်များကို ပြောကြားခဲ့တာပါ။ ပါတီ နှစ်ခုကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီးလည်း ဦးဖြိုးဇေယျာသော်က ““အခုချိန်မှာ ပါတီနှစ်ခုကြား ဆက်ဆံရေး ပိုမိုခိုင်မြဲနေပါတယ်၊ သင်တန်းတင်မက လေဘာဌာနချုပ် လေ့လာဖို့၊ ပါလီမန် အတွင်း လေ့လာဖို့တို့ ပါလာတော့ ပိုမိုခိုင်မြဲတဲ့သဘော ပိုဆောင်တယ်လို့ ယူဆပါတယ်””ဟု ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
၎င်းတို့ လေးဦးဟာ မြို့တော်ကင်ဘာရာသို့လည်း သွားရောက်မှာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေးကို အမြဲ ထောက်ခံခဲ့တဲ့ သြစတေးလျမှ ပြည်သူ့ကိုယ်စားလှယ်များနှင
ဒီခရီးစဉ်မှာ ပါသွားတဲ့ တေးရေး၊ တေးဆို လင်းလင်းမှာ မြန်မာ့ရော့ခ်ဂီတ စင်မြင့်မှာ အောင်မြင်စွာ နေရာယူထားနိုင်သူများထဲမှ တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချ
ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချ
၎င်းတို့ လေးဦးဟာ မြန်မာနိုင်ငံကို မေလ ၉ ရက်နေ့မှာ ပြန်လည်ရောက်ရှိမယ်လို့ သိရပါတယ်။
www.myanmarij.com
No comments:
Post a Comment