၁၂ လရာသီပွဲတော်ထဲက နှစ်သက်မိတဲ့ အပျော်ဆုံးရိုးရာ နှစ်သစ်ကူးသင်္ကြန်ပွဲတော်
ပိတောက်တွေ လှိုင်လှိုင်ပွင့်တဲ့
နွေသင်္ကြန် ဒီချိန်အခါကိုရောက်ရင်ဖြင့်
အဟောင်းတေးတွေထဲက မဟောင်းတေးသွားလေးတွေနဲ့
သင်္ကြန်ယိမ်းအကတွေကို တူညီဝတ်စုံဆင်မြန်းကာဖြင့်
ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကချုကြတဲ့
ထူးကဲတဲ့ နှစ်ဦးသစ် အတာသင်္ကြန်ရိုးရာ။
အတာဆိုတာ ပြည်မြန်မာရဲ့ ချစ်စရာ့ရိုးရာ
သင်္ကြန်ဆိုတာ ၁၂ လရာသီပွဲတော်တွေထဲက အပျော်ဆုံးပွဲတော်နေ့ပါ။
အဲဒီ- သင်္ကြန်ရဲ့ အတာနေ့ရက်တွေမှာ
ရေသေနတ်မျိုးစုံနဲ့ အကြိုနေ့ကိုဆီးလို့ကြိုကာ
ကလေးငယ်များရဲ့ ပျော်ရွှင်မြူးတူး ရေကစားကြတဲ့
ချစ်စရာကောင်းတဲ့ တို့တတွေရဲ့ရိုးရာ။
အကြိုနေ့ပြီးတော့ အကျ အတက် အကြပ် နေ့ရက်တွေမှာ
ပျော်ပျော်ရွှင်ရွှင် ရေကစားကြကာ
အဆိုအကအတီး တေးသီချင်းတွေနဲ့
မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေကပြကြပြီး
မြင်ရသူရွှေဘဝင် အေးမြရသည် အမှန်ပင်။
ကခုန်ပျော်ရွှင် ရေးကစားကြတဲ့
ကြည်နှူးစရာမြင်ကွင်းတွေရဲ့ အတာနေ့ရက်တွေမှာ
အပျော်ကြူးကာ လူပျို အပျို အအို
ချစ်ကြ ကြိုက်ကြ ညားကြတာလည်းရှိတယ်။
အချစ်စစ်ကိုတွေ့လေနိုးနဲ့ နှစ်အကူးမှာ
လူပျို အပျို ကြင်ဖော်ရည်းစား ချစ်သူရှာတဲ့
ပျော်ရွှင်ဘွယ်အတိနဲ့ နှစ်သစ်ကူးတဲ့ တို့တတွေရဲ့ရိုးရာ။
ပြီးတော့....ဓလေ့ရိုးရာတွေထဲက
ဟောင်းမနွမ်းပဲ ဆန်းသစ်ယှဉ်နေတဲ့
ရိုးရာသင်္ကြန်ရဲ့ သက်ကြီးပူဇော်ကန်တော့ကြတဲ့
ယှဉ်ကျေးကောင်းမြတ်လှတဲ့ တို့တတွေရဲ့ရိုးရာ။
အဲဒီ- သင်္ကြန်ရိုးရာ အစဉ်အလာဟာ....လေ
တို့တိုင်း တို့ပြည်ထဲက ၁၂ လရာသီပွဲတော်ထဲမှာ
ထူးထူးကဲကဲ နှစ်သက်မိတဲ့
အပျော်ရွှင်ဆုံး အဖိုးမဖြတ်နိုင်တဲ့
နှစ်သစ်တန်ခူး ကျနော်တို့ရဲ့ ရိုးရာသင်္ကြန်ပွဲတော်နေ့ပါ။
( ကိုဗလိုင် )
နှစ်သစ်ကူးတဲ့ အတာသင်္ကြန်ပွဲတော်နေ့မှာ ပြည်တွင်း/ ပ နိုင်ငံသူ/ သားများအားလုံး
ဘဝအသစ်နဲ့ နှစ်ဦးသစ်မှာ ထာဝရအေးချမ်းသာယာသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
No comments:
Post a Comment