ယင်းသို့ လွှဲရာတွင် စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတို့အား စင်္ကာပူဒေါ်လာ ငါးထောင်အထိ အများဆုံး ငွေလွှဲခွင့်ပြုမှာဖြစ်ပြီး Allbest Exchange Co.Ltd မှတဆင့် ငွေလွှဲသောအခါ မည်သည့်ပမာဏဖြစ်စေ စင်္ကာပူဒေါ်လာ (၁၂)ဒေါ်လာ ဝန်ဆောင်ခအနေနဲ့ ပေးရမည်ဖြစ်ကြောင်း သိရသည် ။
စင်္ကာပူက မြန်မာနိုင်ငံသို့ တရားမဝင် ငွေလွှဲနေကြရတဲ့ ဟွန်ဒီစနစ်နဲ့ ငွေလွှဲခြင်းဟာ လုံခြုံမှု မရှိခြင်း ၊ ပြည်တွင်းသို့ နိုင်ငံခြားငွေ ဝင်လာခြင်းအား အကန့်အသတ်မလုပ်နိုင်တဲ့အတွက် ပြည်တွင်းငွေလွှဲနှုန်းကို ထိခိုက်စေသောကြောင့် အခုလို တရားဝင်ငွေလွှဲလုပ်ငန်း လုပ်ခဲ့တာဖြစ်ကြောင်း သိရသည် ။
ဒါ့အပြင် CB ဘဏ်က မလေးရှားနိုင်ငံရှိ International Money Express Co.Ltd နဲ့ ထပ်မံချိတ်ဆက်ပြီး ငွေလွှဲလုပ်ငန်းများ ထပ်မံချိတ်ဆက် ဆောင်ရွက်ရန်ရှိကြောင်း သိရသည် ။
Source : MRTV4
ပုံရိပ်(burmesehearts.com)
No comments:
Post a Comment