နွေဦး
ဟိုတုန်းက နွေရင်ခွင်ထဲဝယ်
 
အဖြေမရှာ ခြောက်သွေ့ပါလည်း
 
ဥသြငယ်တို့ တေးဆိုညည်းတွားလို့
 
နွေ အလှကို ဆင်မြန်းနေသလားကွယ်...။
 
 
ကာလနာရီ လက်တံဆီက
 
နှိုးကြားသံတွေ ကြားရပြန်တော့
 
ခွဲခွာရက်တွေ နီးကပ်လာပြီမို့
 
အမှတ်သညာတွေလည်း ရက်စွဲဖြစ်ခဲ့ပြီပေါ့....။
 
 
အချိန်ကျောင်းက ခေါင်လောင်းသံတွေ
 
ဆောင်း အကူး နွေဦးကမ္ဘာမှာ
 
အမှတ်တမဲ့ ဆိတ်သုန်းမသွားခင်
 
အတန်းတင် စာမေးပွဲလည်း မပြီးစေချင်....။
 
 
ဆောင်းလ ဟေမန်ရဲ့
 
နှင်းစက်လေးတွေ ကွယ်ပြန်တော့
 
သစ်ရွက်ခြောက်တွေ လွှမ်းမိုးတဲ့
 
နွေဦး ဂိမှန်ကို ရောက်ပြန်ပြီပေါ့....။
အဖြေမရှာ ခြောက်သွေ့ပါလည်း
ဥသြငယ်တို့ တေးဆိုညည်းတွားလို့
နွေ အလှကို ဆင်မြန်းနေသလားကွယ်...။
ကာလနာရီ လက်တံဆီက
နှိုးကြားသံတွေ ကြားရပြန်တော့
ခွဲခွာရက်တွေ နီးကပ်လာပြီမို့
အမှတ်သညာတွေလည်း ရက်စွဲဖြစ်ခဲ့ပြီပေါ့....။
အချိန်ကျောင်းက ခေါင်လောင်းသံတွေ
ဆောင်း အကူး နွေဦးကမ္ဘာမှာ
အမှတ်တမဲ့ ဆိတ်သုန်းမသွားခင်
အတန်းတင် စာမေးပွဲလည်း မပြီးစေချင်....။
ဆောင်းလ ဟေမန်ရဲ့
နှင်းစက်လေးတွေ ကွယ်ပြန်တော့
သစ်ရွက်ခြောက်တွေ လွှမ်းမိုးတဲ့
နွေဦး ဂိမှန်ကို ရောက်ပြန်ပြီပေါ့....။
ပူပြင်းခြောက်သွေ့ နွေကမ္ဘာထဲဝယ်
လေပွေ မြူးကြွ တိုက်ခိုက်ကြလည်း
ဖုန်ထူထူ တောလမ်းလေးကို
လှမ်းမျှော်လို့ လွမ်းမော.....။
တက္ကသိုလ်မြတ်မင်း 
ဆောင်း အကူး နွေဦးကမ္ဘာမှာ
ReplyDeleteအမှတ်တမဲ့ ဆိတ်သုန်းမသွားခင်... တဲ့လားးးးးးးးးးး
ဆောင်းအကူး နွေဦးကမ္ဘာ ဆိုတာလေးကို
သဘောကျမိတယ်....နွေဦးဟာ
တကယ့်ကို လွမ်းမောဖွယ်ရာပါပဲ...:)))