Tuesday, March 5, 2013

ဂိတ်မပိတ်ခင် ပန်းတိုင်ဝင်ပါ

 

ဂိတ်မပိတ်ခင် ပန်းတိုင်ဝင်ပါ


အသစ်အဆန်း ခေတ် လမ်းမပေါ်က
ဆည်းဆာချိန် ဆိုက်ကပ်တဲ့
ဘဝရထား တစ်စင်းထဲ
အတန်းစား စုံစုံလင်လင်နဲ့
တရွေ့ရွေ့ ဆင်းသက်လာကြတယ်...။

အဲဒီနေ့ အနောက်ဝန်ရိုးစွန်းမှာ
ပုဇွန်ဆီရောင် နေမင်းကြီးက
ကဗျာဆန်ဆန် မော်ဒန်ခေတ်ထဲ
ကာလာတွေ ချယ်သနေခဲ့တယ်.....။

ရောင်စုံ ပန်းချီကားချပ်တွေ ပြည့်နေတဲ့
ဆွဲအားကောင်းတဲ့ မြို့တော်ထဲ
တွန်းကန်အား ကောင်းကောင်းနဲ့
အစုံဘက်ကို ဆိုက်ကပ်လို့
ရက်ချိန်း တစ်ရက် ရခဲ့တယ်...။

နေမင်းကြီး ကွယ်ပျောက်သွားပြီ
စကြာဝဠာ အမှောင်သန်းစ
တရွေ့ရွေ့ လှုပ်ရှားနေတဲ့
လူတွေရဲ့ အလုပ်ချိန်ဟာ
သက်တောင့် သက်သာ မရှိ
မွန်းကြပ်လျက်ပေါ့....။

ခရီးပြန်ဆိုက်လာတဲ့
ကိုယ့်အိမ်ထဲ အော်မြည်းသံတွေနဲ့
ဆာလောင်သံတွေ ဆူးရှလွန်းလို့
ဒေါသ မိုးတွေ ရွာသွန်းလျက်ပေါ့...။

ဟန်ဆောင်ကောင်းတဲ့ ဒေါသမိုးက
အဆင်မပြေတဲ့ ဥယျာဉ်ထဲ
အမှိုက်တွေက ပြည့်လို့
အတွင်း လှိုက်စားနေတဲ့
အနံ့ သက်သက်
ချော်ရည် သကာတွေလို
အမှတ်မထင် လောင်းချခဲ့တယ်....။

အလင်းမရှိတဲ့ လောကထဲ
အဆုံးအစ မရှိတဲ့ တံတိုင်းထက်မှာ
ကြယ်တွေက မှိတ်တုတ် မှိတ်တုတ်
ဘဝနှင့် ဆန္ဒ တသားတည်း မကျတဲ့အခါ
ရင်ထဲ မသာတဲ့ ငွေစန္ဒ
ဘယ်ကိုရောက်နေမှန်း မသိပါလား...။

အမှောင်ယံ ကြီးစိုးသွားပြီ
ချည်နှောင်ရာ ကြိုးရှိရာကို
အိပ်စက် အနားယူရင်း
လိုင်စင်မဲ့ စက်တစ်ခုကို
နိုးစက်ပေးခဲ့တယ်....။

ကမ္ဘာကြီး အိပ်ပျော်ပြီ
ပတ်ဝန်းကျင် တိတ်ဆိတ်နေပြီ
မောပန်းမှုတွေ ရပ်ဆိုင်းသွားပြီ
အတွေးနယ်ထဲက
အသိစိတ် မသိစိတ်တို့
နိုးကြားမလာသေးခင်
လန်းဆန်းမှုတွေ မွေးဖွားလာခဲ့ပြီလေ...။


အရာအားလုံးရဲ့ ဝန်ဆောင်ထားတဲ့
ကုန်တွေအတွက် အချိန်တိုတောင်းလွန်းတယ်
ကိုယ် ပါလာတဲ့ ဝန်ကို အလေးချိန် တွက်မနေနဲ့
ဂိတ် မပိတ်ခင်တော့ ခရီး ပန်းတိုင်ရောက်အောင်
ပို့လိုက်တာ အကောင်းဆုံးပေါ့....။


တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa2.com

1 comment:

  1. ဟားးးးးးးးးးးးးး
    တကယ်ကို ကောင်းတဲ့ ကဗျာလေးပါလားးးးးးးးးးးးးး
    အရင်ဖတ်ဖူးနေကျ ကဗျာတွေနဲ့ မတူ
    တမူထူးခြားကွဲပြားနေသလိုပဲ ခံစားရပါတယ်....
    အရှင်ဘုရားရေ....
    ကဗျာကောင်းလေးကို ရင်ဘတ်ထဲထဲ့စီပြီး
    ခံစားသွားပါတတ်ရှင် :)))

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...