Thursday, January 10, 2013

အဖြေရှာ တိုင်းတာခြင်း

 

အဖြေရှာ တိုင်းတာခြင်း

 
ကိုယ်ထူ ကိုယ်ထ စနစ်နဲ့

တိုးတက်ရေးကို ဦးစားပေးခဲ့

ပစ်ချင်သလို ပစ် လက်သည် မသိ

အဖြူ အမည်း မကွဲသေးတဲ့

ခဲတစ်လုံးက ဦးတည်ချက် နံရံကို

ပစ်ပေါက်လို့ မပျက်စီးနိုင်ပေမဲ့

ယုံကြည်မှု မှန်တံခါးကို ပစ်ပေါက်မိရင်တော့

ပျက်စီးသွားမှာ အမှန်တကယ်ပါပဲ...။


တကယ် အရေးကြီးသည့် ကဏ္ဍတွေကို

နောင်တတွေနဲ့ နောက်မကျခင် တွေးပါ..

တကယ် သေးငယ်တယ်လို့ ထင်ထားတဲ့

အမှတ်မထားတဲ့ အရာတစ်ခုဟာ

ယုံကြည်မှုတံတိုင်း ပြိုလဲမှ သိတယ်ဆိုရင်...။


မှတ်သားစရာ...

ရင်ခွင်တံခါးဖွင့်လို့ သိမ်းထားပေးပါ...

တင်းကျပ်လွန်းတဲ့ မာနနဲ့ နေထိုင်ခြင်းဆိုတာ

ရက်ချိန်း အတိအကျ သက်မှတ်ထားလို့

အလွယ်ရတာ မဟုတ်ပါဘူး....။

သက်မှတ်ချက် အပူလှိုင်း ရေဆူမှတ်တိုင်

တစ်ခုလည်း မဟုတ်ပါဘူး...။


ဒါကြောင့် တဖက်က တုံ့ပြန်လောက်တဲ့

အတိုင်းအတာနဲ့ တန်းတူဖြစ်သွားအောင်

ကိုယ့် မာနတွေကို လိုအပ်လျှင် သုညအထိ

လျော့ချလိုက်တာ ကောင်းပါတယ်...။ 
 
တက္ကသိုလ်မြတ်မင်း

1 comment:

  1. တင်းကျပ်လွန်းတဲ့ မာနနဲ့ နေထိုင်ခြင်းဆိုတာ
    ရက်ချိန်း အတိအကျ သက်မှတ်ထားလို့
    အလွယ်ရတာ မဟုတ်ပါဘူး....။
    သက်မှတ်ချက် အပူလှိုင်း ရေဆူမှတ်တိုင်
    တစ်ခုလည်း မဟုတ်ပါဘူး...။
    ဒါကြောင့် တဖက်က တုံ့ပြန်လောက်တဲ့
    အတိုင်းအတာနဲ့ တန်းတူဖြစ်သွားအောင်
    ကိုယ့် မာနတွေကို လိုအပ်လျှင် သုညအထိ
    လျော့ချလိုက်တာ ကောင်းပါတယ်...။

    အမှန်ပါပဲ အကိုရေ....
    အတွေးရော အရေးပါ သဘောကျသဗျို့....:)
    ခင်မင်လေးစားလျက်...မိုးနတ်

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...