ဒီဇင်ဘာ Christmas ဆောင်း
သဘာဝ ကမ္ဘာမြေကြီး ကိုယ်ငွေ့များက
မီးခိုငွေ့တွေလို ထကြွ
နေမကောင်းတဲ့ ရာသီဥတုထဲ
ဆောင်းနှင်းတွေလည်း ခဲနေပြီလေ...။
အမှတ်တမဲ့ သွေးခဲနေတဲ့ ရာသီထဲ
သေးသေးလေး ထိယှသွားတယ်...
အလွယ်တကူတော့ မပျောက်ခဲ့ဘူး..
နှင်းစက်ကြတိုင်း နာကျင်လွန်းလို့..
ဆောင်းမှာပွင့်တဲ့ သဇင်တွေတောင် မုန်းမိတယ်..။
ဒါပေမဲ့... ဟိုအဝေးက
နှင်းမှုန်သိုင်းခြုံ ဝေရီသော တောင်တန်း
လွမ်းမောဖွယ် ဆောင်းလ ဒီဇင်ဘာ နံနက်ခင်းရယ်
ကာရံ မဖွဲ့သော်လည်း အလှသွေးကြွယ်လို့ တင့်တယ်လျက်ပေါ့...။
ဒီဇင်ဘာ ဆောင်း တစ်ညရဲ့ လရောင်အောက်
စေတနာ နှင်းစက်လေးများ တစိမ့်စိမ့် စီးဆင်း
အလွယ်တကူ ခဲဖျက်ရာ ပျက်စီးသွားတဲ့
မီးခိုငွေ့တွေလို ထကြွ
နေမကောင်းတဲ့ ရာသီဥတုထဲ
ဆောင်းနှင်းတွေလည်း ခဲနေပြီလေ...။
အမှတ်တမဲ့ သွေးခဲနေတဲ့ ရာသီထဲ
သေးသေးလေး ထိယှသွားတယ်...
အလွယ်တကူတော့ မပျောက်ခဲ့ဘူး..
နှင်းစက်ကြတိုင်း နာကျင်လွန်းလို့..
ဆောင်းမှာပွင့်တဲ့ သဇင်တွေတောင် မုန်းမိတယ်..။
ဒါပေမဲ့... ဟိုအဝေးက
နှင်းမှုန်သိုင်းခြုံ ဝေရီသော တောင်တန်း
လွမ်းမောဖွယ် ဆောင်းလ ဒီဇင်ဘာ နံနက်ခင်းရယ်
ကာရံ မဖွဲ့သော်လည်း အလှသွေးကြွယ်လို့ တင့်တယ်လျက်ပေါ့...။
ဒီဇင်ဘာ ဆောင်း တစ်ညရဲ့ လရောင်အောက်
စေတနာ နှင်းစက်လေးများ တစိမ့်စိမ့် စီးဆင်း
အလွယ်တကူ ခဲဖျက်ရာ ပျက်စီးသွားတဲ့
အိပ်မက်များက ဝိုးတဝါး အရိပ်လိုပါပဲလား....။
နှင်းစက်များက ကကြိုးဆင်လျက်
စိုစွတ်နေတဲ့ မြေပြင်ထက်
ရှင်သန်ခြင်းတွေ မွေးဖွားခဲ့
အထီးကျန်နေတဲ့ အခန်းကျဉ်းထဲ
ဘယ်သူ သံမဏိလို မာကျောတဲ့ တံခါးကို ခေါက်သွားလဲ..။
Marry Christmas
ဒီဇင်ဘာ နေ့တနေ့ အငှားမရတဲ့
သံမဏိတံခါးများ ကာရံထားတဲ့
လျှိုဝှက်အခန်းတစ်ခုကို
ကာလာခြယ်သထားတဲ့ နူးညံ့ပျော့ပျောင်းသော
သေးသွယ်တဲ့ လက်ချောင်းများဖြင့်
ကျူးကျော်ဝင်ရောက် တံခါးခေါက်ခဲ့တယ်..
ဟေ... ဘယ်သူလဲ...စန္ဒာခရော့ခ်...။
တက္ကသိုလ်မြတ်မင်း
ဒီဇင်ဘာကို ချစ်တဲ့ မို့လို့.. ကဗျာလေး ကြိုက်တယ်...
ReplyDelete