Friday, December 28, 2012

Education Net Web & ပညာရေး ကွန်ရက်

 

Education Net Web &  ပညာရေး ကွန်ရက်


ဒီနေ့ နံနက်ခင်းရဲ့ အလင်းရောင်က အသိဥာဏ်ကို ထိုးဖောက်လို့ စာရေးသူရဲ့ အတွေးအိမ်ကို ဝင်ရောက်လာပါတယ်။ အကြောင်းက ပညာရေး ကွန်ရက်အတွက် ပြည်သူချစ်သော ဒေါ်အောင်ဆန်းစုကြည်၏ ပညာရေး ကွန်ရက် မိန့်ခွန်းကို နားထောင်ရသဖြင့် မိန့်ခွန်းထဲက တချို့နှင့် စာရေးသူ သိသမျှလေးကို ပေါင်းစပ်လို့ သေးငယ်သော လက်ချောင်းလေးများက ကလောင်းသွားကို ကိုင်လှုပ်လျက် ဤကဲ့သို့ ရေးသား တင်ပြချင်တဲ့ ဆန္ဒဖြစ်လာသဖြင့် အောက်ပြအတိုင်း ရေးသားမိပါသည်။

ပညာရေး ကွန်ရက်နှင့် ပတ်သက်ပြီတော့ ကျန်ရစ်ခဲ့တဲ့ အတိတ်တွေက အလင်းရောင် မရှိ မှောင်မိုက်နေပေမဲ့ အလင်းရောင်သန်းလာတဲ့ နေ့ရက်မှစ၍ နောက်ထက် ကွဲကွဲပြားပြား သိတတ်သည့် အလင်းရောင်ရရှိဖို့ရန် ပညာရေး ကွန်ရက်ဖြင့် ထွန်းလင်းစေချင်ပါသည်။ ထို့အပြင် နှစ်ပေါင်းများစွာ အရောင်မတင် မှေးမှိန်နေတဲ့ ပညာရေး ကွန်ရက်သည် ပွင့်လင်းလာအခါ တကယ်မရှိမဖြစ် လိုအပ်လာသည်ကို လူသားတိုင်း သိလာကြပါသည်။

အဲဒီလို ပညာရေး ကွန်ရက်နှင့် ပတ်သက်ပြီးတော့ မြတ်ဗုဒ္ဓ ဟောကြားတော်မူသည့်အတိုင်းဆိုရလျှင် သြဘာသ သုတ္တန်မှာ အလင်းရောင် လေးမျိုး လေးစားရှိပါသည်။ ဤသည်ကား (စတ္တာရောမေ ဘိက္ခဝေ သြဘာသာ။ ကတမေ စတ္တာရော၊ စန္ဒောဘာသော သူရိယောဘာသော အဂ္ဂေါဘာသော ပညောဘာသော။ ဣမေ ခေါ ဘိက္ခဝေ စတ္တာရော သြဘာသာ။ ဧတဒဂ္ဂံ ဘိက္ခဝေ ဣမေသံ စတုန္နံ သြဘာသာနံ ယဒိဒံ ပညောဘာသော။ (အံ၊၁၊၄၅၇။)

ပရိသတ်လေးပါး အို ချစ်သားတို့... အလင်းရောင်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ --- လ အလင်းရောင်၊ နေအလင်းရောင်၊ မီးအလင်းရောင်၊ ပညာအလင်းရောင်တို့တည်း။ ပရိသတ်လေးပါး အို ချစ်သားတို့ ...အလင်းရောင်တို့သည် ဤလေးမျိုးတို့တည်း။ ချစ်သားတို့ ...ဤအလင်းရောင် လေးမျိုးတို့တွင် ပညာအလင်းရောင်သည် အမြတ်ဆုံး ဖြစ်ပေ၏။ (အံ၊၁၊၄၅၇။)

ထို့အတွက်ကြောင့်လည်း ယနေ့ ကမ္ဘာပေါ်မှာ တကယ့်အရေးကြီးဆုံး အကြောင်းအရာကို တင်ပြရမည်ဆိုလျှင် (Education Net Web) ပညာရေး ကွန်ရက် ပင် ဖြစ်သည်။ အမှန်တကယ်လည်း မရှိမဖြစ် လိုအပ်သော လူတွေကို တိုးတက်စေတဲ့ ပညာရေး ကွန်ရက် ပင်ဖြစ်သည်။ ဒါကြောင့်လည်း ပညာရေး ကွန်ရက် တစ်ခုဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တိုးတက်ရေး၊ ပညာရေး၊ ပေါင်းစည်းရေးတွေ အားလုံးကို ချိတ်ဆက်ပေးတဲ့ အကြောင်းအရာပင် ဖြစ်သည်။ ပညာရေး ကွန်ရက် မရှိပါပဲ အခြားသော အကြောင်းအရာကို အဖြေရှာဖို့ရန် တော်တော် ခက်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အကြောင်းအရာ တစ်ခုကို တင်ပြရမည်ဆိုလျှင် ကမ္ဘာမှာ ရှိသမျှ လူတွေ အားလုံးသည်လည်း လူမှု ဝန်းကျင်မှာ နေထိုင်သမျှ ကာလပတ်လုံး ကိုယ်ပိုင် အသိဖြင့် ဘဝပြဿနာတွေကို အဖြေရှာကြည့် သူတိုင်းသည် ပညာရေး ကွန်ရက်ထဲက ဖြေရှင်းရခြင်း ဖြစ်သည်။ ဒါကြောင့် (Education is United All in the Nation) ပညာရေးသည် နိုင်ငံ တစ်နိုင်ငံအတွင်းမှာ အားလုံးကို စည်းလုံးစေနိုင်သောအရာ ပင် ဖြစ်ပါသည်။

ယနေ့ ကမ္ဘာပေါ်တွင် (Modern Science and Technology) အနေဖြင့် ခေတ်မှီ သိပ္ပံနှင့် နည်းပညာ တိုးတက်ကြသော နိုင်ငံတွေလည်း ရှိသည်။ အဲဒီလို တိုးတက်လာတဲ့ နိုင်ငံတွေ တော်တော် များများမှာ လေ့လာကြည့်လိုက်သောအခါ နိုင်ငံမှ ထွက်သော (Fundamental of Deployment) မူလ သယံဇာတဆိုတာ မရှိလောက်ပင် ဖြစ်သည်။ သို့သော် သူတို့ဆီမှာ ပညာရေး ကွန်ရက်နှင့် တူသော (Human Environment)လူမှု ဝန်းကျင်နှင့် (Spiritual Development) စိတ်ဓာတ်မြင့်တင်ရေး၊ (the life of problem Solving) ဘဝ ပြဿနာ ဖြေရှင်းနိုင်ရေး၊ (Development) တိုးတက်ရေး၊ ညီညွတ်ရေး၊ ပေါင်းစည်းရေး စသည်တို့ ရှိကြ၍ ယနေ့ ထိပ်တန်း နိုင်ငံများ ဖြစ်လာကြသည်။ အဲဒီလို နိုင်ငံတွေကတော့ အာရှမှာဆိုရင် တောင်ကိုရီးယား၊ ဂျပန်၊ စင်္ကာပူ၊ တရုတ်၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယ ဖြစ်သလို အခြား နိုင်ငံများကတော့ အစ္စရေး၊ ဒူဘိုင်း၊ ကန္တာရလွင်ပြင်မှာ တိုးတက်လာသော နိုင်ငံများနှင့် အနောက်နိုင်ငံများ ဖြစ်ကြပါသည်။


အဲဒီလို သယံဇာတမရှိသော်လည်း နည်းပညာလည်း ရှိ၍ စိတ်ဓာတ်ဖြင့် တည်ဆောက် တိုးတက်လာသော နိုင်ငံများကို ကြည့်ပြီး စံနမူနာ ယူသင့်ပါသည်။ စင်စစ်အားဖြင့် နည်းပညာနှင့် စိတ်ဓာတ် ပေါင်းစပ်ခြင်းသည် လူသားတို့၏ မူလ ရေသောက်မြစ် တစ်ခုဖြစ်သော စွမ်းအားပင် ဖြစ်ချေသည်။ ထို့ကြောင့်လည်း လူသား၏ အရင်းအမြစ် အရေအသွေး စွမ်းအင်နှင့် အရာအားလုံး စွမ်းနိုင်သလောက် ဖြေရှင်းတတ်သော နည်းပညာတို့ ပေါင်းစပ်ကာ နိုင်ငံ တစ်ခုကို မြင့်တင်ရန် လိုအပ်ပါသည်။

သို့ဖြစ်သောကြောင့် တိုးတက်လာသော ကမ္ဘာ့နိုင်ငံ အသီးသီးတို့သည်လည်း မိမိတို့ နိုင်ငံကို ပညာရေး မြင့်သထက် မြင့်အောင် မြှင့်တင်ဖို့ အထူး ဆောက်ရွက်လျက် ရှိကြပါသည်။ ထို့အတွက်ကြောင့်လည်း တနေ့ထက် တနေ့ တိုးတက်လာကြသည်မှာ နားဖြင့်သော်လည်းကောင်း သတင်းဖြင့်သော်လည်းကောင်း တီဗွီ ဖန်သားပြင်မှာ တွေ့မြင်နိုင်ပါသည်။ ဒါတွေကို ပညာရေး ကွန်ရက် ပြုလုပ်သည့်အခါ နည်းပညာ ယူရမည် ဖြစ်သည်။ အကယ်၍သာ နည်းပညာ မရှိဘူးဆိုရင်လည်း ပညာရေး ကွန်ရက်သည် ကောင်းမွန်စွာ လည်ပတ်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ပညာရေး ကွန်ရက်မှာ လွယ်ကူစွာ လည်ပတ်နိုင်ရန် နည်းပညာနှင့် စိတ်ဓာတ်တို့ ရှေ့တန်းတင်၍ မိမိတို့ နိုင်ငံနှင့် လူမျိုးကို မြှင့်တင်နိုင်ရန် အခြေခံ သဘောတရားများပင် ဖြစ်ပေသည်။

နိုင်ငံ တစ်နိုင်ငံ၏ လူမှု ဝန်းကျင်မှာ ပညာရေး ကွန်ရက် ကြွယ်ဝမှု မရှိလျှင် သယံဇာတ ဘယ်လောက်များများ အိုးနင်း ခွက်နင်းဖြစ်၍ မကြီးပွား မတိုးတက်နိုင်ပါ။ ဒါကြောင့်လည်း လူမှုရေး၊ စီးပွားရေး၊ တိုးတက်ရေး၊ ပေါင်းစည်းရေး၊ ညီညွတ်ရေး စသည် အိုးနင်း ခွက်နင်းဖြစ်၍ ပညာရေး ကွန်ရက် မရှိသော နိုင်ငံတွေမှာ တကယ်လိုအပ်သည့် အချက်တွေပင် ဖြစ်ပေသည်။

တကယ် လိုအပ်ချက်ဖြစ်တဲ့ ပညာရေး ကွန်ရက် မရှိသဖြင့်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်းစွာက ကျောင်းသားတွေကော ယနေ့ ကျောင်းသားတွေပါ ကျောင်းက သင်ပေးလိုက်သည့် ပညာသည် အလွတ်ကျက်၍ အတန်းတွေသာ အောင်မြင်လာပြီး အရည်အချင်း ပြည့်ဝသည့် ကျောင်းသားကောင်းတွေ ထွက်ပေါ်လာတာ အလွန်း ရှားပါးသွားခဲ့ပါသည်။ ထို့ကြောင့် ပညာရေး ကွန်ရက်ဆိုတာ လူမှု ဝန်းကျင်မှာ မရှိမဖြစ် လိုအပ်ရပါပြီ။ ပညာရေး ကွန်ရက် ဆိုင်ရာကိုလည်း လမ်းဖွင့်ပေးနေပါပြီးဆိုတာလည်း သိလာကြပါပြီ။ သိလာသည့်အတိုင်းလည်း မိမိတို့ ကျွမ်းကျင် လိမ္မာသည့် အတတ်ပညာဖြင့် မျှဝေနိုင်ပြီး ဖြစ်သည့်အတွက်ကြောင့်လည်း အထူးပင် ဂုဏ်ယူစရာ ဖြစ်လာရပါသည်။

ဤမျှမက နိဂုံးချုပ်ကိုဆိုရလျှင် ပညာရေး ကွန်ရက်ရှိမှ (Political Knowledge) တတ်သိနားလည်သော နိုင်ငံရေး၊ (Social Knowledge) လူမှုရေး၊ (Economic Knowledge) စီးပွားရေး၊ (Knowledge of Conformity) ညီညွတ်ရေး၊ (the United) ပေါင်းစည်းရေး၊ နိုင်ငံအတွက် ချမ်းသာ ကြွယ်ဝရေး၊ (Mutual Understanding) တစ်ဦးနှင့် တစ်ဦး နားလည်မှု အပြန်အလှန် ရရှိရေးနှင့် (Knowledge of Negotiation) အခက်အခဲဟူသမျှ ကျော်ဖြတ်နိုင်ရေး စသည်တို့ ဖြစ်ကြလိမ့်မည် ဖြစ်သည်။ ပညာရေး ကွန်ရက်သည် အခြေခံ မူလ ရေသောက်မြစ် ဖြစ်သည်။ ရေသောက်မြစ် ကောင်းမှ နိုင်ငံ တစ်နိုင်ငံ၏ လိုအပ်ချက် အားလုံးကို နေရာလိုက် ကြည့်၍ တိုးတက် စည်ပင်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ပညာရေး ကွန်ရက်မရှိပါက မည်ကဲ့သို့သော နိုင်ငံ တစ်နိုင်ငံ၏ သယံဇာတ မြောက်များစွာ ရှိပါစေ သူတစ်ပါးက အသုံးချ ပစ္စည်းဖြစ်၍ တိုးတက်ရေး ဘက်ကို ဦးတည်နေမည် မဟုတ်ပါ။ မိမိတို့ ကိုယ်ပိုင်ဖြစ်သည့် စာရိတ္တတည်းဟူသော အခြေခံကျသော အသိပညာ အတက်ပညာဖြင့် တည်ဆောက်ထားသော နိုင်ငံသည် မလွဲဧကန် တိုးတက်လာမည် ဖြစ်သည်။ ထို့ကြောင့် မိမိတို့ အားလုံး စာရိတ္တတည်းဟူသော နေရာမလပ် ကွဲကွဲပြားပြား နားလည်နိုင်သော ပညာဖြင့် ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် ပညာရေး ကွန်ရက်ဆီသို့ တက်လှမ်းနိုင်ကြပါစေလို့ ရေးသားရင်း နိဂုံးချုပ်အပ်ပါသည်။


တက္ကသိုလ်မြတ်မင်း

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...