Sunday, March 18, 2012

အလွှာခြားတဲ့ မိုးတိမ် (၁၂၈)

 
ဒုန်း ဒုန်း ဒိုင်း ဒိုင်း ကြားနေရတဲ့
ပတ်ဝန်းကျင်ထဲ နေထိုင်ရတာ
အင်း.... အရှိတိုင်းသာ ဖွင့်ဟခဲ့ရင်ပေါ့...
မြပုခတ်မဟုတ်တဲ့ မြက်စမ်းလွင်ပြင်ရယ်...
မစိမ်းလန်းသေးတဲ့ စိုက်ပျိုးဆဲ ဥယျာဉ်လေးရယ်..
နေစရာ အိမ်အိုလေးရယ်...
ကျိုးပဲ့တော့မည့် ကြမ်းခင်းတွေရယ်...
ကျောခင်းလိုက်တိုင်း ကိုက်တက်တဲ့
ကြမ်းပိုးနဲ့ ပုရွတ်ဆိတ်တွေရယ်...
မနာမကျန်းနဲ့ ချိနဲနဲဖြစ်နေတဲ့
အရွယ်ပြိုတော့မည့် အမေအိုရယ်...
နှက်ချေးတွဲလောင်းနဲ့ ငိုမဲ့မဲ့ ညီ ညီမတွေရယ်...
ခွန်းအားမဲ့သော်လည်း အိုမင်းမှုကို ကျောခိုင်းလို့
သူ့မိသားစု သူ့သားသမီးတွေအတွက်
ကြိုးစားလုပ်ကိုင်နေဆဲ အဖေအိုရယ်...
မရှိတာကို မရှိတဲ့အတိုင်း
အရှိကို အရှိအတိုင်း ပျော်ရွှင်တက်တဲ့
တို့... ပတ်ဝန်းကျင် တို့... ကမ္ဘာထဲ...
မင်း ဝင်လာဖို့ဆိုတာ...။

အော်.... ခေတ်က တောင်းဆိုလို့သာ
မသောက်ဖူးတဲ့ ကော်ဖီတွေလည်း
ဟန်လုပ်လို့ သောက်သုံးရင်း
မတွေးဖူးတဲ့ အတွေးတွေထဲ
ပျော်ဝင်ခဲ့ရင်း ဖြတ်ခနဲ တွေ့ခဲ့မိတဲ့
မင်း အလှတွေကို ပေါင်းစပ်လို့
ခရီးဆက်ခဲ့တာ မင်းကို သိခဲ့ပြီပေါ့...။

အိုကွာ.... မင်းရယ်....
ကော်ဖီတခွက်ရယ်... ညနေဆည်းဆာရယ်
တော်ဝင်ပန်းတပွင့်ရယ်... ညစာ အခင်းအကျင်းရယ်..
မအိပ်စက်ဖူးတဲ့ ပျော်စရာ ဘုံဗိမာန်ရယ်...
မနမ်းဖူးတဲ့ ရနံ့လေးတွေရယ်...
တံတိုင်းတွေ ကွာခြားလွန်းလို့
အတွေးအိပ်မက်တွေသာ ပုတ်သိုးခဲ့ရ.....။

သွားပြီ...အနားကပ်လာတဲ့ အနာဂတ်ရယ်
လက်ရှိရပ်တည်နေတဲ့ ပစ္စုပ္ပန်ရယ်
ကျန်ရစ်ခဲ့တဲ့ အတိက်ရယ်
ခါးသက်လွန်းလို့ ကော်ဖီတခွက်နဲ့
နေဝင်ဆည်းဆာနဲ့ လမိုက်ညတွေကို
ကျော်ဖြတ်ခဲ့ရင်း မနက်ဖြန်နေ့ရက်တွေထဲ
မကြည်သာတဲ့ နှလုံးသားတံခါးလေးကို
တိုးဝှေ့ဖို့ ကြိုးစားနေဆဲ...။


တက္ကသိုလ်မြတ်မင်း

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...