Friday, December 9, 2011

Happy New Year 2012 (၆၅)


ခေါ်သံတွေနောက် တကောက်ကောက်လိုက်ရင်း
မသိစိတ်တွေ နိုးကြားခဲ့တဲ့
သက္ကရာဇ်တစ်ခုအောက်မှာ မွေးဖွားခဲ့ရင်း
အသိဥာဏ်တွေ ပွင့်လင်းလာခဲ့
ဗျောက်ဖောက်သံ ကြားလိုက်တဲ့
အနောက်ဘက်က အသံတွေက
ကောင်းကင်ကို တိုက်ခိုက်ကြရင်း
နှစ်သစ်ကူးတဲ့ New Year ကိုရောက်ခဲ့လို့
သူတို့အတွက် လွတ်လပ်ခြင်းတွေရရှိခဲ့ပြီလေ.....။

ဒါပေမဲ့.....
မလွတ်လပ်သေးတဲ့ ကာရံတွေကြားက
ငှက်ကလေးတွေကို ကြည့်နေရင်း
ဒဏ်ရာတွေ ကိုယ်စီကိုယ်စီနဲ့
ကုစားဖို့ ခက်ခဲလွန်းလို့
ဖိတ်စာတစ်ခုနဲ့ တောင်းဆိုမှုတွေ
အပြင်မှာ ရိုက်ခတ်နေဆဲ
အတွင်းက ကတိစကားတွေ
မှိတ်တုတ်မှိတ်တုတ် ထွက်လာတဲ့
ပိုးစုန်းကြူးပမာ အလင်းရောင်တစ်ခု
အနံ့ခံ ရလိုက်လို့ ဝမ်းမြောက်နေတုန်း
နှစ်သစ်ကူး New Year ဗျောက်သံက
ကောင်းကင်မှာ အချက်ပေး
ဥပဒေတစ်ခု ဖြစ်ခဲပြီးလေ...။

ဓလေ့တစ်ခုက ဥပဒေတွေရဲ့
လက်အောက်မှာ အသုံးတော်ခံရင်း
လွတ်လပ်မှုတွေ ပျောက်ဆုံးသွားမှာ
သူတို့တွေးကြောက်လျက် တောင်းဆိုမှုတွေ
နဘေကာရံတပ် စစ်မက်ခြင်းတွေဖယ်ရှားလို့
ငြိမ်းချမ်းရေးကျောက်တိုင်ထိပ်မှာ ကဗျည်းတင်ရင်း
New Year ညအလှကို တူညီစွာခံစား
မညီမျှတဲ့ လက်အစုံကို
ညင်သာစွာ ကိုင်တွဲနှုတ်ဆက်ပြီး
လာလမ်းအတိုင်း လွတ်လပ်မှုပေးလို့
ပျော်ရွှင်မှုနဲ့ လက်တွဲ နှစ်သက်ကူးကြစို့...။

Happy New Year's 2012 ကို
ကြိုဆိုနှုတ်ဖွဲ့ စကားစပ်လို့
သွေးချင်းညီနောင်များ တူညီစွာ
လွတ်လပ်ရေး ညီညွတ်ရေး
ငြိမ်းချမ်းရေး ဆုတောင်းကြစို့လား....။

တက္ကသိုလ်မြတ်မင်း

4 comments:

  1. Happy New Year's 2012 ကို
    ကြိုဆိုနှုတ်ဖွဲ့ စကားစပ်လို့
    သွေးချင်းညီနောင်များ တူညီစွာ
    လွတ်လပ်ရေး ညီညွတ်ရေး
    ငြိမ်းချမ်းရေး ဆုတောင်းကြစို့လား....။

    ကောင်းလိုက်တဲ့ စာသား
    ဆုတောင်းလျက်ပါ

    ReplyDelete
  2. အာ ကိုမြတ်မင်းကလဲလောလိုက်တာ များတို့ဘာမှ အဆင်မသင့်သေးဘူး တူတူ Happy New Year's 2012 လုပ်ကြမယ်လေ

    သေသေချာချာခင်မင်တဲ့ jasmine

    ReplyDelete
  3. သူများ မပြောခင် ကြိုတင်ပြောတာတော့ စိတ်တော့ မကောင်းပါဘူး ခင်ဗျာ.. စပယ်ရေ... ကျွန်တော်က Happy New Year's Eve နှစ်သစ်ကို စတင်ကြိုဆိုလိုက်တာနော်... စပယ်လည်း ပါဝင်လို့ရပါတယ် ခင်ဗျာ...ဒါပေမဲ့ စပယ်ရေ.. New Year ညမှာ နှစ်သက်ကူးလို့ ချစ်ဦးကို ရှာပုံတော် ဖွင့်မလို့.... ဝေးဝေးနေနော်...စပယ်ရေ.... ခင်မင်စွာဖြင့်.... တက္ကသိုလ်မြတ်မင်း...

    ReplyDelete
  4. Happy New Year's 2012 ပါ
    အကိုမြတ်မင်း

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...