ဝိညာဉ်မဲ့ အထီးကျန်နေခဲ့တဲ့
ညအမှောင်ယံတွေထဲ ခရီးသွားရင်း
အစုံအဆန် ပြေးသွားနေတဲ့
ရထားနောက်ကို စိတ်ပေါက်ပေါက်နဲ့လိုက်ခဲ့မိ
မရေရာ ဘဝခရီးထက်မှာ
အခိုင်အမာမရှိ ပြဿနာတွေနဲ့
ရင်ဆိုင်ယှဉ်ပြိုင်ရင်း မုန်းစိတ်တွေ
မျက်မုန်းကျိုးခဲ့ ကြေကွဲခဲ့ပေါ့...။
နာကြည်းမှုတွေ ရင်မှာဖွဲ့စည်းထားတဲ့
ဆိုက်ကားတစ်စီးက ဆင်းရဲတွင်းထဲက
ရွှေတစ်ခွက်လို ငွေရှာပစ္စည်းတစ်ခုဖြစ်ခဲ့
ထမင်းမငတ်တဲ့ လက်အတွင်းမှာ
မွေးဖွားမိတဲ့ ငါ့အတွက်တော့
လူ့ ချမ်းသာ တယောက်ပေါ့
အထင်မကြီးလိုက်နဲ့အုန်း
သံယောဇဉ်ထားမိတဲ့ ဘဝတစိတ်မှာ
အလွမ်းတွေ ရင်ခွင်ပိုက်ရင်း
သောကမျက်ရည်တွေ ခါးသီးစွာ ရွာချခဲ့လို့
ငါ့.. ရင်မှာ ဘာမထီ လွမ်းစိတ်တွေနဲ့
ထင်ကျန်ခဲ့တာ ကြေကွဲခြင်းတွေပေါ့.....။
ထင်ကျန်နေသေးတဲ့ နေ့ရက်တွေမှာ
အထီးကျန် တံတိုင်းတွေကို
စိန်ခေါ်တိုက်ပွဲဝင်ရင်း အားမရှိတော့တဲ့
လက်အစုံကို တင်းကျပ်စွာ ဆုပ်ပြီး
နံရံတံတိုင်းတွေ ဖြိုဖျက်ဖို့
ရှေ့သို့ ချီတက်ခဲ့တော့
ပြိုလဲသွားတဲ့ ငါ့ခန္ဓာကိုယ်လေး
အထင်အမြင် ကွဲလွဲမှုအောက်မှာ
အင်အားမဲ့လို့ ကြေကွဲနေဆဲ....။
ညအမှောင်ယံတွေထဲ ခရီးသွားရင်း
အစုံအဆန် ပြေးသွားနေတဲ့
ရထားနောက်ကို စိတ်ပေါက်ပေါက်နဲ့လိုက်ခဲ့မိ
မရေရာ ဘဝခရီးထက်မှာ
အခိုင်အမာမရှိ ပြဿနာတွေနဲ့
ရင်ဆိုင်ယှဉ်ပြိုင်ရင်း မုန်းစိတ်တွေ
မျက်မုန်းကျိုးခဲ့ ကြေကွဲခဲ့ပေါ့...။
နာကြည်းမှုတွေ ရင်မှာဖွဲ့စည်းထားတဲ့
ဆိုက်ကားတစ်စီးက ဆင်းရဲတွင်းထဲက
ရွှေတစ်ခွက်လို ငွေရှာပစ္စည်းတစ်ခုဖြစ်ခဲ့
ထမင်းမငတ်တဲ့ လက်အတွင်းမှာ
မွေးဖွားမိတဲ့ ငါ့အတွက်တော့
လူ့ ချမ်းသာ တယောက်ပေါ့
အထင်မကြီးလိုက်နဲ့အုန်း
သံယောဇဉ်ထားမိတဲ့ ဘဝတစိတ်မှာ
အလွမ်းတွေ ရင်ခွင်ပိုက်ရင်း
သောကမျက်ရည်တွေ ခါးသီးစွာ ရွာချခဲ့လို့
ငါ့.. ရင်မှာ ဘာမထီ လွမ်းစိတ်တွေနဲ့
ထင်ကျန်ခဲ့တာ ကြေကွဲခြင်းတွေပေါ့.....။
ထင်ကျန်နေသေးတဲ့ နေ့ရက်တွေမှာ
အထီးကျန် တံတိုင်းတွေကို
စိန်ခေါ်တိုက်ပွဲဝင်ရင်း အားမရှိတော့တဲ့
လက်အစုံကို တင်းကျပ်စွာ ဆုပ်ပြီး
နံရံတံတိုင်းတွေ ဖြိုဖျက်ဖို့
ရှေ့သို့ ချီတက်ခဲ့တော့
ပြိုလဲသွားတဲ့ ငါ့ခန္ဓာကိုယ်လေး
အထင်အမြင် ကွဲလွဲမှုအောက်မှာ
အင်အားမဲ့လို့ ကြေကွဲနေဆဲ....။
အရာဝတ္ထုတွေ ပျောက်ဆုံးသွားခဲ့ပြီ
ဖြေစရာတွေလည်း လက်မဲ့ခဲ့ပြီ
ကိုယ်စီကိုယ်စီ အခွင့်ရေးတွေလည်း
တောင်စွယ်နေကွယ်သလို ပျောက်ဆုံးခဲ့ပြီ
ထင်ကျန်စရာ ကိုယ့်အရိပ်တောင် မရှိတဲ့
ဘဝ အမှောင်နယ်ထဲ သကာရည်တွေနဲ့
စိတ်ထွေနေရင်း ကြီးစိုးလာတဲ့
အလွမ်းနယ်က အညတရရဲ့ ကြေကွဲခြင်းတွေပေါ့...။
ဖြေစရာတွေလည်း လက်မဲ့ခဲ့ပြီ
ကိုယ်စီကိုယ်စီ အခွင့်ရေးတွေလည်း
တောင်စွယ်နေကွယ်သလို ပျောက်ဆုံးခဲ့ပြီ
ထင်ကျန်စရာ ကိုယ့်အရိပ်တောင် မရှိတဲ့
ဘဝ အမှောင်နယ်ထဲ သကာရည်တွေနဲ့
စိတ်ထွေနေရင်း ကြီးစိုးလာတဲ့
အလွမ်းနယ်က အညတရရဲ့ ကြေကွဲခြင်းတွေပေါ့...။
တက္ကသိုလ်မြတ်မင်း
အလွမ်းနယ်က အညတရရဲ့ ကြေကွဲခြင်းလေးကိုထပ်တူ ခံစားခဲ့ပါတယ်အကိုမြတ်မင်းရေ
ReplyDeleteရင်မှာ ဘာမထီ လွမ်းစိတ်တွေနဲ့
ReplyDeleteထင်ကျန်ခဲ့တာ ကြေကွဲခြင်းတွေပေါ့.....အလွမ်းတွေ
ဘာမထီ တဲ့လားအကိုရေ
စပယ်ရေ... ကျနော်ကတော့ ဘာမထီဆိုပေမဲ့ အလွမ်းကတော့ အလွမ်းပါပဲ စပယ်ရေ...
ReplyDeleteခင်မင်စွာဖြင့်...........
တက္ကသိုလ်မြတ်မင်း
အားပေးနေလျက်ပါ..ကိုမြတ်မင်းရေ..
ReplyDelete