Sunday, December 25, 2011

စိတ္တဇ လောင်တိုက် (၈၈)

 
ဒီလို ဒီဇင်ဘာညတွေမှာ
ဆောင်းနှင်းတွေနဲ့အတူ
ရင်ဘတ်အဟောင်းသား
နှစ်ယောက် တစ်အိပ်မက်
ဆော့ကစားကြလို့
နှလုံးသား အာဟာရ
ထာဝရ ထင်ကျန်ရင်း
ရင်ထဲမှာလည်း တကျစ်ကျစ်မြည်နေဆဲ...။

ပင်ယံထက်က ပန်းမဟုတ်သော်လည်း
သစ်ရွက်တွေ နှင်းခ ရင်း
လေပြေလေညှင်းများ တိုက်ခိုက်ကြလို့
အေးစက်စက်နဲ့ မြေခ
ကြွေကျလာရင် အနေခက်မှာလည်း
စိုးကြောက်မိတယ်...။

ကံကြမ္မာ ခါးသက်သက်နဲ့
ဘဝတစိတ်ကို ခရီးဆက်ရင်း
ရင်ခုန်သံတွေ မှားခဲ့သလား
ရင်ခွင် ဝိုးတဝါး ဖြစ်နေဆဲ
ငါ... ရောက်ရှိခဲ့တဲ့ ခရီးတစ်ခုက
မီးတောက်တွေနဲ့ ကမ်းလှမ်းကြိုဆိုခဲ့
မမှားသော ဆေးတစ်ခွက်ကို
သောက်သုံးရင်း အခုတော့ ကုသနေဆဲ....။

သံသရာစက်ရဟတ် လည်ပတ်လို့
ခါးသက်နေတဲ့ နေ့ရက်တွေကို ရေတွက်
ကိန်းဂဏာန်းတွေ ထုဆစ်ထားတဲ့
သြဃလေးပါး သမုဒ်ပြင်ကျယ်မှာ
သံယောဇဉ်ပျက် ဆေးတစက်
သွေးခတ်နေတဲ့ ဓါးတစ်လက်နဲ့
ခုတ်ဖြတ်ဖို့ ကြိုးစားနေဆဲ...။
 
ကျန်ရစ်နေတဲ့ ဘဝကွက်လပ်ထဲ
သတိရမှုတွေ ကြီးစိုးမင်းမူရင်း
ခံနိုင်ရည်မရှိတဲ့ သစ်ကိုင်းလေး
နေလောင်ဒဏ်ရဲ့ အောက်မှာ
ပျက်ဆီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရဆဲ...။
တက္ကသိုလ်မြတ်မင်း

3 comments:

  1. ကံကြမ္မာ ခါးသက်သက်နဲ့
    ဘဝတစိတ်ကို ခရီးဆက်ရင်း-----အဲဒီ အပိုဒ်လေးကိုကြိုက်တယ်အကိုရေ

    ReplyDelete
  2. စပယ်ရေ... ကျနော်လည်း ကြိုးစားနေဆဲမို့.. စပယ်တို့ လောက်တော့ စွမ်းရည်ရှိရှိ မရေးသားနိုင်သေးဘူးလေ.. စပယ်..

    လမ်းကြုံလို့ ကမ်းလွန်ပြင်မှာ တွေ့ဆုံကြရင်း နှုတ်ဆက်စကားလေးတော့ ပြောအုန်းနော်...

    ခင်မင်စွာဖြင့်
    တက္ကသိုလ်မြတ်မင်း

    ReplyDelete
  3. ကျန်ရစ်နေတဲ့ ဘဝကွက်လပ်ထဲ
    သတိရမှုတွေ ကြီးစိုးမင်းမူရင်း
    ခံနိုင်ရည်မရှိတဲ့ သစ်ကိုင်းလေး
    နေလောင်ဒဏ်ရဲ့ အောက်မှာ
    ပျက်ဆီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရဆဲ...။
    .....လေးစားမိတယ်.....လေ။

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...